Pages

Friday, January 30, 2009

ဖန်ခွက်ကိုပြန်ချထားလိုက်ပါ

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော
က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …

'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..

Tuesday, January 20, 2009

ပြုံးချင်စရာလေးတွေ.......

၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

"ဟေ့ မင်းဘယ်သူလဲ"
"ဂျင်မီနီပါ သခင်"
"လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား"
"ဟုတ်ပါတယ် သခင်"
"ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း"
"ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
"ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။"
"ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ"
"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ"
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး"

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
"ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း"
က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်"
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
"ဒါတွေ အားလုံး သူမြင်လိုက်လို့"


၎) အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
"တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ"
"မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ"
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
"ဆရာ့အသက် ၂၄ နှစ်"
"မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ"
"ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ"

၅) အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"
"မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်"
"အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ"
"အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"


၆) နိုင်ငံတကာ ပြိုင်ပွဲ

ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစားနိုင်တော့။

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…

မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။

ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။

"ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ"
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
"ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင် စားပြလိုက်သေးတယ် ခင်ဗျ"

Monday, January 19, 2009

ဟာသလေးပါ.






ကွန်ပြူတာပညာရှင်များရှင့်၊ယမန်နှစ်ကကျွန်မဟာboyfriend5.0ကနေပြီး
Husband1.0ကိုupgradeလုပ်ခဲ့မိပါတယ်ရှင့်။အဲဒီလိုလုပ်လိုက်ခြင်းရဲ့
ပထမဆုံးရရှိတဲ့အကျိုးကျေးဇူးကတော့flowersနဲ့jewellery application
များအလုပ်လုပ်တာအတော်လေးကိုနှေးကွေးတာသွားတာပဲဖြစ်ပါတယ်။
အဲဒီapplicationများဟာboyfriend5.0တုန်းကအတော်မြန်ပါတယ်ရှင်။

ဒီHusband1.0ဟာRomance9.9ကဲ့သို့သောအဖိုးတန်လှတဲ့programများကိ
uninstallလုပ်ပစ်ပြီးကျွန်မအတွက်မလိုအပ်သောUEFA5.0နဲ့PremiereLeague3.0
ကဲ့သို့သောProgramတွေကိုတော့Installလုပ်ပြန်ရော၊Conversation8.0ဟာလုံးဝ
Runလို့မရတော့ပါဘူး၊House-cleaning2.6ကိုသုံးရင်လည်းစနစ်ကCrashများစွာဖြစ်စေပါတယ်။
ဒီပြဿနာတွေကိုဖြေရှင်းချင်လို့NAGGING5.3ကိုRunကြည့်တော့လည်းဘာမှလည်းမထူးပါဘူး။
ကျွန်မဘယ်လိုလုပ်ရမလဲရှင်။အကူအညီပေးပါဦး။

ပထမဆုံးသိထားရမှာကBoyfriend5.0ဟာEntertainment packageတစ်ခုဖြစ်ပြီးHusband1.0
ကတော့Operating systemတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ဒီကိစ္စကိုတော့
စိတ်ထဲမှာပဲထားနော်။ဘယ်သူ့ကိုမှသွားမပြောနဲ့။

အခုခံစားနေရတဲ့ပြဿနာများအတွက်ကတော့C:/I THOUGHT YOU LOVE ME ဆိုပြီးCommend
ရိုက်ထည့်ပါ။Tears6.2ကိုInstallလုပ်ကြည့်ပါ။အစရှိသဖြင့်ကြိုးစားကြည့်ပါဦး။
ဒီလိုကြိုးစားလိုက်ရင်Husband1.0ဟာGuilty3.0နဲ့Flower7.0ဆိုတဲ့
Applicationများအလိုအလျောက်Runလာနိုင်ပါတယ်။

ဒါပေမဲ့တစ်ခုတော့သတိထားဗျာ။အဲဒီCommend&Tears6.2ကိုလိုတာထက်ပိုသုံးရင်တော့
Husband1.0ဟာGrumpy Silence2.5၊Happy Hour7.0(သို့)Television6.1
ဆိုတဲ့ApplicationတွေRunပြနေပါလိမ့်မယ်။Television6.1ဆိုတဲ့Application တစ်ခုဖြစ်ပြီးကျယ်လောင်တဲ့အသံများ(WAV6.1e တွေ)ဖန်တီးနေမှာဖြစ်ပြီးဖျက်ပစ်လို့လဲမရပါဘူး။

Mother-in-law1.0ကိုInstallလုပ်ခြင်း၊တခြားBoyfriend Programအသစ်reinstallလုပ်ခြင်းတို့
မပြုလုပ်ပါနဲ့။အဲဒီApplication တွေကိုHusband1.0ကလုံးဝSupportမလုပ်ပဲသူ့ကိုCrashဖြစ်သွား
နိုင်စေပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့

Husband1.0ဟာကောင်းမွန်တဲ့Programတစ်ခုပါပဲ။ဒါပေမယ့်သူ့မှ
မှတ်ဥာဏ်(Memory)အကန့်အသတ်နဲ့သာပါဝင်တဲ့အတွက်အသစ်ထည့်သွင်းလိုက်တဲ့
Applicationများကိုချက်ချင်းနားလည်နိုင်စွမ်းမရှိတာကိုသတိထားရမှာဖြစ်ပါတယ်။Husband1.0 ရဲ့စွမ်းဆောင်ရည်ပိုမိုထက်မြက်စေချင်တော့တစ်ခြားအပိုSoftwareများဝယ်ယူအသုံးပြုရပါလိမ့်မယ်။
ကျွန်တော်တို့အကြံပေးလိုတာကတော့HotFood3.0နဲ့CheerFulness2.0လိုSoftware မျိုးတွေပဲဖြစ်ကြောင်းပြန်လည်ဖြေကြားလိုက်ရပါတယ်။

Thursday, January 15, 2009

သူငယ်ချင်းဆိုတာ ဘာကြောင့် မရှိမဖြစ်လဲ !!!


ဒါလေးကို သဘောကျစရာကောင်းလွန်းလို့ မျှလိုက်ပါတယ်..
ဇင်ယော်၁၃


cid:_2_05262A4C052626340008278D48257436

ရုပ်ပုံ၏ ဆိုလိုချက်
သူငယ်ချင်းဆိုတာ သင့်ကို အပေါ်ဆွဲတင်နိုင်ချင်မှ နိုင်ပါလိမ့်မယ်...
ဒါပေမဲ့
သင်အောက်ကို ပြုတ်မကျသွားဖို့ အတွက် ဘယ်လိုလုပ်ရလဲဆိုတာ စဉ်းစားပေးတယ်...

Wednesday, January 14, 2009

ပျောက်ဆုံးသွားတဲ့ အရိပ်

သူက ကျွန်တော့်အရိပ်ဖြစ်တယ်။ ကျွန်တော်ဘယ်သွားခဲ့တယ်၊
ဘယ်ရောက်ခဲ့တယ်ဆိုတာကို သူအမြဲ သိချင်နေတယ်။ သူ့အမေးအမြန်းတွေနဲ့
ပတ်သက်ပြီး ကျွန်တော် မကြာခဏ စိတ်ညစ်ရပေမယ့် သူက ပျော်နေပုံရတယ်။
ဒါပေမယ့် အဲဒီအရိပ်က မိုးညည်းည တစ်ညမှာ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်.....

မင်္ဂလာဆောင်တဲ့နေ့က လက်စွပ်ဝယ်မယ့် ပိုက်ဆံနဲ့ ကျွန်တော့်ကို
ဟမ်းဖုန်းတစ်လုံး သူဝယ်ပေးခဲ့တယ်။ အဲဒီညမှာ နှစ်ယောက်သား စောင်ထဲကွေးရင်း
ဖုန်းသံစဉ်မျိုးစုံကို ကျွန်တော်တို့ စမ်းခဲ့ကြတယ်။ ဘဝဟာလည်း
ဖုန်းသံတွေလိုပဲ မြူးကြွပြီး နားဝင်ချိုမယ်၊ ပျော်စရာတွေနဲ့
ပြည့်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။

အဲဒီနေ့ကစပြီး သူ့ဖုန်းကို ကျွန်တော် မကြာခဏ လက်ခံရရှိခဲ့တယ်။
"မောင်... ရုံးဆင်းရင် ဈေးဝယ်ခဲ့နော်"
"မောင်... မောင့်ကို သတိရနေတယ်"
"မောင်... အမေတို့အိမ်မှာ ညနေစာ အတူသွားစားကြမယ်နော်"

သူ့အသံ၊ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်ရင်တွေ နွေးထွေးခဲ့ရတယ်။

တစ်ခါက ဖုံးကို ဓာတ်အားသွင်းဖို့ ကျွန်တော်မေ့သွားခဲ့တယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကခါတိုင်း ပြန်နေကျအချိန်ထက် နောက်ကျပြီးမှ
ကျွန်တော်အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်တံခါးဖွင့်လိုက်တာနဲ့ ဖုယောင်ပြီး
မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျွန်တော်တွေ့လိုက်တယ်။

နောက်မှ ရုံးဆင်းချိန်ကတည်းက ကျွန်တော့်ဆီ သူ ဖုန်းမပြတ်ဆက်ခဲ့တယ်လို့
သိရတယ်။ ဖုန်းကလည်း ဆက်လို့မရ ကျွန်တော်များ မတော်တဆတစ်ခုခု
ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော့်ဆီ ၁ဝမိနစ်တစ်ခါ
သူကြိုးစားပြီး ဖုန်းတွေဆက်ခဲ့တာ ကျွန်တော် အိမ်တံခါးတွန်းဖွင့်
ဝင်သွားချိန်ထိပါပဲ။

ကိစ္စအသေးအမွှားကို ရေးကြီးခွင်ကျယ်လုပ်တဲ့ သူ့အပြုအမှုကို ကျွန်တော်ဂရုမစိုက်ခဲ့ဘူး။

"မောင်က ကလေးမှ မဟုတ်တာ ဘာများ ဖြစ်နိုင်မှာမို့လဲ?"

"မောင် ဖုန်းမကိုင်ရင် မောင်မပြန်လာတော့ဘူးလို့ပဲ ထင်နေခဲ့တယ်"

"ဟား... ဟား... ငတုံးလေး" သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း
ကျွန်တော်ရီလိုက်မိတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ဖုန်းကို
ဓာတ်အားသွင်းဖို့ ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့ဘူး။

အဲဒီနောက် အလုပ်က ကျွန်တော် ရာထူးတိုးခဲ့တယ်။ ငွေပိုငွေလျံတွေ ရှိခဲ့တယ်။
ဖုန်းအသစ်တွေ တစ်လုံးပြီးတစ်လုံး ကျွန်တော်ပြောင်းသုံးနိုင်ခဲ့
တယ်။
တစ်နေ့မှာ သူ့ကိုပေးဖို့ လက်စွပ်တစ်ကွင်း လိုသေးကြောင်း ကျွန်တော်
သတိရလိုက်မိတယ်။ သူ့ကိုခေါ်ပြီး လက်စွပ်ဝယ်ဖို့ သွားတော့ "စိန်လက်စွပ်ကို
လက်မှာ စွပ်ထားတော့ ဘာအသုံးဝင်မှာမို့လဲ.. မောင်နဲ့အမြဲ အဆက်အသွယ်
ရနေအောင် ဖုန်းတစ်လုံးဝယ်ပေးရင် ရပြီ မောင်" လို့ သူက တောင်းဆိုတယ်။
အဲဒီညနေက တစ်ယောက်က ဧည့်ခန်း ကျန်တစ်ယောက်က အိပ်ခန်းထဲနေပြီး အပြန်အလှန်
မက်ဆေ့တွေ ပို့ပြီး ကျွန်တော်တို့ ပျော်နေခဲ့ကြတယ်။

အပျော်တွေရဲ့ နောက်မှာ အဆိုးတွေ ကပ်လိုက်လာတတ်မှန်း ကျွန်တော်မသိခဲ့ဘူး။
တစ်ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ မတွေ့တာကြာပြီးဖြစ်တဲ့
သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ ဖဲအတူ ရိုက်ခဲ့ကြတယ်။
အရှိန်ကောင်းနေတုန်းမှာ ရုတ်တရက် ကျွန်တော်ဖုန်းက ထမြည်တယ်။

" မောင် အခုဘယ်မှာလဲ? မပြန်ခဲ့သေးဘူးလား?"

"သူငယ်ချင်းအိမ်မှာ ဖဲရိုက်နေကြတယ်"

"ဘယ်တော့ ပြန်လာမလဲ?"

"ခဏလောက်ဆို ပြန်ခဲ့မယ်"

ဖဲက နိုင်လိုက် ရှုံးလိုက်၊ ရှုံးလိုက် နိုင်လိုက် .... သူ့ရဲ့ဖုန်းလည်း
ဆက်လိုက် ချလိုက်၊ ချလိုက် ဆက်လိုက်.... အပြင်မှာ မိုးတွေရွာစပြုလာပြီ။
ဖုန်းက ထပ်မြည်လာပြန်တယ်။

"မောင်... ဘာလုပ်နေတာလဲ? ပြန်ခဲ့တော့လေ မိုးတွေရွာနေပြီ.. မြန်မြန်ပြန်ခဲ့တော့"

"သူငယ်ချင်း အိမ်မှာ ဖဲရိုက်နေပါတယ်လို့ဆို.. မိုးတွေ ဒီလောက်ရွာနေတာ
ဘယ်လိုပြန်ခဲ့ရမလဲ?"

"ဒါဆို မောင် ဘယ်မှာလဲ? ခုလာကြိုမယ်"

"မလာခဲ့နဲ့.. ရတယ်"

အတူဖဲရိုက်တဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို မယားကြောက်လို့
နောက်ပြောင်ကြတယ်။ စိတ်တိုတိုနဲ့ ဖုန်းကို ကျွန်တော် ပိတ်ပစ်လိုက်တယ်။
အဲဒီညက ဖဲရိုက်ရင်း ကျွန်တော်တို့ မိုးလင်းသွားခဲ့တယ်။
သူငယ်ချင်းတစ်ယောက် ကျွန်တော်ကို ကားနဲ့လိုက်ပို့ခဲ့တယ်။ အိမ်ရောက်တော့
သော့တန်းလန်းက ဆီးကြိုနေတယ်။ သော့ဖွင့်ပြီး အိမ်ထဲမှာ သူ့ကို
ကျွန်တော်လိုက်ရှာကြည့်တယ်။ သူ .. ဘယ်သွားပါလိမ့်?

အဲဒီအချိန်မှာ ရုတ်တရက် အိမ်ဖုန်းမြည်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ
ငိုသံတွေရောနေတဲ့ ယောက္ခမအသံကို ကျွန်တော်ကြားလိုက်ရတယ်။

"မိုးသည်းထဲမှာ သားကို သွားကြိုမယ်ဆိုပြီး ဆိုင်ကယ်စီးထွက်သွားခဲ့တယ်။
သားသူငယ်ချင်းအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်ရှာရင်း မတော်တဆ
ယာဉ်တိုက်မှုဖြစ်ခဲ့တာ ခုထိ နိုးမလာသေးဘူး"

ပိတ်ထားမိတဲ့ ကျွန်တော်ဖုန်းကို ဖွင့်လိုက်တော့ မက်ဆေ့တစ်စောင် တွေ့လိုက်တယ်။

"မောင်... မေ့နေတာလား? ဒီနေ့ ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ။ မောင့်ကို
ခင်လာကြိုပြီနော်။ စောင့်နေပါ"

ကျွန်တော့်ကို လိုက်ရှာတဲ့ လမ်းမပေါ်မှာ သူထာဝရ ပျောက်သွားခဲ့ရတယ်။
မျက်ရည်တွေ ရွှဲနင့်နေတဲ့ မျက်လုံးနဲ့ အဲဒီမက်ဆေ့တိုလေးကို ကျွန်တော်
အထပ်ထပ်ဖတ်နေမိတယ်။ အဲဒီညက ကမ္ဘာကြီး တစ်ခုလုံးကို
ကျွန်တော်ဆုံးရှုံးလိုက်မှန်း နောက်ကျမှ ကျွန်တော် သိခဲ့ရတယ်။

သူဆုံးတာ ၃ လရှိပြီ။ ဒါပေမယ့် ခုချိန်ထိ မစားနိုင်၊ မသောက်နိုင်နဲ့
အိပ်မက်ဆိုးကနေ ကျွန်တော် မနိုးထနိုင်ခဲ့သေးဘူး။

ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။
ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။ နာကျင် ခံစားမနေပါနဲ့။
ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။
ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။

Tuesday, January 13, 2009

အမှန်တရား (၁၀)ချက်

၁။နေသည် အရှေ့ မှ ထွက် ၍၊အနောက်သို့ပင် ဝင်နေလိမ့် ဦးမည်။

၂။မြန်မာ့ရုပ်/သံများမှ တရုတ်ကားနှင့် ကိုရီးယားဇတ် လမ်းတွဲများကိုပင်
ဆက်လက်ထုတ်လွှင့်နေဦးမည်။

၃။မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ၂၁ ရာစုတွင်ကမ္ဘာဖလား ချန်ပီယံမဖြစ်နိုင်။

၎။အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်မလာနိုင်။

၅။အစ္စလမ်မစ် နိုင်ငံများတွင် ဝက်သားဈေးကွက် တွင်ကျယ်မလာနိုင်။

၆။ကမ္ဘာ့ ဘဏ်ရဲ့ချေးငွေ များသည် အကျေအလည်ရ ရှိလိမ့်ဦးမည် မဟုတ်။

၇။ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဆံပင်ရှည်ထား လိမ့်မည်မဟုတ်။

၈။ဖွားသီလရှင်များ စကတ်များ ဝတ်ဆင် လိမ့်မည် မဟုတ်။

၉။ဖခင်များသည်ယောက်ျားများဖြစ်၍၊ မိခင်များသည် မိန်းမများပင်
ဖြစ်နေလိမ့်ဦးမည်။

၁၀။လူသားများပေါင်းသင်းခြင်း မှ သာလူသားဖြစ်လိမ့်မည်။

Monday, January 12, 2009

ရူးတိုးတိုး...................... ကွဲနေသည်။


>>> (ကွဲ နေတယ်ဆိုလို စိတ်ဝင်စားသွားလား......ဟုတ်တယ်.ကွဲနေတယ်.......မောင့်ကြောင့် အသည်းတွေကွဲနေတာ)
>>> မောင်.... .................
>>> မောင် ကျွန်မကိုလုပ်ရက်တယ်နော်...(လမ်းခွဲတာကိုပြောပါတယ်..........တမျိုးမထင်ပါနဲ့..ရှင်းပြရတာ....feel အောက်တယ်)
>>> မောင်ရယ်.ကျွန်မကိုမပစ်ဘူး.မပစ်ဘူးဆိုပြီးလက်ထဲမှာက.......ခဲကြီးနဲ့...........
>>> ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့ မောင့်ကိုကျွန်မဘယ်လိုနားလည်ရမှာလဲ................
>>> ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့...မောင်ရယ်ကျွန်မပြောပါရစေ.
>>> မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော........... ကျွန်မပြောပါရစေ....
>>> အတိတ်
>>> မောင်ကလေကျွန်မကိုစတွေ့တုန်းက..................ချစ်တယ်ချစ်တယ်ဆိုပြီ......
>>> ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ..............ငါးကြော်မကြိုက်တဲ့ကြောင်မိုက်ဆိုသလို.
>>> မောင့်လိုဉ္စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်.ကျွန်မလူမိုက်ဖြစ်သွားမှာပေါ့
>>> မောင့်လိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး........ သူငယ်ချင်တွေတားနေတဲ့ကြားထဲက...........
>>> ငါ့လှေငါထိုး.ပဲခူးရောက်ရောက်...ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်.................ဆိုပြီး
>>> မောင့်ကိုကျွန်မလက်ခံခဲ့တာလေ.......... ဒါပေမဲ့.မောင်နောက်ကျတော့
>>> ကျောချမှ ဓားပြမှန်းသိ.......ဖွတ်ထွက်မှတောင်ပို့မှန်းသိ.........သလို.မောင့်အကြောင်းတွေသိခဲ့ရတယ်
>>> မောင်ဟာကျွန်မနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆိုတာပဲ..................
>>> ကျွန်မနဲကထိပ်တိုက်တွေ့တာတောင်မှဘဲ.မောင်ကဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်သေးတယ်
>>> သူငယ်ချင်းတွေကတော့ပြောပါတယ်..........အပြစ်တင်ကြတယ်. ကိုယ်စီး တဲ့မြင်းအထီးမှန်းမသိ.အမမှန်းမသိတဲ့
>>> မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ.................ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့
>>> ဒါပေမယ့်မောင်ရယ်.
>>> အဲဒီအချိန်က..မျက်နှာကိုမြင်လိုက်ရတော့.ကျွန်မလေ...ပျက်အဆင်ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွှတ်ခဲ့တယ်.....
>>> မောင်ကလဲကျွန်မကို. ယုံအောင်အယုံသွင်းခဲ့တာကို
>>> ခွေးစကားပုဏ္ဏားယုံ.ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့.လုံးဝယုံခဲ့တယ်မောင်............
>>> နောက်တော့ မောင်က....ဒုံရင်းကဒုံရင်းပါပဲ.....................
>>> ဘယ်သုမပြုမိမိမှု .ဆိုသလို..............မောင့်ကိုအပြစ်မတင်ပါဘူး..............
>>> အရိပ်ပြလို့မှအကောင်မမြင်တဲ့ ကျွန်မအပြစ်ပါဘဲ.
>>> ကျွန်မလေ.မောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ........
>>> ကလေးကျမှလှေကားထောင်.....သူခိုးပြေးမှထိုးကွင်းထဆိုသလို...................
>>> ဘာလုပ်ရမှန်းကိုမသိတော့ဘူး
>>> လက်ရှိဘဝ
>>> မောင်...........အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ............................
>>> ကျွန်မဘယ်သူကိုမှဒီအကြောင်းတွေမပြောချင်ဘူး...........ဟောင်လွန်းသည့်ခွေးလူမလေး.....ဆိုသလို.
>>> ကျွန်မကိုပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်...................ပြီးတော့ကိုယ့်ငါချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.
>>> ကျွန်မရဲ့အရည်အချင်းနဲ့............................မောင့်ထက်သာတာအေးဆေးရနိုင်တယ်မောင်
>>> သိသာသိစေမမြင်စေနဲ့..........လိုပဲဆိုဆို.ကျွန်မကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်............
>>> အမိမဲ့သား....ရေနဲငါးလိုမျိုး..ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့.........မောင်လဲ..
>>> လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်......အဲဒီအချိန်မှ.လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..
>>> ကျွန်မကလက်ခံမယ်များမှတ်နေလား............
>>> ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး............ငါးကြင်းဆီနဲ့ငါး ကြင်းကြော်ရုံလေးပါ................
>>> မောင်အခုကျွန်မလေ
>>> .မောင်မရှိတဲ့အချိန်မှာ.......ပျော်ပျော်နေသေခဲ......ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ......
>>> ပုဆိုးကြားကလက်သီးပုန်းပြ.........တယ်လို့မထင်ပါနဲ့.............
>>> မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့...အခုခေတ်ကလေ.....ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်
>>> ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်တော့ဘူးနော်................

>>> ဥပေါ် (ခဲ = girl ) ကျလည်းဥပဲကွဲတာ.....(ခဲ= girl )ပေါ်ဥကျလည်းဥပဲကွဲတဲ့...................ခေတ်ရောက်နေပြီဆိုတာပါပဲ..

>>> (ခဲ=girl)

Thursday, January 8, 2009

HAPPY NEW YEAR

Dear All,

Wish Chocolatesin yr 2009. Don't Cubicles too hard but your boss can say Thumbs Up Good Jobto you. Take care of yourselfDreaming. Buy some beautifulShopping Wedding Dress, Dollar drop from the sky so that you can buy or change a House and a Car. And never need Watching The Clock, just Relax and go CruisingPilotaround the world. Good to have moreAppleBroccoliCarrots and Corn, but don't eat too much FatFat Guy. Do remember to Tennis at least once a week. No Good Vs Evil with your honey, and don't be skimpily to say Hug And KissI Love You. Any plan to ItIt's A BoyIt's A Girl? Wish your baby Agingwell and best wishes to all your Family Portrait family.
ဆောင်းတွင်းအိပ်မက်


စူးရှလွန်းလှသော အသံကြောင့် ကျွန်တော် လန့်နိုးလာခဲ့တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လေယာဉ်တစ်စင်းပေါ်ရောက်နေခြင်းပါ
။ ဘေးမှာက တရုတ်မလေးတစ်ယောက်။ ကျွန်တော်က ဒီလေယာဉ်က ဘယ်ကိုသွားမှာလဲလို့ တရုတ်လိုမေးလိုက်တော့ သူက အမေရိကားကို သွားနေတာလို့ ရုရှလိုပြန်ပြောနေတယ်။ အဲဒီအချိန်မှာ မုန့်စိမ်းပေါင်းတစ်ထုပ်နဲ့ မကျည်းဖျော်ရည်တစ်ခွက် ကျွန်တော့်ရှေ့ကို လာချတာတွေ့လို့ ကြည့်လိုက်တော့ J-Lo ဖြစ်နေတယ်။ သူက လိုတာရှိရင် မှာပါလို့ မြန်မာလို့လည်း ပြောလိုက်သေးတယ်။ ကျွန်တော်လည်း စားမလို့ ဇွန်းနဲ့ ခရင်းကို ကိုင်ကာရှိသေးတယ် လေယာဉ်က သင်္ဘောဆိပ်ကမ်းကို လာကပ်တယ်။

လေယာဉ်ပေါ်က ဆင်းတော့ အမေရိကားလေဆိပ်မှာ ဆာရီခြုံထားတဲ့ ကုလားမလေးတွေ အများကြီး လာကြိုနေတယ်။ ကျွန်တော်လည်း ကော်ဇောနီကြီးပေါ်မှာ ဖြတ်လျှောက်ရင်း အားလုံးကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ လေဆိပ်က ထွက်တော့ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစ်စီးကို အဆင်သင့်တွေ့တာနဲ့ အမြန်ပြေးတက်ပြီး လိုက်သွားတယ်။ ကျပ်လိုက်တဲ့ကားဗျာ..။ ခြေချစရာတောင် နေရာမရှိဘူး။ သွားနေတဲ့ လမ်းကလည်း ဆိုးမှဆိုး ။ မုန့်လင်မယားအိုးက အဘားအဘား ခေါ်လောက်တယ်။ စပယ်ယာကလည်း ဆိုးလိုက်တဲ့ အပေါက်။ ကားပေါ်က လှမ်းကြည့်တော့ ပီဇာဆိုင် တစ်ဆိုင်ကိုတွေ့တာနဲ့ ကားပေါ်ကနေ အတင်းတိုးဆင်းမိတယ်။ ဗိုက်ကလည်း ဆာလာသလိုလိုဆိုတော့လေ။ ကားပေါ်ကဆင်းပြီးတော့ ဒီလောက်ကျပ်တဲ့ကား ဘာကားပါလိမ့်လို့ သိချင်တာနဲ့ ကားကို တစ်ချက်ကြည့်လိုက်တယ်။ မထသ ၃၉ ။ ကျွန်တော် စိတ်ဓါတ်ကျသွားတယ်။ မြန်မာနိုင်ငံမှာဆို ဒီလိုမဟုတ်။

လမ်းလျှောက်ပြီး ပီဇာဆိုင်ထဲဝင်လိုက်တော့ ဆိုင်ထဲမှာ လူတစ်ယောက်မှ မရှိ။ ဆိုင်ရှင်က ငြီးငြူနေတယ်။ ဆိုင်ရောင်းရတာ အလုပ်မဖြစ်ကြောင်း။ ဘာအခွန် ညာအခွန် နဲ့ လာလာကောက်တာတွေ များနေကြောင်း။ အရင်တုန်းက အမေရိကားနဲ့ မတူကြောင်း။ သူ့သားနှစ်ယောက်ကိုတောင် ခု အရမ်းတိုးတက်လာတဲ့ မြန်မာနိုင်ငံကို လွတ်ဖို့ စဉ်းစားနေကြောင်း။ ခုနောက်ပိုင်း မြန်မာနိုင်ငံကို သွားဖို့ မလွယ်ကြောင်း။ အေးဂျင့်တွေကလည်း စိတ်မချရကြောင်း။ အမေရိကားမှာ ရတဲ့ ၀င်ငွေနဲ့ မိသားစု စားလို့မလောက်ကြောင်း။ ခုနောက်ပိုင်း အမေရိကက လူငယ်တော်တော်များများလည်း မြန်မာနိုင်ငံကို အထွက်များကြောင်း အများကြီးပြောပြနေတယ်။ ကျွန်တော်လည်း သူပြောတာကို အီကြာကွေးနဲ့ လက်ဖက်ရည်ကျဆိမ့် တစ်ခွက်သောက်ရင်း နားထောင်နေလိုက်တယ်။

ပီဇာဆိုင်က ပြန်ထွက်လာတော့ လမ်းမှာ ဘုန်းကြီးတွေ အများကြီးကို တွေ့ရတယ်။ ကျွန်တော်ဘက်ကို ပြေးလာနေကြတယ်။ အနောက်မှာ နေတိုးတပ်ဖွဲ့တွေက အတင်း လိုက်နေကြတယ်။ ကျွန်တော်လည်း ဘာမှန်းမသိပဲ မေတ္တာသုတ်ကို ရွတ်နေမိတုန်း စစ်သားတစ်ယောက်က ကျွန်တော့်ကိုဂုတ်ကနေ လာဆွဲခေါ်သွားတယ်။ နောက် ကျွန်တော်ကို အိုဘားမားနဲ့ တွေ့ခိုင်းတယ်။ အိုဘားမားက မာမူသတင်းထောက်ကြီးကို လမ်းမလည်ကောင်မှာ သေနတ်နဲ့ ပစ်တာ ကျွန်တော်ပါလို့ စွပ်စွဲတယ်။ ကျွန်တော်လည်း ရပ်ကွက်ကပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ပြလိုက်တော့ ပြန်လွတ်ပေးလိုက်တယ်။ ဆက်သွားရင်းနဲ့ ဟိုတယ်တစ်ခုရှေ့ရောက်တော့ အနားယူချင်စိတ် ဖြစ်လာတာနဲ့ ဟိုတယ်ပေါ်ကိုတက်တော့ မီးက ပြတ်သွားတယ်။ ဟိုတယ်က ကုလားလေးတွေကို မေးကြည့်တော့ အမေရိကားမှာ ခု မီးက အလှည့်ကျလာနေတယ်လို့ပြောတယ် ဒီနေ့က မီးပြတ်ရက်တဲ့။ စိတ်ကုန်လိုက်တာဗျာ..။

ကျွန်တော်လည်း အမေရိကားမှာ ဒီလောက်ဆိုးရွားနေတာ မနေချင်တော့တာနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ ပတ်စပို့သွားလုပ်တယ်။ တိုးလိုက်ရတာဗျာ။ စောင့်ရတာလည်း ပြောမနေနဲ့တော့။ ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး IC ရှိုးသွားကြည့်တယ်။ စင်ပေါ်မှာ ဆိုနေသူက ပိုးအိစံ ။ သူက `အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ´လို့ ဆိုနေတုန်းမှာပဲ မျိုးကြီးက စင်ပေါ်တက်လာပြီး `ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ´ ဆိုပြီး တက်ဆိုပြီးတော့ ထချကြတာ နောက်ဆုံးတော့ ဒွေးသေသွားခဲ့တယ်။ ဒါနဲ့ ကျွန်တော်လည်း ပတ်စပို့ရုံးကို ပြန်သွားပြီး တာဝန်ရှိသူတွေကို စာအိတ်လေးပေးလိုက်တာ ပတ်စပို့တန်းရတာပဲ။ ပြန်ရတော့မယ်ဆိုတော့ အွန်စောလေးကို သွားနှုတ်ဆက်တော့ ဖက်ဖက်ပြီး ငိုလိုက်တာကို ပြောမနေနဲ့တော့။ ကျွန်တော်လည်း နှစ်သိမ့်ရင်း ပုခုံးလေးကို ကိုင်ပြီး ပါးလေးကို နှုတ်ခမ်းလေးနဲ့ ကပ်လိုက်တုန်း….

ဒုံး……

ကျွန်တော် လန့်နိုးသွားတယ်။ ကြောင်က ဗီဒိုပေါ်ကနေ ခုန်ချလိုက်ခြင်းပင်။ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုတဲ့ အတိုင်းပဲ။ ဘာတွေ မက်နေမှန်းလဲမသိ။ အစီအစဉ်လည်း မကျ။ အိမ်ကကြောင်ကိုတော့ တော်တော် စိတ်ဆိုးသွားခဲ့တယ်ဗျ…။ ဘယ့်နှယ် … ကောင်းခန်းရောက်မှဗျာ။