Pages

Sunday, September 27, 2009

ဝိရောဓိဘဝ

> ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
မိသားစုဝင်နည်းနည်းနဲ့။
> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။


> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။
> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>
>
> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
> ရယ်တာတော့ အတော်နည်းသွားပြီ။
> ကားမောင်းတာ အတော်မြန်လာကြတယ်။
> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
> စာဖတ်တာ အတော်လေးနည်းတယ်။
> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။

> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
> ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။
> ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
>
>
> ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။
> ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
> ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
သေးသိမ်လာတယ်။


> ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
> ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့
အတော်နည်းတယ်။
> ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
> ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။


> ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
မပိုင်နိုင်ဘူး။
> ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့
အာဂါတ တရားကို မဟုတ်ဘူး။
> ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်

> ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
မပါဘူး။
> ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
စိတ်ဓါတ်တွေနဲ့။
> ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
>
>
> ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
> ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
နည်းနည်းနဲ့။
> အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
> လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။

> အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
> အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
> နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
> လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

> ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး
ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့
နေ့ထူးနေ့မြတ်တွေပါပဲ။
> အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
> သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့
မြင်ကွင်းကို ခံစားကြည့်ပါ။


> သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
> သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
> ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ
သက်သက်မဟုတ်ပါဘူး။
> သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ

> နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
>
> သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
ဖယ်ရှားလိုက်ပါ။
> ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့
ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
>
>
> သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို
နောက်မကျပါစေနဲ့။
> နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
> နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
> အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင်
တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့


> ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
>
> ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။

Saturday, September 19, 2009

ဇာတ်လမ်းလေး ရိုးရိုး တစ်ပုဒ်

Malaysia မှာ အလုပ် ဂိန်နေ တာ အတော်ကြာပြီဖြစ်တဲ့ အတွက် kajang မှာ အလုပ်ရမယ် ဆိုလို့ သွားလုပ်တာ.. လခ လဲ ကောင်းပါတယ်.. သဌေးလဲ သဘောကောင်းသလားမမေးနဲ့.. မီးဖိုချောင်မှာ လုပ်ရတော့တိုက်ခန်းရဲ့ နောက်ဖေးဖက်ကပေါ. တစ်ရက်ကျတော့ ကြက်သား ခုတ်နေတုန်း…. ဦးထုပ်ဝါ နဲ့ လူတစ်စု ရောက်လာ လာပြီး IC တဲ့… ကိုယ့်မှာ ရှိတဲ့ ဒုက္ခသည် စာရွက်လေးထုတ်ပြ လိုက်တာပေါ့..

အဲဒီအချိန်တုန်းက ဒုက္ခသည် မဟုတ်သေးဘူး….လျှောက်လွာတင်ထားဆဲ ကာလပေါ့… လက်ထဲ မှာလဲ အဲဒီစာရွက်စာတမ်းမှ မရှိ အဲဒီမှာတင် လူကို ဂုတ်ကဆွဲ လက်ထိတ်ခတ်ပြီ.. Van ကားပေါ်တင်လိုက်တယ်.. အဲဒီ လူတွေက RELA တွေတဲ့… အဲဒီလို RELA ကားပေါ် ပါသွားပြီးလမ်းတကာလိုက်ဖမ်းနေတာ…ယောက်၂၀ လောက်ပြည့်သွားမှ သူတို့ရဲ့ ရုံးကို ခေါ်သွားရော… ရုံးရောက်တော့လားလား ကိုယ်တစ်ယောက်ထဲလားဆို ဘယ်ကမလဲ နည်းတဲ့ လူတွေမဟုတ်ဘူး ၂၀၀ ကျော်ကျော်လောက်ရှိရဲ့. မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလား၊ အများဆုံးကတော့ မြန်မာနဲ့ အင်ဒိုပေါ့… ကိုယ်တို့ရဲ့ အဖွဲ့အစည်းကိုဖုန်းဆက်တော့ လည်း ဘယ်သူမှ မလာနိုင်ဘူး လေ..သူတို့လဲ ဘာမှမ မရှိပဲ ကွိကုန်မှာ ပေါ့… အဖမ်းအဆီး တွေသိပ်များနေတဲ့ အချိန်ပေါ့ ဒုက္ခသည်စာရွက်ကလေးကလဲ အဲဒီအချိန်မှာ မကယ်နိုင်……….

အဲဒီ RELA တွေကလဲ ကြမ်းသလားမမေးနဲ့ သူတို့စကားနားမလည်ပါဘူးလို့ဆို အတင်းဟောက်ရော မထင်မထင်သလို ရိုက်တယ်.. ဂျပန် ခောတ်တုန်းက လဲ ဒီလိုပဲလား မသိဘူး… ပြီးတော့ တောသားတွေ အလုပ်မရှိလို့ လူဖမ်းတဲ့အလုပ်မှာ ၀င်လုပ်နေတာ.. သူတို့ က တစ်ယောက်ဖမ်းမိရင် ၅၀ ရင်းဂစ် ရတယ်တဲ့ အဲဒါကြောင်းစွတ်ဖမ်းရော….. ညနေလောက်လဲရောက်ရော..Camp ကိုပို့ပါလေရော………အဲဒီမှာ ရောက်မှတော်တော် ကိုဆိုးတာ… RELA လက်ထဲကနေ မလေးရှား ရဲ နဲ့ လ၀က ဆီကို လွဲပြောင်းပေးလိုက်ရော အဲဒီမှာ နာမည်ယူ ကဒ်ပြားထုတ်ပေးပြီး blog (A) ကိုပို့ရော…အဲဒီမှာ ညကြီးရောက်တာ ရဲတွေက တန်းစီထိုင်ခိုင်းပြီး တစ်ယောက်ခြင်းစစ်ပါလေရော ပိုက်ဆံကို အပေါ်မှာ မအပ်ပဲ ခိုးထည့်လာတဲ့ကောင်တွေကိုစစ်တာ.. ကိုယ့်ရှေ့က ကရင်တစ်ကောင်က မိတော့ ကောင်းကောင်းကို အကျွေးခံလိုက်ရတယ်… ရောင်ကိုင်း ကုန် ရော. လားလားအထဲရောက်တော့ တန်းစီးက မြန်မာမူဆလင်..လူအယောက် ၃၀၀ ကိုထိမ်းထားတာ လူမျိုးစုံ၊ မြန်မာတွေထဲမှာ တောင် ကချင်၊ ကယား၊ကရင်၊ခြင်း၊မွန်၊ဗမာ ရော်ဟိန်ဂျာ၊ ရခိုင်၊ မြန်မာမူဆလင်၊ မြန်မာကောက်ရခါး၊ စုံတာမှစုံ၊ နိုင်ငံခြားသားလား ၊ အင်ဒို၊ နီပေါ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ်ပူးချား၊ ပါကစ်စတန်၊ အီရန်၊ လူမဲ အများကြီးပဲ၊ ဂရင်းနစ်စံချိန်ဝင်သွားတဲ့ လေယာဉ်ခိုးစီးတဲ့ ပါကစ်စတန်ကြီးကိုတောင်တွေ့ခဲ့သေးတယ်.. သူလဲ မိခင်နိုင်ငံပြန်ဖို့ Camp ထဲမှာစောင့်နေတာ နှစ်နဲ့တောင်ချီတယ်.. အစားအစာ ကတော့ဟွန့် စုတ်ပြတ်သတ်နေတာပဲ ငါးတော့ တော်တော်ပေါတယ်.. ညစာတိုင်း ငန်တူးနေတဲ့ ငါးပါတယ်..

တစ်ပတ်မှာတစ်ရက် ကြက်သား၊ အမဲသား၊ ကြက်ဥ အလှည့်ကြကြွေးတယ်။ ၀က်သားလား မပါဘူး၊ဆားဟင်းချိုမှုန့် ဘာမှမပါဘူး… ပုံစံခွက်နဲ့ သောက်ဖို့ လက်ဆေးရေ နဲ့တူတဲ့ ဟင်းရေ… ဒါပဲ ဟောခန်းအကြီးကြီးတဲမှာ တန်းစီအိပ် ကြတာ.. သူ့လူမျိုးနဲ့ သူအဖွဲ့ လိုက်အိပ်ကြတာ..အဲဒီမှာ မြန်မာမူဆလင် ငလယ်တစ်ကောင်နဲ့တွေ့ရော ဒီကောင်က Camp ထဲမှာရဲတွေနဲ့ ပေါင်းပြီး ဆေးရောင်းနေတာ ဖုန်းတွေလဲခိုးသွင်းထားတော့ အပြင်ကို ဆက် လို့ရတယ် အေးဆေးတော့အေးဆေးပဲ ဗိုက်ဆံရှိဖို့ ကအဓိက ဖြစ်နေရော.. ဗိုက်ဆံရှိရင် ဆိုင်ထမင်းဟင်းမှာစားလို့လဲ ရတယ် အဲဒီမှာ ၁၄ရက်လောက်ကြာတော့ မာကားမား တဲ့ လာခေါ်ရော.. ဘာလဲဆိုတော့ ရုံး ထုတ်တာတဲ့.. အဲဒီမှာ ၀န်ခံမလား မ၀န်ခံဘူးလားဆိုတာ ဆုံးဖြတ်ရတော့မယ်…ကိုယ်ကလက်ထဲမှာ ဒုက္ခသည် လက်မှတ် ကိုင်ထားတော့ ၀န်မခံလဲ ရတယ် တစ်ချို့က ၀န်မခံရင်ပိုကြာမယ်တဲ့… ဘာလုပ်လို့ လုပ်ရမှန်းကိုမသိဘူးဖြစ်ရော… ရုံးထုတ်တော့ တရားသူကြီးက ရက်ချိန်းပြန်ပေးလိုက်ရော အဲဒါနဲ့ မလေးရှားရဲ့ အကြီးဆုံး အပြည်ပြည်ဆိုင်ရာထောင်ကြီးကို ညအိပ်လိုက်ရပါလေရော… အဲဒီမှာ ထောင်ထဲကိုဝင်ဝင်ခြင်း တမန်းအင်း ဆိုတဲ့ အဆောင်ကိုပို့တာ.. ၁၂ ပေ ပတ်လည်အခန်းထဲကိုထည့်ထားတာ ထောင်က ၄ ထပ် T ပုံစံဆောက်ထားတာ ၁၀ ယောက်တစ်ခန်း ကိုယ်တောင်မှ ကိုရွေဗမာတွေကို မနဲ ဆယ်ယောက်ပြည့်အောင်စုထားရတာ… မဟုတ်လို့ တစ်ခြားကို မလေးတို့ နိုင်ငံသားတစ်ရုတ်တွေနဲ့ တစ်ခန်းထဲကြရင်တော့ ဘောင်းဘီတောင် ရမှာ မဟုတ်ဘူး.. အရမ်းအနိုင်ကြင့်တာဆိုပဲ.. ဘာဖြစ်လို့လဲ ဆိုတော့ အိင်္ကျီ နဲနဲကောင်းရင် ဆေးလိပ်နဲ့ လဲသောက်ကြတာကို…. မီးချစ်မရှိဘူး.. အဲ မီးချစ်ခေါင်းနဲ့ မီးချစ်ကျောက် ပဲရှိတယ်.. ဂျင်းစ ကိုဖွာပြီး ခြစ်လိုက်ရင်တောက်တယ် အဲဒါကိုထောင်အခေါ်က smoot ဆိုပဲ… ဟီး ကိုယ်တောင် ရှိတဲ့ အကျီနဲ့ ဆေးလိပ်လဲသောက်ခဲ့သေးတယ်ဟဲဟဲ အဲဒီ၁၂ပေ ခန်းထဲမှာ လူ၁၀ယောက်ဖြစ်သလိုအိပ်ရတယ်.. အ၀င်တုန်းက စောင်ဝေတဲ့အတွက် စောင်ရ လိုက်လို့ နဲနဲတော်သေးတာပေါ့ အုပ်ခန်းကြီး အေးစိမ့်နေတာ အထဲမှာ ဒေါင့်နားမှာ ၂ပေလောက်မြင့်တဲ့ အိမ်သာခွက် နဲ့ ရေပိုက်ခေါင်း အိမ်သာက ထိုင်လိုက်လို့ရှိ၇င် ဘေးကနေ ကြည့်ရင် ဟောင်းလောင်းရှေ့က ကြည့်ရင်ခေါင်းလေးကိုမြင်နေရလို့..တစ်ယောက်ယောက်ကများ တက်လိုက်လို့က တော့ ဟောင်နေတာပဲ ..သံတိုင်ကြား ခေါင်းတိုး ပြီးအသက်လုရှုနေရတာ.. အဲ မနက်ကြတော့ ဆန်ပြုပ်နဲ့ ကော်ဖီ၊ နေ့လည်ကြတော့ ထမင်းနဲ့ ဟင်း ပြီးတော့ အချိုပွဲ အတွက် အသီး များသော အားဖြင့် သခွားမွေး၊ ညကြတော့ ထမင်းနဲ့ ငါး ပြီးတော့ ပေါင်မုန့်တစ်တုန်း.. တစ် ပတ်လည်းပြည့်ရော အဆောင်ပြောင်း ရပြီ… အဲဒီအဆောင်ပြောင်းမှပဲ နေပူစာလုံရတာ… လူဆိုရင် ဖြူဖတ်ဖြူရော်ကိုဖြစ်လို့… တမန်အင်းက နေ အီဆန် ဆိုတဲ့ အဆောင်ကိုပြောင်းရတာ..ကံကောင်းခြင်တော့ ကိုယ့်တန်းစီးက မြန်မာ မွန်လူမျိုး တစ်ခန်းလုံး မြန်မာတွေကြီးပဲ တစ်ပတ်တစ်ခါလောက်လူတွေက ၀င်လိုက်ထွက်လိုက်နဲ့ ပြောင်းနေတာ ဒါပေမယ့် တန်းစီးကြီးက မပြောင်းဘူး.. ဘာအမှုလဲ လို့မေးကြည့်တော့ လူသတ်မှုတဲ့ ၂နှစ်ကျော်လောက် ရှိပြီလို့ပြောတာပဲ အမှုကမပြတ်သေးဘူး..သူတို့က ၃ယောက် ဆိုင်ထဲကို ဓါးမြလာတိုက်လို့ ၀ိုင်းရိုက်လိုက်လို့ လက်လွန်သွားတယ်ဆိုလား ပဲ ကိုယ်လဲ အားနာလို့သေသေခြာခြာကို မမေးလိုက်ရဘူး၊ နောက်တစ်ယောက်က ကရင် သူကြတော့ တစ်မျိုး ဘလက်ကာယ မှု တဲ့.သူ့ကောင်မလေး ကအသက်မပြည့်သေးဘူး. ကောင်မလေးအမေက သဘောမတူလို့ လီဆယ်ပြီးတိုင်တာလို့ပြောတာပဲ… အဲဒီအမှုမျိုးက မလေးလူမျိုးတွေများတယ်.။ အစ်ကို ကညီမ ကိုတဲ့ အဖေက သမီးကိုတဲ့.. ဒါကတော့ မလေးလူမျိုးများ အကြောင်းကို ပြောပါတယ်… အဲရှိသေးတယ် ထမင်းဝေတဲ့ မြန်မာမူဆင် တစ်ယောက် သူကလဲ လူသတ်မှုတဲ့.. မြန်မာအခြင်းခြင်းသတ်တာ… KL မှာ မြန်မာအခြင်းခြင်း ဖဲချိန်းရိုက်တာ ဖဲရိုက်ရင်းသောက်စားကြရင်း ရှုံး မဲမဲ ပြီး ဆော်လိုက်တာ ပွဲခြင်းပြီး ဆိုပဲ… (ခုထိဒီလူအထဲမှာပဲ အမိန့်မကျသေးဘူး ၀န်လဲမခံဘူး တစ်ခါထွက်ဆိုရင်တစ်မျိုးဆိုတော့ တရားသူကြီးလဲ ရွာလည်နေလောက်ရောပေါ့.. ဒီမှာ တစ်မျိုးကောင်းတာက ကောင်းကောင်းစားရတယ် နေရတယ် လည်ရင်လည်သလိုစားရတယ် ပြီးတော့ မလေးမှာ ၀န်မခံရင်အမိန့်ချလို့မရဘူး.. ဒီလူတွေများ အမိန့်ချမယ်ဆိုရင် ကြိုးမိန့်ပေါ့ ဒါကြောင့် ၀န်မခံကြဘူး ရူးခြင်ရောင်ဆောင်နေကြတာ ထောင်စကားနဲ့ပြောရင် ရေ၀င်နေပြီပေါ့ (ရူးနေပြီ) သူတို့က ပြောပြောကြသေးတယ် အင်းစိန်ထောင်နဲ့ စာရင်အများကြီးသာပါတယ် တဲ့.. မခေကြဘူး.. အင်းစိန်နဲ့တောင်ရင်းနှီးကြတယ်.. အင်းလေ သူတို့ မလေးရှား သက်တမ်း က ၁၀ နှစ်ကျော် )

ကိုယ်ဝင်တုန်းကလဲ ပိုက်ဆံ ၁၀၀ အကြံအဖန်လုပ်ပြီးယူသွားတော့ အဆင်ပြေတာပေါ့.. ဗိုက်ဆံရှိမှန်းသိတော့ အထဲကလူတွေက ဆေးလိပ်လာရောင်းလိုက် ဘိန်းလာရောင်းလိုက်နဲ့ ရှုတ်နေတာပဲ…။ တစ်ခုပိုကောင်းသွားတာက အရင်က သူငယ်ချင်းမိန်းခလေးပေါ့ ခုတော့ ဟဲဟဲ .. သူက နှစ်ပတ်တစ်ခါ တစ်ပတ်တစ်ခါလောက်လာ လာကြည့်တယ်.. သူလာကြည့်ရင်ပစ္စည်းနဲနဲဝယ်သွားလို့ရှိရင် ပေးလိုက်ကမ်းလိုက်နဲ့ ထောင်ထဲမှာ လူ ပါးနဲနဲဝလို့ရတာပေါ့… အဲဒီမှာနေရင်း ကိုယ် တရားရုံး ၄ ခေါက်လောက်တက်လိုက်ရတယ်… အစက ၀န်ခံရင်မြန်မြန်လွတ်မယ်ဆိုလို့ တတိယအခေါက်မှာ ၀န်ခံမယ်ပေါ့… ကိုယ့်ရှေ့ က ကောင်တွေက ၀န်လဲခံလိုက်ရော… ၇လ ကြိမ် ၂ ချက်စီကျပါလေရော… ကိုယ်လဲ ကြောက်အား လန့်အားနဲ့ ၀န်မခံလိုက်ဘူး ကိုယ့်မှာ ရှိတဲ့ ဒုက္ခသည်စာရွက်လေးကို ထုတ်ပြလိုက်တယ် အဲဒီမှာ သူတို့က ကိုယ့်စာရွက်လေးကိုယူသွားပြီး မဟာမင်းကြီးရုံး ကိုပို့လိုက်တယ် နောက် ထပ် ၂၅ ရက်လောက်လားမသိဘူး ပြန်ချိန်းရော ထောင်ထဲမှာ ပြန်သွားနေ ပြန်ရော… ညနေစာပေးတဲ့ ပေါင်မုန့်ကို ဖဲရိုက်လိုက် ချက်(စ်) ထိုးလိုက် ကိုယ့်အကြောင်းသူ့အကြောင်းဖလှယ်လိုက် နဲ့ အော် မေ့လို့ မေ့လို့ ထောင်ထဲမှာ ခိုးမှု နဲ့ ဘိန်းမှု တွေလဲ ရှိသေးတယ် ကိုရွေမြန်မာတွေပဲ ဂိုဏ်းဖွဲ့ပြီး ခိုးတာ ညညဆို သူတို့ ဘယ်လိုခိုးခဲ့တဲ့အကြောင်းတွေနား ထောင်ရတာ ရုပ်ရှင်ကြည့်ရသလိုပဲ နားထောင်လို့ တော်တော်ကောင်းတယ်.. ထောင်ထဲမှာ အလုပ်လုပ်ရင် (ထမင်းဝေတဲ့ အလုပ်တို့ တိုက်ပိတ်တဲ့လူတွေကို) မုန့်ပိုရတယ် ထမင်းပိုရတယ် ဆေးလိပ်ရတယ် တိုက်ပိတ်တဲ့ လူတွေကို ထမင်းမကြွေးဘူး ပေါင်မုန့်ပဲကျွေးတာ ဒီလူတွေက ထမင်းတောင်းတောင်းစားတာ သူတို့က တိုက်ထဲမှာ ဘိန်းနဲ့ ဆေးနဲ့အေးဆေး ဒါပေမယ့် သကောင့်သားတွေ ထမင်းမစားရတော့ မနေနိုင်ဘူး ရှိတဲ့ဆေး၊ ဘိန်းတို့နဲ့ ထမင်းလဲစားတာ.

ပေးနေတုန်းမိရင်တော့ မလွယ်ဘူး.. ဒါပေမယ့်မမိခဲ့ပါဘူး.. ရှယ်ပဲ လူကို ၀ဖီးလို့ (နောက်တစ်ခါတော့ ကြောက်ပါရဲ့)

နောက်ဆုံးတစ်ခေါက် တရားရုံးမှာတော့ ဒုက္ခသည်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အမှုကို ပြန်ရုပ်သိမ်းပေးပါတယ် တဲ့ မဟာမင်းကြီးရုံးက ရှေ့နေ မမကြီးက လာပြီးလျောက်ထားပေးလို့ ပြီးတော့ ဒီနေ့ ထုတ်ပေးမလားဆိုတော့ အချိန်မရှိတော့လို့နောက်တစ်ခေါက်မှ တဲ့ သွားရော Camp ထဲကိုပြန်ရောက်သွားပြန်ရော.. ဒီအချိန်မှတော့ ရဲ နဲ့ လ၀က က စောင့်တာမဟုတ်တော့ပဲနဲ့ RELA တွေက ပဲစောင့်နေတော့ အရင်ကလောက် မခြောင်တော့ဘူး အရမ်းကြပ်တယ်..RELA တွေက ပြောထားတဲ့အတိုင်းတစ်ကယ့် ငတုံး… တစ်တန်းကို လူ ၂၀ လူက ၃၀၅ ယောက် တစ်နေ့တစ်နေ့ တစ်ခါရေ ရင် ဖင်ပြန်ခေါင်းပြန်နဲ့ တစ်ခါမှ အမြှီးအမေါက်မတဲ့ဘူး.. မလေးတွေ သင်္ချာတော်တော်ညံ့တယ်ဆိုတာ ဒီကောင်တွေကိုကြည့်ပြီး ယုံသွားတာ…

အဲဒီအချိန်က ထောင်စောင့်ပြောင်းလဲတဲ့ကာလ ပေါ့ အခြေအနေတွေက တော်တော်လေးကို တင်းမာနေတာ အစောင့်နဲ့ Camp ထဲမှာနေတဲ့လူတွေ.. ဟိုတောသားတွေကလဲ လာတ်ပေးရင် မစားရဲဘူး.. စားတဲ့ကောင်ကို ကျန်တဲ့ကောင်က တိုင်တာနဲ့ ရှုပ်ရှက်ခတ်ကုန် တာပေါ့..အဲကိုယ်လဲ Camp ထဲမှာ နှစ်ပတ်လောက်ထပ်နေရတော့ တစ်ရက်ကျတော့ ဘွမ်းစရင်းလာကောက်တယ် ပြန်ခြင်တဲ့လူ စရင်းပေး မဟာမင်းကြိးကိုစောင့် ခြင်တဲ့လူစောင့်တဲ့ အဲဒီအချိန်မှာ ကောလဟာလတွေထွက်နေတယ် မဟာမင်းကြီးရုံး ပိတ်တော့မယ်ဆိုပြီးတော့ မြန်မာတွေအထဲမှာများတာက မဟာမင်းကြီးကိုစောင့်စားနေကြတာ များတယ် အပြင်မှာလဲ မရှာစားတတ် ထွက်ရင်လဲ ဈေးကမလွယ် ပြန်မိရင်လဲ ဒုန်ရင်းဒုန်ရင်းမို့ နိုင်ငံထွက်တဲ့အထိ အထဲမှာစောင့်နေကြတာ… ကိုယ်က တော့ မစောင့်နိုင်တော့လို့ စရင်းပေးလိုက်တယ် နောက်တစ်နေ့မနက်မှာ နာမည်စရင်းပေးတဲ့လူတွေကိုလာခေါ်ထုတ်ပြီး ကုန်းမြင့်ပေါ်က ရုံးခန်းရှေ့မှာ တစ်နေကုန်ထိုင်ခိုင်းထားရော လူစရင်းပြန်စစ် အပ်ထားတဲ့ ပစ္စည်းတွေပြန်ပေး တန်ဖိုးရှိတဲ့ ဟာတွေတော့ ပျောက်ပြီပေါ့… အဲညနေလဲရောက်ရော အဲကွန်းဘတ်(စ)ပေါ်တင်လိုက်တယ် ကားသုံးစိး လူက အားလုံးပေါင်း၃၀၀ လောက်ရှိမယ်ထင်တယ်…လက်ထိတ်တွေကိုယ်စီနဲ့ နှစ်ယောက်တစ်တွဲ ညနေကနေစစီးတာ မနက်မိုးလင်းခါနီးလဲရောက်ရော ထိုင်းနယ်စပ်ကိုရောက် ရော ည ၂ နာရီလောက် ထိုင်းနယ်စပ် ရေချောင်းတစ်နေရာကိုရောက် တော့ ကားကိုရပ် လက်ထိတ်တွေဖြုပ် ပြိး ပွဲစားလုက်ကိုအပ်တာ.. ကားပေါ်ကဆင်းတာနဲ့ လမ်းသေးသေးလေးထဲကိုပြေးခိုင်းတယ် သောင်ပြင်အထိ ပြီးတော့ သောင်ပြင်မှာ ၅ယောက်စီတန်းစီထိုင်ခိုင်းပြီး လှေပေါ်ကိုတက်ခိုင်းတယ် လူ ၁၀၀ ဆန့်တဲ့မော်တော်အသေးစားပေါ့အဲဒါက မလေးတွေ ဒီအချိန်မှာထွက်ပြေးတဲ့လူလဲရှိတယ်… လွတ်တဲ့ကောင်ရှိသလို မလွတ်တဲ့ကောင်လဲရှိတယ် မလွတ်တဲ့ကောင်တွေအတွက်တော့ တွေး တသာကြည့်ပေတော့ ဖွဲအိတ် ဆိုတာ ဘာဟုတ်သေလဲ.. လှေနဲ့ တစ်ဖက်ကမ်း ထိုင်းနယ်ကိုရောက်တော့ ကိုယ်ရွေဗမာတွေ ပွဲစားလက်ကိုင်တုတ်လုပ်နေကြတာ… ကြမ်းသလားမမေးနဲ့ စောစောက မလေးရဲတွေ RELA တွေကြမ်းတာဘာဟုတ်သေးလဲ.. သူတို့က ပြောတာ (မင်းတို့ကို ဗမာလိုပြောနေတာနော ကောင်းကောင်းနားထောင် ရုတ်ရုတ်တော့ မလုပ်နဲ့ ကျည်ဆံတစ်ထောင့်မှ ၂၀ ဆင့် ပဲရှိတယ်တဲ့ညအိပ်တော့ ဒီကောင်တွေက ဖုန်းတွေ သိမ်းပေးမယ်ဆိုပြီး သိမ်းသွားပါလေရော ညသန်းခေါင်ရောက်တာကိုး. မိုးကလဲရွာ မိုးရေအောက်မှာ ဒီကောင်တွေက သစ်ပင်အောက်မှာမိုးကာခင်းထားပြီးတော့ စိုနေတဲ့အပေါ်သွားတက်အိပ်ခိုင်းတာ မအိပ်ခြင်လဲ မရဘူး တုတ်တွေက ခေါင်းပေါ်ကိုဝဲနေတာကိုး အပေါ်က လူရဲ့ခြေထောက်က ကိုယ့်ခေါင်းကိုထိ ကိုယ့်ခြေထောက်က အောက်ကလူခေါင်းကိုထိ ဘေးတစ်စောင်းအိပ်ရတာ ညောင်းသလားမမေးနဲ့ အဲ မနက်မိုးလဲလင်းရော အားလုံး ထခိုင်းပြီး ထိုင်းမလေးနယ်စပ်ချောင်း ထဲမှာ မျက်နာဆင်းသစ်ခိုင်းတယ်… ၁၀ နာရီလောက်လဲရောက်ရော လူခွဲလိုက်တယ် မြန်မာပြည်ပြန်မယ့်လူနဲ့ မလေးပြန်တက်မယ့်လူ ဖုန်းဆက်ခိုင်းတယ် မင်းတို့ လူကို ပိုက်ဆံ ၁၈၀၀ ရင်းဂစ် ဘဏ်စရင်းထဲထည့်ခိုင်း ပိုမပြောနဲ့ ခုချိန်မှာနေကောင်းလာဘာလား အလာပ သလာပပြောရမယ့်အချိန်မဟုတ်ဘူး.ဆိုပြီး ဆက်ခိုင်းရော ကိုယ်ဆက်ရမယ့်အလည့်ရောက်မှ သူတို့စကားပြောစက်ကနေ ၀င်လာတယ် နယ်စပ်စစ်တပ်တွေရောက်လာပြီတဲ့.. ရေကူးတတ်တဲ့လူရှိလား တဲ့ ကူးတတ်တဲ့လူရှိရင် ရေချောင်းထဲဆင်းနေတဲ့ ရှမ်းတွေကကမ်းပေါ်တက်ခိုင်းရင် လုံးဝတက်မလာနဲ့တဲ့ အော်မေ့လို့ နယ်စပ်မှာရှိတဲ့ ဗမာတွေက ထိုင်းလူမျိုးတွေကို ရှမ်းတွေလို့ပြောပြောနေကြတယ် ဘာလို့လဲတော့မသိဘူး. ကိုယ်တောင်အစ ကကိုယ်လူမျိုး အချင်းချင်းတွေ့ရမှာပဲဆိုပြီး နဲနဲ စိတ်ချမ်းသာသွားသေးတယ် ဟိုရောက်မှ ထိုင်းတွေဖြစ်နေမှန်းသိတယ် အမှန်က ထိုင်းမလေး ထိုင်းမှတ်ပုံတင်လဲ ရှိတယ် မလေးမှတ်ပုံတင်လဲရှိတဲ့ကောင်တွေ အဲလိုနဲ့ စစ်တပ်လာလို့ မလေးဖက်ကမ်းကို ကူးပြေးရပြန်ပါလေရော ကိုယ်လဲ ကိုယ့်ဥက္ကဌကို ဖုန်းဆက်ပြီး ပိုက်ဆံထဲ့ပေးခိုင်းတယ် မလေးက သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုထည့်ပေးလိုက်လို့ အဲဒီညနေမှာ ပဲ ထိုင်းဖက်ကမ်းကို ပြန်ပို့ သူဌေးအိမ်ရောက်တော့ ကားနဲနဲစီးပြီး ထိုင်းနယ်ဖက်က မြစ်ချောင်းနားကအိမ်လေးမှာ သွားထားပါလေရော တစ်နေကုန် ထမင်းတစ်နပ် တော့ စားလိုက်ရသေးတယ် အဲ ည၈နာရီလောက်လဲရောက်ရော ကမ်းစပ်ကို မှောင်ရိပ်ခိုပြီး သွားတာ ကမ်းစပ်နားက လှေသေးသေးလေး နဲ့ မလေးကမ်းဖက်ကို ပြန်ကူး ပြီးတော့ ချုံထဲကို ပြေးပုံးရတာ.. အဲဒီညက လကနဲနဲသာနေတယ် ဖြစ်ခြင်တော့ အိကျီက အြ့ဖူဖြစ်နေတော့ ကျေးဇူးရှင်တွေက ချွတ်ခိုင်း ဘောင်းဘီကိုကိုပါချွတ်ခိုင်းတယ် မလေး အ၀င် လ ၀ က ကို ကွင်းပတ်သွားရမှာဆိုတော့ ကိုင်းချွတ်ပြီးတညလုံး လျှောက်လိုက်ရတဲ့လမ်း တစ်ခါတစ်လေ သစ်တောထဲကိုဝင်သွားရင် ဘာမှကိုမမြင်ရတော့ဘူး ကိုယ့်ရှေ့က လက်တစ်ကမ်းမှာလူ ရှိမှန်းသိတယ် ဒါပေမယ့်မမြင်ရဘူး တောတိုးပြေးရတယ်ဆိုတာ မျိုး လမ်းပြ က ၂ ယောက် တစ်ယောက်က ရှေ့က တစ်ယောက်ကနောက်က ဘာစကားမှလဲ ပြောလို့မဘူး အဲလိုနဲ့ တစ်ညလုံးလျောက်တာ မိုးကလဲ ဖွဲဖွဲ ကျွတ်တွေကတက် လယ်ကွင်းတွေဖြတ်ပြေးတုန်း မြော့တွယ် လို့ လှန့်လိုက်တာ.. ကိုယ်က မြော့ ဆို တော်တော်လေးကိုကြောက်တာ စဉ်းစားကြည့်ပေါ့ ဘစ် လေးနဲ့ပြေးနေတာ မြော့တွယ် တယ်ဆိုတော့ … အဲလိုနဲ့ ကားလမ်းဘေး နားကရွာမှာ မိုးလင်းခါနီးလောက်ကြမှ ကားရောက်လာတော့ ကားပေါ်ကို အလုအယက် တက်ခိုင်းတာ ကံများ ဆိုးခြင်တော့ PARADO ကားစီးရပါလေရော အဲကွန်းကလဲ မဖွင့် လူက ၁၅ ယောက် ဆောင့်ကြောင့်ထိုင်ခိုင်းထားတာ မောင်းတဲ့လူက ၂ ယောက် အားလုံးပေါင်း ၁၇ ယောက် စဉ်းစားသာကြည့် ဘယ်လိုစီးလဲဆိုတာ နောက်ဖက်ခြမ်းက ခုန်တွေက ဖြုတ်ထားတာ တခါးမှန်မှာ ခန်းစည်းတွေတတ်ထားတာ လေကလဲမ၀င် ကားသမားတွေက အရမ်းစေတနာ ကောင်းတယ် ထမင်းးလဲမကြွေးဘူး သေးပေါက်ခြင်တောင် ပေးမဆင်းဘူး ရေဘူးလှမ်းပေးတယ် သောက်စရာလဲမရှိ ပေါက်စရာလဲမရှိ နေ့ခင်းကြီးမောင်းတာ.. ကွာ တစ်နေကုန်ပဲ ညနေပိုင်းလောက်ကြမ KL ကိုရောက်တာ ချက်ခြင်းအိမ်ပို့ပေးတာမဟုတ်ဘူး… ည၁၂ နာရီလောက်မှပဲ ပြန်ေ၇ာက်တယ် ကိုယ့်ဟာကိုယ်ပြန်တတ်တယ်ဆိုတောင် ပေးမပြန်ဘူး …

ဒီလို နဲ့ အလုပ်နောက်တစ်ခုရှာပြီးနေပြန်ရော.. အိမ်ခန်းလေးသပ်သပ် ငါးပြီးသွားနေပြန်တာ အလုပ်ကလဲ တော်တော်ကောင်းလာပြန်တယ် အကြွေးလဲ ဆပ်ပြီးစ အဲ နှစ်လလောက်နေပြီးတော့ အိမ်ခန်းငှါး နေတာ နှစ်ညပဲအိပ်လိုက်ရတယ် ညကြီးသန်းခေါင်လောက်မှာ တံခါးကို ဒုန်းဒုန်းတိုင်းတိုင်းနဲ့ လာခေါက်ပါလေရော ရော်.. အလုပ်ပင်ပန်းလို့် ကောင်းကောင်း အိပ်နေပါတယ်ဆို ဘယ် ကောင် လဲဆိုပြီးဆဲမလို့ တံခါးဖွင့်လိုက်ပါတယ်ဆို ကျေးဇူးရှုင်တွေ ဦးထုပ်ဝါတွေနဲ့ အော်ပရာစီတဲ့ ကောင်းရော အဲဒါနဲ့ အခန်းထဲမှာအိပ်နေတဲ့ ဘော်ဘော်နှစ်ကောင် ပါသွားပြန်ရော ဒီတစ်ခါတော့ အဖေါ်လဲပါတယ် အရင်နေရာလဲ မဟုတ်ပြန်ဘူး.. နောက်တစ်နေရာ အဲဒီမှာလဲ သိပ်ပြီးမကွာဘူး နှစ်ထပ် ပြင်ထောင်အိမ် မျက်နှာချင်းဆိုင်ဆီ လေး ဆောင် အဲမှာလဲ ကိုရွေဗမာတွေ ဒို့က တော့ experience ရှိပြီးသားဆိုတော့ သိပ်စိတ်မပူ တော့ ဘူး တစ်ပတ်နှစ်ပတ်လောက်နေပြီးရင် လွတ်မှာပဲ ဆိုပြီးနေ တာပေါ့ အဲဒီတစ်လောမှာပဲ မလေးကို ခိုးဝင်တဲ့ လူတွေ ကွန်တိန်နာထဲမှာ မွန်းပြီးသေကုန်လို့ ဆိုပြီး ထိုင်းကို သွားမပြစ်ကြတော့ လူတွေက အထဲမှာ တင်းမှာကုန်ရော အဲလိုနဲ့ 14 ရက်လောက်လဲ ကြာရော အထဲမှာ ဆေးလိပ်ပြဿနာ စပါလေရော အော်မေ့လို့ ကိုယ်နေရတာ က အဆောင် D ဖမ်းမိတာကအဆောင် C က ပါကစ်တန် တစ်ကောင်ကို ဟို က နှိပ်စက်ပြီး စစ်တာ ဆေးလိပ်မီးတွေနဲ့ထိုး အရမ်းနှိပ်စက်ခါကြတော့ သူလဲမခံနိုင်တော့ဘူး ဖေါ်တာပေါ. အထဲမှာဆို ရင် ချင်းတွေပါတာပဲ ၆နှစ်ကလေးလဲ အဖမ်းခံရတာပဲ.. အဲဒီမှာ မအူမလည်နဲ့ ၁၃ နှစ် ကောင်လေးတစ်ယောက် ကလဲ ပါတယ် သူတို့တွေကို ၀ိုင်းနိပ်စက်ကြတာပေါ့ ကိုယ်တို့အဆောင်ကလဲ အနေသာကြိးကို သွားပြောကြပါတယ် မင်းတို့ မြန်မာမဟုတ်ဘူးလားလို့ ကိုယ့်လူမျိုးဒီလောက် ခံနေရတာတောင် ထိုင်ကြည့်နေရ သလား ဆိုပြိး ၀ိုင်းချွန်ကြတာ အင်ဒိုနီးရှားတွေကို လဲမြောက်တန်မြောက် ခြောက်တန်ခြောက် လိုက်ကြတာ ရုန်းရင် ဆန်ခောတ်တွေဖြစ်ပြီ ထောင်ကို မီးရှို့တဲ့ အထိဖြစ်ကုန်ပါလေရော အဲဒီ ဟာတွေကိုတော့ နောက်ပိုင်းမှာ စောင့်မျှော်…………