Sunday, September 27, 2009
ဝိရောဓိဘဝ
မိသားစုဝင်နည်းနည်းနဲ့။
> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။
> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။
> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>
>
> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
> ရယ်တာတော့ အတော်နည်းသွားပြီ။
> ကားမောင်းတာ အတော်မြန်လာကြတယ်။
> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
> စာဖတ်တာ အတော်လေးနည်းတယ်။
> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
> ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။
> ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
>
>
> ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။
> ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
> ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
သေးသိမ်လာတယ်။
> ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
> ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့
အတော်နည်းတယ်။
> ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
> ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
> ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
မပိုင်နိုင်ဘူး။
> ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့
အာဂါတ တရားကို မဟုတ်ဘူး။
> ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်
> ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
မပါဘူး။
> ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
စိတ်ဓါတ်တွေနဲ့။
> ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
>
>
> ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
> ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
နည်းနည်းနဲ့။
> အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
> လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
> အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
> အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
> နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
> လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
> ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး
ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့
နေ့ထူးနေ့မြတ်တွေပါပဲ။
> အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
> သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့
မြင်ကွင်းကို ခံစားကြည့်ပါ။
> သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
> သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
> ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ
သက်သက်မဟုတ်ပါဘူး။
> သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ
> နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
>
> သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
ဖယ်ရှားလိုက်ပါ။
> ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့
ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
>
>
> သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို
နောက်မကျပါစေနဲ့။
> နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
> နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
> အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင်
တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
> ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
>
> ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။
Saturday, June 27, 2009
အသိဥာဏ် + ကိုယ်ကျင့်တရား
လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း
မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။
လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို
ပြောပြသွားခဲ့သည်။
“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို
သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို
ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ
၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ
လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့
လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်
မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်
ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။
ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့
ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။
အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး
တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့
ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့
နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု
အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။
အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး
အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။
ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး
ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို
မေးခဲ့တယ်။
ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့
ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့
ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့
ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက်
ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ
သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း
ဖြစ်ပါတယ်။
အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ
တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို
ရေးထားသေးတယ်....
“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်
ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က
ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။
ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....
လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ
ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က
အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”
++++++++++++++++++++++++++++++
ရန်သူ? မိတ်ဆွေ?
တခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးချင်းများ ဖြစ်ကြသည်။
လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး မုဆိုးတွင် အမဲလိုက်ခွေးများ
မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့
ကျူးကျော် ၀င်ရောက်ပြီး ဘဲများကို ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက
မုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း
မုဆိုးမှာ ခွေးများကို သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး
လယ်သမားမှာ သည်းမခံနိုင်သည့် အဆုံးရွာသူကြီးအား ခွေးများကို
အရေးယူပေးပါရန် သွားရောက်တောင်းဆိုခဲ့သည်။
လယ်သမား၏ တိုင်တန်းချက်ကို နားထောင်ပြီးနောက် ဥာဏ်ပညာရှိသော သူကြီးက. .
“အဲဒီမုဆိုးကို ကျွန်တော် အရေးယူပေးလို့ရတယ်။ ခွေးတွေကိုလည်း
လှောင်ထားဖို့ အမိန့်ပေးလို့လည်း ရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာ
မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း တစ်ယောက် လျော့သွားနိုင်ပြီး
ရန်သူတစ်ယောက် တိုးလာနိုင်တယ်။ ရန်သူတစ်ယောက်နဲ့
အိမ်နီးချင်းလုပ်ချင်သလား.. မိတ်ဆွေတစ်ယောက်နဲ့
အိမ်နီးချင်းလုပ်ချင်သလား”
“မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းလုပ်ချင်တာပေါ့”
“ကောင်းပြီလေ....ဒီိလိုဆို ကျွန်တော့် အကြံဥာဏ်ကို ခင်ဗျား လိုက်နာရမယ်။
ခင်ဗျားရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း တစ်ဦးတိုးလာပါလိမ့်မယ်”
သို့နှင့် လယ်သမားမှာ သူကြီး၏ပြောစကားအတိုင်း အိမ်သို့ရောက်သော် အလှဆုံး
ဘဲသုံးကောင်ကိုရွေးပြီး မုဆိုး၏သားသုံးယောက်အား လက်ဆောင်အဖြင့်
ပေးလိုက်သည်။ လက်ဆောင်ဘဲများနှင့် နေ့တိုင်းပျော်ရွှင်စွာ ဆော့ကစားနေသော
သားများကိုတွေ့သော် မုဆိုးမှာလည်း ၀မ်းသာကြည်နူးမိသည်။ ထိုအခါမှ
မုဆိုးလည်း သားတို့၏ ဘဲများကို ကိုက်ဖြတ်မည် စိုးသောကြောင့် ခွေးများကို
သေချာလှောင်ထားတော့သည်။ လယ်သမားအားလည်း ကျေးဇူးတင်ပြီး အမဲလိုက်ရမှရလာသော
အသားများကိုလည်း ဝေငှာတတ်လာသည်။ လယ်သမားလဲ ခြံထွက်အသီးအနှံများ
ဘဲဥများကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည်။ ချစ်ခင်မှုများ အပြန်အလှန်
ဖလှယ်ကြရင်း နှစ်ဦးစလုံးမှာ အိမ်နီးချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။
မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ လိုချင်ရင် ကိုယ်လိုချင်တာကိုပဲ
ဦးစားမပေးပါနဲ့။ ကိုယ်ချင်းစာစိတ် ထားပြီး သူ့အတွက်လည်း
ထည့်စဉ်းစားပေးပါ။
++++++++++++++++++++++++++++++
ပျော်ရွှင်ခြင်းကို ရွေးချယ်ပါ
Selma လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းနဲ့ အဖော်ပြုပြီး
သဲကန္တာရတစ်ခုမှာရှိတဲ့ ကြည်းတပ် လေ့ကျင့်ရေးစခန်းကို လိုက်ပါသွားခဲ့ရတယ်။
ခင်ပွန်းဖြစ်သူ စစ်ရေးလေ့ကျင့်နေချိန်မှာ သူတစ်ယောက်တည်း သံထည်တွေနဲ့
ဆောက်ထားတဲ့ တဲအိမ်ငယ်မှာ ကျန်ရစ်ခဲ့ရတယ်။ ရှားစောင်းပင်
အရိပ်အောက်မှာတောင် ၅ဝံC ကျော်တဲ့ အပူချိန်ကို သူမခံနိုင်ခဲ့ဘူး။
သူ့ပတ်ဝန်းကျင်မှာလည်း အင်္ဂလိပ်စကားမတတ်တဲ့ မက်စီကိုနဲ့ အင်းဒီးယမ်း
လူမျိုးတွေပဲ ရှိတာကြောင့် သူအဖော်မဲ့နေခဲ့တယ်။ ဒီလိုအပူဒဏ်နဲ့
အထီးကျန်မှုကို မခံနိုင်တဲ့အဆုံး အရာအားလုံးကို စွန့်ပြီး
သူပြန်ခဲ့မယ့်အကြောင်း ဖခင်ဆီSelmaစာရေးလိုက်တယ်။ စာပို့ပြီး မကြာဘူး
ဖခင်ဆီက ပြန်စာကို သူလက်ခံရခဲ့တယ်။ စာက တိုတိုလေးပဲ ရေးထားတယ်။
"တဲအိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်တဲ့ လူနှစ်ယောက်..
တစ်ယောက်က ရွံ့တွေမြင်ခဲ့တယ်။ ကျန်တစ်ယောက်က ကြယ်လေးတွေကို မြင်ခဲ့တယ်"
ဖခင်ရဲ့စာကို ဖတ်ပြီး သူအရမ်းရှက်ရွံ့မိတယ်။ သဲကန္တာရမှာ "ကြယ်" တွေကို
ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ နယ်ခံလူတွေနဲ့ ရင်းနှီးအောင် သူစပြီး
မိတ်ဆွေဖွဲ့တယ်။ သူတို့ရဲ့ ယက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်းတွေကို Selma
စိတ်ဝင်စားလာခဲ့တယ်။ သဲကန္တာရမှာ ပေါက်ရောက်နိုင်တဲ့ ရှားစောင်းပင်နဲ့
အခြားအပင်တွေကို သူလေ့လာခဲ့တယ်။ နေဝင်ဆည်းဆာ အလှတွေကို ကြည့်ရှုခံစားပြီး
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သဲကန္တရ ပင်လယ်ဖြစ်စဉ် ကျန်ခဲ့တဲ့
ခရုသင်းခွံတွေကိုပါ သူစိတ်ဝင်စားလာခဲ့တယ်။
အထီးကျန်ပြီး အနေခက်တဲ့ နေရာလေးက ခုတော့ Selma အတွက် စိတ်ဝင်စားစရာ၊
အထူးအဆန်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။ ဒီပျော်ရွှင်မှုအတွက် အမှတ်တရ
ခရီးသွားစာအုပ်အဖြစ် "Happy Palace" ဆိုတဲ့ စာအုပ်တစ်အုပ်ကို
သူရေးသားထုတ်ဝေခဲ့တယ်။
ဘယ်အရာတွေက Selma ကို ပြောင်းလဲစေခဲ့သလဲ?
သဲကန္တာရက သူ့ကို မပြောင်းလဲခဲ့သလို နယ်ခံ အင်းဒီးယမ်းတွေလည်း သူ့ကို
မပြောင်းလဲစေခဲ့ပါဘူး။ သူ့ကိုပြောင်းလဲစေခဲ့တာက သူ့ရဲ့စိတ်နေသဘောထားတွေပဲ
ဖြစ်တယ်။ တခဏတွင်းမှာပဲ ပျင်းရိပူပြင်းတဲ့ ပတ်ဝန်းကျင်က သူ့အတွက်
ပျော်စရာနဲ့ အဓိပ္ပါယ်ရှိတဲ့ နေရာဖြစ်သွားခဲ့တယ်။ နောက်ဆုံးမှာ
သူ့ကိုယ်ပိုင် "ကြယ်လေး" တွေကို Selma ရှာတွေ့ခဲ့တယ်။
ပျော်ရွှင်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းက အမွှာညီအစ်ကိုတွေ ဖြစ်တယ်။ မတူတာက
ကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်။ နွေနဲ့ဆောင်းလို့ပဲ... တကယ်လို့ နွေရာသီကို
ကိုယ်နှစ်သက်တယ်ဆိုရင် ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကို နွေက
သယ်ဆောင်လာလိမ့်မယ်လို့ ထင်တတ်ကြတယ်။ ဆောင်းရောက်ရင်ရော? ဆောင်းက
ကိုယ့်အတွက် နာကျင်ဝမ်းနည်းခြင်း သယ်ဆောင်မလာပါဘူး။ ဒါပေမယ့် နွေကို
ပိုနှစ်သက်မိတဲ့အတွက် ဆောင်းကို လျှစ်လျှူရှူမိတတ်ကြတယ်။ ဒါကြောင့်
ဆောင်းရောက်တိုင်း နာကျင် ဝမ်းနည်းမှုတွေကို ခံစားရတယ်။ နွေနဲ့ဆောင်းကို
မျှခံစားကြည့်မှ မတူတဲ့ရာသီတွေမှာလည်း ပျော်ရွှင်ခြင်းတွေရှိကြောင်း
ကျွန်မတို့ သိနိုင်မှာဖြစ်တယ်။
လောကကြီးမှာ မတူတဲ့ရှုထောင့်၊ အမြင်တွေကြောင့် အကောင်း၊ အဆိုးနဲ့
ပိုင်းဖြတ်လို့မရတဲ့ အရာတွေ အများကြီးရှိတတ်ကြတယ်။ ဒါကြောင့်
ကိစ္စရပ်တစ်ခုခုနဲ့ ကြုံကြိုက်တဲ့အချိန် ပျော်ရွှင်ခြင်းကို သိမ်းဆည်းပြီး
စိတ်ဆင်းရဲခြင်းကို ဘယ်လိုကွေ့ရှောင်သွားမယ်ဆိုတာ သိဖို့
ပိုအရေးကြီးပါတယ်။
၁၉ရာစုမှာ ဂျာမဏီစိတ်ပညာရှင် Arthur Schopenhauer က"အရာဝတ္ထုတွေက လူတွေကို
အကျိုးမသက်ရောက်စေဘူး။ အရာဝတ္ထုကို ကြည့်တဲ့ လူတွေရဲ့အကြည့်တွေကသာ
သူတို့ကို ပြန်အကျိုးသက်ရောက်စေတာ ဖြစ်တယ်" လို့ ပြောခဲ့တယ်။
ဘဝက အနုပညာပါ။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းက
ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မှုတည်ခဲ့ပါတယ်။ သေးမွှားတဲ့
စိတ်ဆင်းရဲခြင်းတွေနဲ့ ကိုယ့်မျက်လုံးအစုံကို မဖုံးအုပ်ထားရင်...
နာကျည်းခြင်းတွေနဲ့ ကိုယ့်စိတ်ဝိညာဉ်ကို မဖိထားရင် ...
ပျော်ရွှင်ခြင်းတွေက ကောင်းကင်ပေါ် ပက်ကြဲထားတဲ့ ကြယ်လေးတွေလို့
ကျွန်မတို့ရဲ့ ဘဝထောင့်ချိုးတိုင်းမှာ လင်းလက်နေတယ်ဆိုတာ
တွေ့ရပါလိမ့်မယ်။
ဖခင်ရဲ့စာထဲကနေ သူစိတ်ဆင်းရဲရတဲ့ရင်းမြစ်ကို Selma ရှာတွေ့ခဲ့တယ်။
စိတ်ဆင်းရဲတာတွေကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ရင်ဆိုင်ဖြေရှင်းမလဲ?
ကိုယ့်စိတ်ထား၊ ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပျော်ရွှင်တဲ့စိတ်ထားနဲ့
ရင်ဆိုင်ဖြေရှင်းရင် ပျော်ရွှင်ခြင်းကို ကိုယ်ရမယ်။ မရင်ဆိုင်နိုင်ခဲ့ရင်
စိတ်ဆင်းရဲခြင်းပေါ် စိတ်ဆင်းရဲခြင်းထပ်ပြီး ကိုယ်ပိုခံစားရလိမ့်မယ်။
ပျော်ရွှင်ခြင်းကို ယူမလား? လက်လွတ်မလား? ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတော့တယ်။
--
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူ
Thursday, April 23, 2009
ဘ၀ဆိုတာ တိုတိုလေးပါ။
သတ်မှတ်ချက်တွေကို ချိုးဖျက်လိုက်ပါ။
မြန်မြန်ဆန်ဆန် ခွင့်လွှတ်ပါ။
စစ်မှန်စွာ ချစ်ပါ။
ရယ်ရယ်မောမော အမြဲနေပါ။
ဘယ်တော့မှ ပြုံးနေတာကို ရပ်မပစ်လိုက်ပါနဲ့။
ဘ၀ဆိုတာ ဘယ်လောက်ပဲ ထူးဆန်းပါစေ ကိုယ်တို့ မျှော်လင့်တဲ့ ပျော်စရာပွဲတစ်ခုတော့ အမြဲမဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ်တို့ (အသက်ရှိထင်ရှား) ရှိနေသရွေ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ၀မ်းသာနေသင့်ပါတယ်။
ရွှေပြည်သူ (ဘာသာပြန်ပါသည်)
အချက်ပေးသံ
နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုမှာပေါ့...
ညနေ လေးနာရီ ၀န်ထမ်းအားလုံး (အယောက် ၅၀၀၀ လောက်) ရုံးထဲရှိနေချိန်မှာ မီးဘေးအချက်ပေးသံက ရုတ်တရက် ထမြည်လာပါတယ်။ လေ့ကျင့်ထားတဲ့ ထုံးစံအတိုင်း ရုံးတစ်ရုံးလုံးက လူတွေကို ၃ မိနစ်အတွင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းစေလိုက်ပါတယ်။ အားလုံးလည်း သတ်မှတ်ထားတဲ့နေရာမှာ စုဝေးနေပြီး နောက်ထပ်ကြေညာမယ့်အသံကို နားစွင့်နေကြပါတယ်။
အဲဒီအချိန်မှာ တာဝန်ရှိလုံခြုံရေးဝန်ထမ်းက အောက်ပါ ကြေညာချက်ကို ကြေညာလိုက်ပါတယ်...
“ဝန်ထမ်းများ ခင်များ..... စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်တော် ကြေညာရမှာကတော့ မိတ်ဆွေတို့တွေထဲက အတော်များများအတွက် ဒီအရေးပေါ်မီးသတ်လေ့ကျင့်ခန်းဟာ နောက်ဆုံးဖြစ်တယ် ဆိုတာပါပဲ။ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကုမ္ပဏီဟာ ဝန်ထမ်း ၅၀% ရာခိုင်နှုန်းကို လျော့ချလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကြေညာချက်ပြီးတာနဲ့ အားလုံးပဲ အဆောင်အအုံထဲကို ပြန်ဝင်ကြည့်ပြီး ကိုယ့်ရဲ့ဝင်ခွင့်ကဒ်ကို စက်က လက်မခံတော့ဘူးဆိုရင် မိတ်ဆွေဟာ ဝန်ထမ်းလျော့ချတဲ့အထဲမှာ ပါဝင်ပြီး အထဲကို ဝင်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း မနက်ဖြန် မိတ်ဆွေဆီကို အရောက်ပို့ပေးမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းသစ်ကို သုံးရတဲ့ အကြောင်းရင်းတွေကတော့ ကုမ္ပဏီရဲ့ Email Account တွေထဲမှာ အလုပ်ကရပ်စဲတဲ့စာတွေ၊ ထောင်နဲ့ချီတဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှုတ်ဆက်ခွဲခွာတဲ့စာတွေနဲ့ ပြည့်လျှံမသွားစေချင်သလို၊ ရုံးတွင်းမှာလည်း (အထုတ်ခံရသူနဲ့ ကျန်နေသူတို့ရဲ့) ရန်ပွဲတွေ နဲ့ အဲဒီ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်လာနိုင်တဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။
အားလုံးလည်း ကုမ္ပဏီအတွက် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်တလျှောက်မှာ စိတ်ကျေနပ်စေမှုရတဲ့ အလုပ်အကိုင် ဖြစ်ခဲ့လိမ့်မယ်လို့ မျှော်လင့်သလို ရှေ့လျှောက်ခရီးအတွက်လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
အဆောက်အအုံထဲကို ပြန်ဝင်ပြီး ကိုယ့်ရဲ့ကံကြမ္မာကို စမ်းသပ်နိုင်ကြပါပြီ ခင်ဗျာ...”
ရွှေပြည်သူ (ဘာသာပြန်ပါသည်)
လမ်းပေါ်က တယောသံ
ဝါရှင်တန်ဒီစီရဲ့ မြေအောက်မီးရထားဘူတာ တစ်ခုထဲမှာ လူတစ်ယောက် ထိုင်ပြီး တယောကို စတီးပါတယ်။ အေးမြတဲ့ ဇန်န၀ါရီမနက်ခင်းတစ်ခုမှာပေါ့..
သူဟာ ဘက်စ် (ဂျာမန်ဂီတပညာရှင်) ရဲ့ သံစဉ် ၆ပုဒ်ကို ၄၅ မိနစ်ကြာလောက် တီးနေပါတယ်။ တီးနေတဲ့အချိန်ဟာ အားလုံး အလျင်လိုနေတဲ့ ရုံးတက်ချိန် ဖြစ်တာကြောင့် ထောင်နဲ့ချီတဲ့ ရုံးသွားသူတွေဟာ ဘူတာထဲမှာ သွားလာနေကြတယ်လို့ တွက်ချက်ခန့်မှန်းလို့ ရပါတယ်။
သုံးမိနစ်အကြာမှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်က တယောသမားတစ်ယောက် တီးနေတယ်ဆိုတာ စသတိထားမိပါတယ်။ သူက လမ်းလျှောက်တာကို နှေးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ရပ်နေရင်းကနေ ချက်ချင်းပဲ သူ့အချိန်ဇယားအတိုင်း နောက်မကျအောင် အလောတကြီး ထွက်သွားပါတယ်။
နောက်တစ်မိနစ်အကြာမှာတော့ တယောဆရာဟာ သူ့ရဲ့ ပထမဆုံး ၁ဒေါ်လာကို ရလိုက်ပါတယ်။ အမျိုးသမီးတစ်ယောက်က ပိုက်ဆံကို ခွက်ထဲကို လှမ်းပစ်ပေးပြီး လမ်းလျှောက်တာကို မရပ်ဘဲ ဆက်လျှောက်သွားတာပါ။
မိနစ်အနည်းငယ် ကြာပြန်တော့ လူတစ်ယောက်က နံရံကိုမှီပြီး သူတီးနေတာကို လာနားထောင်နေပါတယ်။ ဒါပေမယ့် အဲဒီလူလည်း နာရီကိုကြည့်လိုက်ပြီး ထွက်သွားပြန်ပါတယ်။ သူရုံးနောက်ကျနေပါပြီ။
တယောဆရာကို အာရုံအစိုက်ဆုံးက ၃ နှစ်အရွယ် ကလေးတစ်ယောက်ပါ။ သူ့အမေဖြစ်သူက သူ့ကို သာသာလေး တွန်းရင်း အလျင်စလို ခေါ်နေပေမယ့် ကလေးက ရပ်ပြီး ကြည့်နေပါတယ်။ နောက်ဆုံး သူ့အမေက ခပ်ဆတ်ဆတ်လေး တွန်းလိုက်မှ နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဆက်လျှောက်သွားပါတယ်။ သူ့လိုမျိုး တခြားကလေး တချို့လည်း ပြုမူကြပေမယ့် မိဘတွေကတော့ သူတို့ကို ဆက်လျှောက်ဖို့ တွန်းရင်း ခေါ်သွားကြတာ ချည်းပါပဲ။
တယောဆရာတီးနေတဲ့ ၄၅ မိနစ်အတွင်းမှာ စုစုပေါင်း လူခြောက်ယောက်ကပဲ ခဏရပ်ပြီး နားထောင်ကြပါတယ်။ လူအယောက် ၂၀ လောက်က သူ့ကို ပိုက်ဆံပေးပေမယ့် မရပ်ဘဲ သူတို့ လျှောက်နေတဲ့နှုန်းအတိုင်း ဆက်လျှောက်သွားကြတာပါပဲ။ သူ ၃၂ ဒေါ်လာ လောက်ရလိုက်ပါတယ်။ သူတီးတာကို အဆုံးသတ်လိုက်တဲ့ အချိန်မှာတော့ တိတ်ဆိတ်မှုကသာ ကြီးစိုးသွားပြီး ဘယ်သူကမှ သတိမထားမိပါဘူး။ ဘယ်သူကမှ လက်ခုပ်မတီးသလို အသိအမှတ်တောင် မပြုကြပါဘူး။
လူတွေ မသိလိုက်တဲ့အချက်ကတော့ အဲဒီတယောဆရာဟာ ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Joshua Bell ဖြစ်တယ် ဆိုတာပါပဲ။ သူဟာ ဒေါ်လာ၃.၅သန်းတန် အင်မတန်အနုစိတ်ပညာသားပါတဲ့ တယောသံစဉ်ကို တီးခဲ့သူတစ်ယောက်ပါ။
မြေအောက်ရထားဘူတာမှာ မတီးခင် နှစ်ရက်အလိုတုန်းက ဘော့စတန်က ပြဇာတ်ရုံထဲမှာ လုပ်ခဲ့တဲ့ သူ့ရဲ့ပွဲဟာ လက်မှတ်အကုန်ကုန်ခဲ့ပြီး ခုံတွေရဲ့ ဈေးနှုန်းဟာ ပျမ်းမျှ ဒေါ်လာ ၁၀၀ လောက် ရှိပါတယ်တဲ့။
ဒါတကယ့်အဖြစ်အပျက် တစ်ခုပါ။ လူတွေရဲ့ ရှုမြင်ပုံ၊ အကြိုက် နဲ့ ဦးစားပေးမှုတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့အတွက် ဝါရှင်တန်ပို့စ်က Joshua Bell မြေအောင်မီးရထားဘူတာထဲမှာ ရုပ်ဖျက်ပြီး တယောတီးဖို့ကို စီစဉ်ခဲ့တာပါ။ အနှစ်ချုပ်ပြောချင်တာကတော့ ~ သာမာန်နေရာတစ်ခုမှာ... ပြီးတော့ မသင့်တော်တဲ့ အချိန်မှာ လူတွေဟာ အလှတရားတွေကို သတိပြုမိကြရဲ့လား? အဲဒါကို အသိအမှတ်ပြု ခံစားဖို့ အချိန်ယူ ရပ်တန့်ကြရဲ့လား? မျှော်လင့်မထားတဲ့ အရာတွေဆီက ထူးခြားတဲ့ အရည်အသွေးတွေကိုရော သတိထားမိကြရဲ့လား?
ဒီအတွေ့အကြုံကနေ ကောက်ချက်ချနိုင်တာတွေထဲက တစ်ခုကတော့ ~ ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တစ်ယောက်က ကမ္ဘာ့အကောင်းဆုံးသံစဉ်တွေကို တီးနေတာကို ရပ်နားထောင်ပြီး ခံစားဖို့ အခိုက်အတန့်လေးတောင် မရှိဘူးဆိုမှတော့... ကိုယ်တို့ ဘာတွေကိုများ ဘယ်လောက် လက်လွတ်ခဲ့ကြပြီလဲ...?
ရွှေပြည်သူ (ဘာသာပြန်ပါသည်)
Saturday, March 7, 2009
တွေ့ဆုံချိန်မှာ တန်ဖိုးထား
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။
မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို
တစ်ခါမှ မတွေးခဲ့မိဘူး။ လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ
ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက်
တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။
ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ
ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?
ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း
အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား
လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။
တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ
နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။
တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ....
တွေ့ဆုံခြင်းပါတဲ့။
ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ
ရှိခဲ့ကြတယ်ဆိုတာကို အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့
တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။
တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ လမ်းဖြတ်ကူးသလိုပဲ
ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့
သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက်
ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊
အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်။
Tuesday, March 3, 2009
ဘဝ
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။
သားလက်ကို ဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး... တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။
အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။
ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။
ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။
"ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်" လို့ သူရေရွတ်ခဲ့မိတယ်။
မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ "ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?
ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။
"ကျေနပ်တယ်၊ ပြည့်စုံတယ်" ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။
မူရင်း.... ထိုင်ဝမ် စာရေးဆရာ Hong Wen Yong (候文詠) ၏ "ဘဝ" အား ဘာသာပြန်ခံစားသည်။
(You do all performance on everything is your morally.)
(အရာရာတိုင်းအပေါ် သင် ပြုမူဆောင်ရွက်သမျှ ကိစ္စတိုင်းသည် သင့်ဧ။် ကိုယ်ကျင့်တရားပင် ဖြစ်သည်။)
အားတက်စေသည့်... စကားလုံးများ....
၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား
ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင် အချိန်ရွှေ့ ကြည့် လိုက်ပါ။ အခုကိစ္စတွေက နောင်တစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လိုဖြစ်လာမလဲ ဆိုတာမျိုး စဉ်းစားလိုက်တာကို အချိန်ရွှေ့တယ်လို့ခေါ်တာပါ။ အဲလိုရွှေ့ကြည့်လိုက်ရင် အရေးကြီးတယ်ဆိုတဲ့ ထင်နေတဲ့ ကိစ္စတွေဟာ အရေးမကြီးတော့တာကိုတွေ့ရပါမယ်။ ကားပျက်သွားတာ၊ မီးမလာတာ၊ ခြေထောက်ကျိုးသွားတာ၊ လူကြီးအဆူခံရတာ…စတဲ့အသေးအဖွဲတွေကို ကိုယ့်ရဲ့စိတ်ထဲ ထည့်မိလို့  စိတ်ရှုပ်ရတာ လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒါတွေကြောင့်စိတ်ပင်ပန်းမခံပါနဲ့။ ကိုယ့်စိတ်ဓာတ်အင်အားကျဆင်းပါတယ်။ အရင်နှစ်တွေက ဖြစ်ရပ်တွေပြန်စဉ်းစားကြည့်ပါ။ အခုတော့ ဘာဖြစ်သေးလဲ။ ကြုံသမျှကို ပေါ့ပေါ့တန်တန် ဖြတ်ကျော်ဖို့ အဖြစ်ကလေးလုပ်ပြီး အချိန်ကုန်အောင်စောင့်နေဖို့ပြောတာမဟုတ်ပါဘူး။ အဲလိုလုပ်နေရင် အလုပ်ပြုတ်မှာပါပဲ။ လျှောမွှေးကို ဗာရာဏသီမချဲ့ဖို့ပြောတာပါ။ ဘ၀ကိုအရှိအတိုင်း လက်ခံဖို့ပြောတာပါ။ ပြသနာရှိရင်လဲ ရှိနေတယ်လို့ အသိအမှတ်ပြုလိုက်ပါ။ အသေးအမွှားကို အကြီးမချဲ့ဖို့ အရေးကြီးကြောင်း ပြောတာပါ။ စိတ်မကောင်းစရာ တွေကြုံလာရင်လက်ခံလိုက်ပါ။ ပြီးရင် ပိုကောင်းမယ့်နည်းလမ်းကို စဉ်းစားဖို့သာဖြစ်ပါတယ်။ ပြသနာကို ဒီလိုချဉ်းကပ်လိုက်တော့ စိတ်ဆင်းရဲတာလည်းနည်းပါးသွားမယ်။ အောင်မြင်ရေးလမ်းစတွေလဲ တွေ့ လာလိမ့်မယ်။
လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီးပဲလို့ တွေးလိုက်ပါ။ သူတို့အပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီဖို့ နည်းလမ်းတွေရှာကြည့်ထားရမယ်၊ဒါမှကြုံရင်ကူညီနိုင်မှာဆိုတာမျိုးတွေးပါ။
၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။
လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို ချီးမွမ်းချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဖိစီးမှုဆိုတာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် တာမို့  ကြာတော့ မနိုင်ဝန်ထမ်းမိတာဖြစ်လာတာပေါ့။ အဲဒီအခါမျိုးကျတော့လည်း ခံနိုင်ရည်အား တိုးမြှင့်ပေးသနားပါဆိုတာမျိုးတွေဖြစ်လာရော။ ဖိစီးမှုဆိုတဲ့ သဘောက ၀န်နဲ့အား၊ လေးနဲ့မြှား သဘောမျိုးမို့ များများခံနိုင်လေ များများထမ်းရလေပါပဲ။ ဒဏ်ခံနိုင်အားကို တိုးမြှုင့်ပေးတာဟာ ကုထုံးမဟုတ်ပါဘူး။ ၀န်ထုပ် ၀န်ပိုးတွေ များလာပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အရှိန် ကိုယ်လျှော့နိုင်ဖို့ပါပဲ။ လုပ်ရမယ့် စာရင်းတွေ ကြည့်လိုက်ပါ။ သိပ်များလွန်းနေရင် ဘယ်အချက်မှာလျှော့ပြီး လမ်းခိုးလျှောက် အသက်၀၀ရှုရမလဲဆိုတာ ကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ snow-ball effect ရှိပါတယ်။ နှင်းဖြူဖြူအခဲလေးကို လုံးပြီး ဆင်ခြေလျှောအတိုင်း ပစ်ချရင် လိမ့်ဆင်းရင်းဆင်းရင်းနဲ့ နှင်းခဲတွေထပ်ထပ်ကပ်ပြီး ကြာလေ အလုံးကြီးဖြစ်လာတတ်ပါတယ်။ အရွယ် ငယ်တုန်းမှာ ဖမ်းပြီး ရပ်တန့်လို့ရပေမယ့် အလုံးကြီးပြီး အရှိန်သိပ်ရလာတဲ့အခါမျိုးကြရင် သူ့ သဘော သူဆောင်တာကို ထိန်းဖို့ခက်ပါလိမ့်မယ်။ ဖိစီးမှုနဲ့ အလုပ်လုပ်ရတာ ထင်သလောက်ခရီးမရောက်ပါဘူး။ တွန်းအားတွေရှိမှ ပိုအလုပ်လုပ်ဖြစ်တယ်ဆိုတာမှာ အဲဒီတွန်းအားဟာmotivation ဖြစ်ပါတယ်။ Stress ရှိနေရင် အလုပ်ကောင်းကောင်း မထွက်ပါဘူး။ ခဏလောက် စိတ်လွတ်ကိုယ်လွတ် နားပြီး အပန်းဖြေလိုက်။ ဖိစီးမှုတွေ လျှော့ပြီး လုပ်ရကိုင်ရတာ ပိုပြီးတွင်ကျယ်လာတာတွေ့ လိမ့်မယ်။
၃။ သူမှန်တယ်လို့ သာ များများတွေး
"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား"လို့  ကိုယ့်ကိုကိုယ် ပြန်မေးနေ သင့်တဲ့ မေးခွန်းပါ။ "အမှန်တရားဟာ ကိုယ့်အတွက် စိတ်ချမ်းသာစရာ ဖြစ်ချင်မှ ဖြစ်မယ်၊ ကိုယ်ကျေနပ်နေတဲ့ အဖြေဟာ အမှန်တရား ဖြစ်ချင်မှဖြစ်မယ်။"
မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလိုက်ရတဲ့အခါမျိုးမှာ အဲဒီလိုကျေးဇူးတင်ဖူးလို့လား။ လူဆိုတာကိုယ်ကပဲ ဆရာကြီးလုပ်ချင်တာ၊ ကိုယ့်လာဆရာလုပ်ရင် မုန်းတတ်ကြတာ။ အမှန်တရားဆိုတာ ကိုယ်လက်ခံပြီး ရပ်တည်ပေးရမယ်ဆိုတာ မှန်ပါတယ်။ Yes, But ဆိုတာမျိုးနဲ့ ချဉ်းကပ်သင့်ပါတယ်။ ကိုယ့်ခံယူုချက်မပြောင်းဘဲ မေတ္တာထားပြီး အလျှော့ပေးကြည့်ပါ။ သူ့ ဘက်ကကြည့်ရင် မှန်ကောင်းမှန်နေလိမ့်မယ်လို့ တွေးကြည့်ပါ။
နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။ ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံတန်ရုံ သည်းခံနိုင်စွမ်းရှိလာရင်ပဲ အောင်မြင်မှု တွေရလာပါမယ်။ သေရေးရှုင်ရေးမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ သည်းခံနိုင်ဖို့က နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ ဘယ်လိုလဲဆိုတော့" ဒါဟာ အသေးအဖွဲပဲ၊ သည်းခံလိုက်ရင်ရတယ်"လို့  နှလုံးသွင်းတတ်ဖို့ပါ။
၎။ ကိုယ့်ဘက်ကစလျှော့
တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လိုက်ရင် ကိုယ့်စိတ်ငြိမ်းချမ်းမယ်။ သူ့အပူ သူဆက်မွေးမမွေးဆိုတာ သူ့ တာဝန်၊ သူ့ အလုပ်ပါ။ အသေးအမွှားကိုမေ့တတ်ပြီး စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်ယူနို်င်တာ ကိုယ့်အရည် အချင်း၊ ကိုယ့်အမြတ်ပါ။
၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့
ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ။
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ။
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ
ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ပြီး "ငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့" အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။ အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပရစေ။ "ကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ်ကိုစိတ်ဝင်စားမှုအပြည့်နဲ့ တတ်မြောက်ချင်တယ်ဆိုတဲ့ထက်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင် ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ "။ ဒီစကားဟာကျွန်တော်လက်တွေ့ ကျင့်သုံးလို့အကျိုးရှိလို့ မိတ်ဆွေတို့ကိုပြောတဲ့ တန်ဖိုးရှိတဲ့စကားပါ။
နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ် ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။
၆။ အရှုပ်ထဲမှာရှင်းအောင်နေ
မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။
၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး
စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှိပါတယ်။ လောဘနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့လုပ်ချင်တာ၊ လိုချင်တာ၊ ဖြစ်ချင်တာတွေများပြီး ကြာတော့လောကကြီးကို အပျက်မြင်လာတဲ့ မပျော်ရွှင်သူကြီးဖြစ်လာပါတယ်။ ကိုယ့်မှာတကယ်ရှိတာကို အာရုံစိုက်လိုက်ရင်ဒီပြသနာရှင်းသွားပါတယ်။ ကိုယ့်ချစ်သူကိုမကျေနပ်ဖြစ်လာရင် သူ့ ကောင်းကွက်ကလေးကိုတွေးကြည့်ပါ။ နိုင်ငံခြားကကျောင်း မတက်နိုင် သေးရင် တက်နိုင်တဲ့သင်တန်းအရင်တက်ပါ။ ၀င်ငွေနည်းတယ်လို့ ထင်ရင် အလုပ်ရှိတာတော်သေးတယ်လို့ တွေးပါ။ အလုပ်က စိတ်ပျက်စရာကောင်းတယ်၊အောက်တန်းကျတယ်လို့ ထင်ရင် အဲဒီအလုပ်ကိုပဲ စိတ်ဝင်တစားနဲ့ ကောင်းကောင်းလုပ်ကြည့်ပါ။
ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။
၈။ ရောက်ရာအရပ်မှာပျော်အောင်နေ
ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်း လုပ်ရပ်တစ်ခုမှတစ်ခု ကူးပြောင်းသွားတာလို့ ဆိုတယ်။ There will be a better tomorrow. ဆိုတဲ့စကားမျိုးဟာ မျှော်လင့်ချက်နဲ့ ရှင်သန်လိုစိတ်ကို တွန်းအားပေးပါတယ်။ လူဆိုတာ တစ်နေ့တော့ ကောင်းလာမှာပါ။ Someday something will turn up. ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုထားကြစမြဲပါ။တစ်ချို့ ကအဲဒီလိုကောင်းလာဖို့ ပြင်ဆင်မှုတွေလုပ်ကြတယ်။ တစ်ချို့ကြတော့ ကံကောင်းလာဖို့ ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။
ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့မရဘူး။ လက်ငင်းအခြေအနေမှာ ပျော်အောင်တတ်မှ ရှေ့ ဆက်ဖို့ အားအင်တွေရှိလာမယ်။ကိုယ်တကယ်နေထိုင်ရတာ ပစ္စုပန်ဘ၀အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ မပျော်ဘဲ နောက်အဆင့်ကျမှ ပျော်မယ်လို့ ဆုံးဖြတ်ထားတဲ့လူဟာ မပျော်ရဖို့ များပါတယ်။ လက်ရှိကိုယ့်ဘ၀ အဆင့်ကို မွေ့ လျော်စိတ်နဲ့ ဖြတ်သန်းရင်း ရှေ့ ဆက်တက်ဖို့ ကြိုးစားတာပဲကောင်းပါတယ်။
၉။ လုပ်တတ်ဖို့ လိုသည်
Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။
ဘာအရေးကြီးဆုံးလဲ စဉ်းစား၊
ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊
အချိန်ဇယားဆွဲ၊
လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊
အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊
အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်းကိုသုံး။
အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။
၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်
အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။
လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ့ပဲ လုံးထွေးရစ်ပတ်ပြီး မိသားစု ကိုမေ့ထားတတ်ကြတယ်။ဘ၀မျှော်မှန်းချက်တွေကိုနေ့စဉ်လုပ်ငန်းနဲ့ဖုံးဖိတတ်တယ်။လုပ်စရာတွေပေါ်လာတိုင်း လိုက်ဖြေရှုင်းရင်းနဲ့  စိတ်ငြိမ်ဆေးတွေ သောက်ပြီး ရပ်တည်ရတဲ့ဘ၀ကိုရောက်ရတယ်။ ကျွန်တော် အပါအ၀င် ဘယ်သူမဆို အသေးအဖွဲကို ပုံကြီးချဲ့ ဖူးကြတာပါပဲ။ အနီးကပ်အသေးအဖွဲကိုပဲမြင်တတ်ရင် အရှည်အဝေးကို မေ့တတ်ပါတယ်။ သစ်ပင်ကိုပဲဂရုစိုက်နေရင် သစ်တောကိုမေ့သွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်း နေတတ်ဖို့ ကြိုးစားသင့်ပါတယ်။ အားလုံးအရေးကြီးတယ်ဆိုတဲ့  အဖြစ်မျိုးကို ပြန်စစ်ဆေးသင့်ပါတယ်။ တချို့ အသေးအဖွဲတွေကို အသေးအဖွဲလို့ပဲ မြင်တတ်အောင်ကြိုးစားပါ။ လမ်းတွေ့ သမျှကို လိုက်ကြည့်ပြီး စိတ်ဝင်တစား လုပ်နေရင် လိုရာခရီးမရောက်ဘူးဆိုတာ သတိရပါ။
၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ
ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက်ကို ကလေးပေါက်စ တစ်ယောက် အဖြစ် စိတ်ကူးထဲမြင်အောင်ကြည့်လိုက်ပါ။ ဘာမှမသိသေးတဲ့ လူမမယ်လေးပေါ့။ ပြီးရင်အဲဒီလူကိုပဲ နောက်ထပ် နှစ်ရှစ်ဆယ်လောက် ထည့်ပေါင်းပြီး လူအိုကြီးတစ်ယောက်အသွင် မြင်ကြည့်လိုက်ပါ။ ကလေးဆိုတာ ဘာမှမသိ လို့မှားကြတာ၊ လူအိုကြီးတွေကျတော့ အတိတ်ကမှားခဲ့တာကိုတွေးပြီး ၀မ်းနည်းကြေကွဲနေတာ။ အဲဒီလို တွေးကြည့်ရင်မေတ္တာစိတ်တွေ စီးဝင်လာပါလိမ့်မယ်။ခွင့်လွှတ်နိုင်လာပြီး စိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်။ အပျက်စိတ်တွေ၊ ဒေါသတွေပေါ်လာရင် ဒီလို ကုစားကြည့်ကြပါ။
Monday, March 2, 2009
နေရာ
တခါက တက္ကသိုလ် တခု၏ ဟောပြောပွဲ တခုတွင် ဖြစ်သည်။ ဟောပြောမည့် ဆရာမှာ နာမည်ကြီး ဆရာတဦးဖြစ်သောကြောင့် ခန်းမတခုလုံး ပြည့်လုနီးပါး ရှိနေပြီ။ ကျွန်တော်ရောက်သွားချိန်တွင် လူအများက လမ်းဘေးဝဲယာ စင်္ကြ့တလျောက်တွင် နေရာဦးထားပြီးဖြစ်သည်။ အ၀င် အထွက်ခက်သော အလယ်ခုံနှင့် နောက်ဆုံးခုံများတွင် နေရာလွတ် အနည်းငယ် ကျန်နေသေးသဖြင့် နေရာလွတ်တခုတွင် ကျွန်တော် ထိုင်လိုက်ပြီး စင်ပေါ်သို့လှမ်းကြည့်မိလိုက်သည်
ဟောပြောပွဲသို့ ကျောင်းသားများ တဖွဲဖွဲ ထပ်ရောက်လာပြီး တခဏချင်း ခန်းမတခုလုံး ပြည့်သွားသည်။ ဟောပြောပွဲစသောအခါ ဆရာက စင်ပေါ်မှ ဆင်းပြီးခန်းမ၏ နောက်ဆုံးခုံတန်းထိ လျောက်သွားသည်။ ထိုနောက် အလယ်ခုံတွင် ထိုင်နေသော ကျောင်းသူတဦးအား ထိုးပြကာ ကျောင်းသားများဖက် လှည့်ပြီး " တပည့်တို့ ဟောပြောပွဲ မစခင် ဒီကျောင်းသူကို ဆရာအရင်ဆုံး ဂါရ၀ပြုပါရစေ" ပြောရင်းဆိုရင်း ဆရာက ထိုကျောင်းသူအား ဦးညွှတ် အလေးပြုလိုက်သည်။
ခန်းမမှာ ခဏမျှ အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ဘာကြောင့် ထိုကျောင်းသူအား ဆရာက အလေးပြုရသလဲ... လူအများက သိချင်နေကြသည်။ ဆရာက အလေးပြုရာမှ ဦးမတ်လိုက်ပြီး ညင်သာသော အသံဖြင့် " ဆရာသူ့ကို အလေးပြုရတဲ့ အကြောင်းက သူဟာ အထဲဆုံးခုံကို ရွေးခဲ့လို့ပဲ" ဆရာ၏ စကားကို ကြားသော် ကျောင်းသားများက လှုပ်လှုပ်ရွရွဖြစ်လာကြပြီး တယောက်တပေါက် တီးတိုး ထင်မြင်ချက်တွေပေးကြသည်။
ဆရာက ဆက်၍.... "ဆရာဟာ ဒီခန်းမကို အရင်ဦးဆုံး ရောက်လာခဲ့သူပါ။ ကျောင်းသူကျောင်းသားတွေ ခန်းမထဲ စ၀င်လာတာကို ဆရာထိုင်ပြီး သတိထား ကြည့်နေခဲ့တယ်။ အရင်လာတဲ့ ကျောင်းသားတွေဟာ ၀င်လာတာနဲ့ နေရာကောင်းတွေကို ဦးထားကြတယ်။ စင်နဲ့နီးတဲ့ လမ်းဘေး ၀ဲယာတလျောက်ဟာ သူတို့အတွက် အကောင်းဆုံး နေရာပေါ့။ ၀င်လို့ ထွက်လို့ကောင်းမယ်။ စင်နဲ့လည်း နီးတော့ ကောင်းကောင်း ကြားရတာပေါ့။ ဒီကျောင်းသူဝင်လာတော့ ဆရာသတိထားမိတယ်။ သူဝင်လာတုန်းက စင်နဲ့ နီးတဲ့ နေရာတွေမှာ နေရာလွတ်တွေ ရှိနေသေးတယ်။ ဒါပေမဲ့ သူဟာနောက်ဆုံးတန်းထိလျောက်ပြီး အထဲဆုံးမှာ သွားထိုင်နေတယ်။ အဲဒီနေရာက ၀င်လို့ထွက်လို့လဲ မလွယ်ဘူး။ သူဟာ နေရာကောင်းကို တခြားလူအတွက် ချန်ပေးပြီး ကိုယ့်အတွက် ကျတော့  မကောင်းတဲ့ နေရာကို ယူတယ်။သူ့ရဲ့ ဒီလိုစိတ်ဓာတ်ကို လေးစားပြီး အလေးပြုဖို့ မသင့်ပေဘူးလား"
ဆရာက ဆက်၍ "နောက်ပိုင်း ဆရာ သတိထားမိတယ်။ နေရာကောင်းလို့ ထင်ပြီး ရွေးလိုက်တဲ့ ကျောင်းသားတွေဟာ ပိုဒုက္ခရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ခုံနဲ့နောက်ခုံရဲ့ အကွာအဝေးဟာ ကျဉ်းတယ်။ နောက်ရောက်လာတဲ့ ကျောင်းသားတွေက အထဲကို ၀င်ချင်ရင် အပြင် နေရာကောင်းမှာ ထိုင်နေတဲ့ လူတွေက ထထပေးရတယ်။ ဆရာ ခန့်မှန်းကြည့်တော့ နာရီဝက်အတွင်းမှာ အဲလို "နေရာကောင်း" ကိုယူထားတဲ့ ကျောင်းသားတွေ ထထပြီး လမ်းဖယ်ပေးရတာ ဆယ်ခါမကာဘူး။ အဲ.... ဟိုနောက်ဆုံး အထဲဆုံးမှာ ထိုင်နေတဲ့ ကျောင်းသူကတော့ ထပေးစရာမလိုဘဲ ငြိမ်ငြိမ်သက်သက်နဲ့ အနှောင့်အယှက်ကင်းကင်း သူ့စာအုပ်ကို သူဖတ်နေခဲ့တယ်။"
ဆရာက ခဏနားပြီး ခန်းမ တခုလုံးကို အကဲခတ် ကြည့်လိုက်သည်။ ထို့နောက် အားပါသော လေသံဖြင့်.....
" တပည့်တို့ မှတ်ထားကြပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ့်အတွက်ပဲလို့ ထင်လိုက်တဲ့ အချိန်မှာ ဒုက္ခဟာလဲ ကိုယ့်အတွက်ဖြစ်သွားတယ်။ ကိုယ့်စိတ်ထဲမှာ သူ့တပါးအတွက်လို့ ထင်လိုက်တဲ့ အချိန်မှာ သူတပါးက ကိုယ့်အတွက် အဆင်ပြေမူတွေကို မသိမသာနဲ့ ပေးနေခဲ့တယ်"
ဆရာ့စကားသံ အဆုံး ခန်းမတခုလုံး သြဘာသံများဖြင့် ဟိန်းသွားခဲ့သည်။ လက်ရှိဖြစ်ပျက်နေသော အဖြစ်တခုဖြင့် ဥပမာပေးပြီး ဆရာက လူ့ဘ၀တွင် ဆင်ခြင်သုံးသပ် သင့်သည့်အရာကို ရှင်းပြသွားခဲ့သည်။
တရုတ် နေရာ
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Friday, February 27, 2009
မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်
မိဘတွေရှိနေကြသေးရင်….
တစ်ရက်….မီးဖိုချောင်ဟာအရင်လို
တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော
တစ်ရက်….အိုးခွက်တွေဟာအရင်လိုမေ
တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်
တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….
တစ်ရက်….ဟင်းတွေငန်လာရင်….
တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….
တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကု
တစ်ရက်….သစ်သီးတွေစားရတာကိုမကြိ
တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာ
တစ်ရက်….အသွားအလာအရမ်းနှေးကွေး
သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..
တစ်ရက်….သူတို့အပြင်မထွက်တော့
သူတို့တကယ်အိုလာပါပြီ။
သားသမီးတွေရဲ့ပြုစုမှုကိုလိုလား
သူတို့ကိုအချိန်ပေးပါ…
စိတ်ရှည်ပါ…သည်းခံပါ…
သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်ေ
သူတို့ရဲ့အိပ်ယာတွေကို လဲပေးပါ…..သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်ပါဘူး….
မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ……
ရေချိုးပေးပါ….ကိုယ်တိုင်သန့်
သူတို့တွေစားလို့ရနိုင်တဲ့ အစားတွေချက်ထားပေးဖို့လည်း မမေ့ပါနဲ့…..
ကောင်းကောင်းဝါးနိုင်တဲ့ သွားတွေမရှိတော့ပါဘူး….
မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရာအားလုံးကိုမမေ့ပစ်ပါနဲ့…..
လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာရာ အခြေခံကနေ သင်ပေးခဲ့တယ်….
သူတို့တကယ် ဘာမှအလုပ်မလုပ်နိုင်တော့ဘူးဆို
အားလုံးမှတ်ထားကြပါ….မိဘတွေဟာကု
အားလုံးလဲတနေ့အိုလာကြမှာပါ….
အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ခြင်တယ်ဆိုတာ စဉ်းစားထားလား။
အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား။
သင့်မိဘကကော သင့်ကိုဘယ်အချိန်ထိစောင့်နေနို
ღnovemberpearlღ
တွင် လည်းဖတ်နိုင်ပါသည်.............Thursday, February 26, 2009
Your Life is not a Coincidence It's a Reflection of You!
"A little boy and his father were walking on the mountains.
Suddenly, his son falls, hurts himself and screams: "AAAhhhhhhhhhhh! !!"
To his surprise, he hears the voice repeating,
somewhere in the mountain:
"AAAhhhhhhhhhhh! !!"
Curious, the little boy yells: "Who are you?"
He receives the answer: "Who are you?"
And then the boy screams to the mountain: "You're Stupid"
The voice answers: "You're Stupid"
Frustrated at the response, the boy screams: "I Hate You"
He receives the answer: "I Hate You"
He looks to his father and asks: "What's going on?"
The father smiles and says: "My son, pay attention."
The man screams: "You are a champion!"
The voice answers: "You are a champion!"
The boy is surprised, but does not understand.
Then the father explains: "People call this ECHO, but
really this is LIFE. It gives you back everything you
say or do. Our life is simply a reflection of our actions.
If you want more love in the world, create
more love in your heart. If you want people
to respect you, respect them.
This relationship applies to everything, in all
aspects of life. Life will give you back everything you have given to it.
ဆရာနှင့် ကျောင်းသား
အတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊
ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်"
.... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း
မဖြေနိုင်တော့ပါဘူး...
နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်
"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့
မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ" ... သူကတော့
မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ
ဖြေဆိုနိုင်ခဲ့ပါတယ်....
ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင်
ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ
အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့
စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား"
လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်
(၂)
ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က"
တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို
ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။
ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး
"စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို
သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့
ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ"...
ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ...ဒါပေမဲ့
ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ
သတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"
လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး...သူလည်း အမှန်ပဲ ရေးလိုက်ပြီး
ဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်
အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ...
အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလည်းလို.
စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ.ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊
ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို
သူနားလည် လက်ခံနိုင်လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကို
ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ. ကြည့်ပြီး
ဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်ေ
ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...
(၃)
ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး
အပြစ်ပေးထားပါတယ်... အချိန်အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို.
လက်ယပ်ခေါ်လိုက်တယ်... ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားက
ရပ်နေတာကြာပြီဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို.
တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး
ထိုင်ချလိုက်ပါတယ်...အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်...
ဒါဟာ misunderstanding(နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် Body
Language လို.ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ်
စကားပြောဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ ဖြစ်တတ်ပါတယ်...
အဆိုးဝါးဆုံးကတော့ အထက်က ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion)
ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့စကားကို
တလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား
နားလည်သုံးသပ်မိတာတွေပါပဲ၊ ဘယ်ဘာသာစကားနဲ.ပဲပြောပြော ဘယ်လိုကြောင့်ပဲ
ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ.
ပြောတယ်ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင်
ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်...
(၄)
ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး
ဒီလိုပြောပါတယ်...
"မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ"
ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ ဆရာခိုင်းတဲ့
အတိုင်းလိုက်လုပ်ကြပါတယ်...
အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး...
"အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို. ထပ်ပြောပါတယ်...
ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း နားထင်ကို
လိုက်ထောက်ကြပါတယ်...ခဏနေမှ သူတို.မှားသွားမှန်း အားလုံးက
သဘောပေါက်လိုက်ကြပါတယ်... "ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"
ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ.ရပါလိမ့်မယ်...
တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို
အရင်ရောက်သွားတဲ့ သဘောပါ...အမြင်အာရုံဟာ အလင်းကို အခြေခံပြီး
အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်... အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက်
ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်...
ဒီသဘောတရားလေးကို ကောင်းစွာနားလည်မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ.
သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာ ထားမှသာလျှင်
ကိုယ်ပြောမယ့်စကား အရာထင်မှာပါ...
သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး မျက်နှာက
ပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ...
အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို. ငါ့ကို
ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့်
မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို.ကတော့ အလုပ်ထုတ်ပစ်မယ် ဆိုတဲ့
ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...
အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ...
လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင်
သူ.ရဲ့မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်...
(၅)
ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို.
မေးပါတယ်... ကျောင်းသားအားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်...
"အဖြူရောင်ပါ ..."
ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို.
မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးက အဖြူရောင်ပါလို. ဖြေကြပါတယ်...
"အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး
ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"... ကျောင်းသားအားလုံး
ဖြေရန် စွံ.အ သွားပါတော့တယ်...
ဒီအဖြစ်အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့ေ၀၀ါးဆန်းပြားမှုကို
တွေ.မြင်နိုင်ပါတယ်....
လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်က
ပိုပြီးချမ်းသာမယ် စသဖြင့်ပေါ့... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်း
မရှိသလို အစစ်အမှန်ဆိုတာလည်း မရှိနိုင်ပါဘူး... ဒါကြောင့် ပြသနာတစ်ခုကို
ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့
သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ တကယ့်အရှိတရား (Being) မှာပဲ
စူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး
မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...
(၆)
ဆရာက မေးပါတယ်...
"အဖြူမဟုတ်ရင် ဘာလည်းကွ"
အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...
တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ"
ကျနော်တို.လည်း လူ.လောကထဲက ပြသနာရပ် တော်တော်များများမှာ
အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability) များစွာကို
မစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View) တွေကိုသာ ရုတ်တရက်
စဉ်းစားမိတတ်ကြပါတယ်...ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ. အခြားလူ
ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူ
မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်... ကိစ္စရပ်တိုင်းမှာ
ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊ စဉ်းစားပုံ
စဉ်းစားနည်း (The Way Of Thinking) အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ်
ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေ
နားလည်ထားရပါမယ်...
"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး
ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့် ဘယ်သူ.ရဲ့ လမ်းကြောင်းက
ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ...
ပြသနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏ
မရဖို.၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို.
သိမိသမျှ၊ဖတ်မိသမျှ၊ ကျင့်ကြံအားထုတ်မိသမျှ ပေးဝေလိုက်ရပါသည်...
Thursday, February 19, 2009
အတွေး
Global Financial Crisis ကြောင့် တစ်ကမ္ဘာလုံးက လုပ်ငန်းရှင်တွေ၊
ကုမ္ပဏီတွေ စီးပွားရေးတွေကျ၊ ရောင်းအားတွေကျ၊ အရှုံးတွေပေါ် ဖြစ်နေတဲ့
အချိန်မှာ တန်ဖိုးကြီးအရက်တွေကို အဓိကရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့
Pernod Recard ကတော့ ရောင်းအား ၁၃ ရာခိုင်နှုန်းအထိ တက်လာတယ်လို့
သတင်းမှာ တွေ့လိုက်ရတော့ တော်တော်အံ့သြမိပါတယ်။ လူတွေ
စီးပွားရေးတွေကျလို့ စိတ်ညစ်ညစ်နဲ့ အရက်တွေပဲ ဖိသောက်နေကြလားလို့
စဉ်းစားမိပါတယ်။
အတွေး ၂
ကမ္ဘာအရပ်ရပ်မှာ ဖြစ်နေတဲ့ လူမျိုးရေးအဓိကရုဏ်းတွေ၊ တစ်နိုင်ငံနဲ့
တစ်နိုင်ငံ အသေအကြေတိုက်ခိုက်နေကြတဲ့ စစ်ပွဲတွေ၊
ကပ်ဘေးအမျိုးမျိုးဆိုက်နေတဲ့ ကမ္ဘာ့နိုင်ငံတစ်ချို့အကြောင်းေ
စသည်စသည်တို့ကို TV ကနေ Live ပြတာကို ကမ္ဘာအရပ်ရပ်က လူတွေကလည်း အပျင်းပြေ
ဖျော်ဖြေရေးအစီအစဉ်အလား ထိုင်ကြည့်နေကြတာ တွေ့ရတော့ လူတွေမှာ
ကိုယ်ချင်းစာစိတ်တွေ ဘယ်ရောက်ကုန်ပြီလဲလို့ စဉ်းစားမိပါတယ်။
အတွေး ၃
Five star hotel တွေမှာ တစ်ညကို ဒေါ်လာရာချီပေးပြီး သွားနေကြတဲ့လူတွေကို
"ခင်ဗျားတို့ တစ်ညမှာ သုံးလိုက်တဲ့ပိုက်ဆံက ကျုပ်တို့ဆီမှာ
အိမ်ခန်းတစ်ခန်း တစ်နှစ်ငှားလို့ရတယ်၊ အဲ့တော့ ဒီတစ်ညတော့
ကျုပ်အိမ်မှာလိုက်အိပ်ပြီး အဲ့ဒီပိုက်ဆံတွေ ကျုပ်ကိုပေးပါ" လို့
သွားပြောလိုက်ရင် သူတို့တွေ ဘယ်လိုတုံ့ပြန်ကြမလဲလို့ စဉ်းစားမိပါတယ်။
အတွေး ၎
စစ်ပွဲတွေမှာ သုံးနေကြတဲ့ တစ်ချိုးဒုံးကျည်တွေက ဒေါ်လာ သန်းချီတောင်
တန်တယ်လို့ ကြားရတော့ ဆင်းရဲတဲ့နိုင်ငံတစ်ခုပေါ် ပစ်လိုက်တဲ့
ဒုံးကျည်တစ်ခု မကွဲဘဲ အကောင်းအတိုင်း မြေပြင်ပေါ်ရောက်သွားလို့ကတော့
အဲ့ဒုံးကျည်ကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းစားပစ်မယ်လို့
စဉ်းစားမိပါတယ်။
အတွေး ၅
ဆေးကုမ္ပဏီတွေရဲ့ တောင်းဆိုမှုကြောင့် လူနာတွေကို မလိုအပ်ဘဲနဲ့
ဆေးတွေအများကြီးပေးတတ်တဲ့ ဆရာဝန်တစ်ယောက် နောင်ဘ၀မှာ ငရဲမင်းရှေ့မှာ
အစစ်ခံရရင် ဘယ်လိုဆင်ခြေမျိုးပေးမလဲလို့ စဉ်းစားမိပါတယ်။
သင့်စိတ်ရင်းဘယ်မှာလဲ
လူ့လောကမှာပျော်ရွှင်စွာ နေထိုင်နေကြတာကို မကောင်းဆိုးဝါးကြီး က တွေ့တော့ "ဒီလူတွေကို နှောက်ယှက်ရမယ်။ ငါ့ ကိုမေ့နေကြတယ်။ " ဆိုပြီး မကောင်းဆိုးဝါးလေးတစ်ကောင် ကို လယ်သမားတစ်ဦးကို အကျင့် ပျက်အောင် လုပ်ခိုင်းစေခဲ့
တယ်။ လယ်သမားက လယ်ထွန်ရင်း သူ့ဘ၀ကို သူကျေနပ်တင်းတိမ်နေခဲ့တယ်။
မကောင်းဆိုးဝါးလေးက ထိုလယ်မြေတွေကို မာကြောအောင် ပြုလုပ်လိုက်တယ်။ လယ်သမားက ခဏနားလိုက် ဆက်ထွန်လိုက်နဲ့ ငြီးငြူသံ ကို လုံးဝမကြားရဘဲ လက်လျော့ပြီး ပြန်သွားရှာတယ်။
မကောင်းဆိုးဝါးနောက်တစ်ယောက်ကို စေလွတ်ပြန်တယ်။ ဒါနဲ့ သူဟာ လယ်သမားရဲ့ ပိုင်ဆိုင်မှုတွေကိုယမယ်ဆိုပြီး ထမင်းဘူး နဲ့ ရေဘူး ကိုယူလိုက်တယ်။ ထမင်းဘူးတွေမရှိတော့တာကို သိတော့ "အော် ငါ့ထက်ဆာနေမဲ့သူ ရှိနေရင် ယူပါစေ။ သူဗိုက်ဝရင် ရပါပြီ" ဆိုပြီး လယ်ကိုဆက်ထွန်နေရှာတယ်။ ဒုတိယ မကောင်းဆိုးဝါးလည်း မအောင်မြင်ပဲ ပြန်လာရရှာတယ်။
တတိယ မကောင်းဆိုးဝါးကို စေလွတ်ပြန်တယ်။ သူကတော့ လယ်သမားနဲ့ အရင်မိတ်ဆွေဖွဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးက အနာဂါတ်ကို မြင်နိုင်တော့ လာမည့်နှစ်မှာ ဆန်ရေစပါးရှားပါးမှုဖြစ်မယ် ဆိုပြီး လယ်သမားကိုပြောတယ်။ ဒီလိုနဲ့ မကောင်းဆိုးဝါး ဆီက အကြံတွေရယူပြီး လယ်သမားဟာ မကြာမီမှာပဲ သူဌေးဖြစ်လာခဲ့တယ်။
လယ်ယာတွေမထွန်ယက်တော့ဘဲ မကောင်းဆိုးဝါးရဲ့ အကြံပေးတဲ့အတိုင်း အရက်အရောင်းတွေ စတင်လုပ်ကိုင်လာပြီး ချမ်းသာထက်ချမ်းသာလာခဲ့တယ်။
မကောင်းဆိုးဝါးဟာ သူ လယ်သမားရဲ့အကျင့်တွေကို ပျက်အောင်လုပ်နိုင်ပြီ ဖြစ်ကြောင်း မကောင်းဆိုးဝါးကြီး ထံလာပြောတယ်။ တနေ့ သူဌေးရဲ့စားပွဲမှာ အခြွေအရံတွေ အရသာရှိတဲ့စားစရာတွေနဲ့ အကောင်းစားအရက် တွေနဲ့ပေါ့။
အဲဒီချိန်မှာ အစေခံတစ်ဦးက အရက်ပုလင်းယူလာနေချိန်မှာ ခြေချော်ပြီး သူဌေးပေါ်ကို မောက်ကျကုန်တယ်။
သူဌေးက "ဒါလေးလုပ်တာကို ဂရုကိုမစိုက်ဘူး" ဆိုတော့ အစေခံက "သူဌေး၊ မနက်ကတည်းကလုပ်နေတာ အရမ်းကို ဗိုက်ဆာလှပါပြီ" လို့ပြောတော့ "အလုပ်မပြီးရင် မစားရဘူး" လို့အော်လိုက်ပါတယ်။
မကောင်းဆိုးဝါးကြီးက "မင်းဘယ်လို အကျင်ပျက်အောင်လုပ်နိုင်တာလဲ" လို့ဆိုတော့ "လယ်သမားလိုတာထက်ပိုပေးလိုက်တာ
စိတ်ပြောင်းရင် ပုံစံပြောင်းမယ်။
ပုံစံပြောင်းရင် အကျင့်ပြောင်းမယ်။
အကျင့်ပြောင်းရင် စရိုက်ပြောင်းမယ်။
စရိုက်ပြောင်းရင် ဘ၀ပြောင်းမယ်။
ဒီပုံပြင်လေးကတော့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းနေတဲ့ အားလုံးကို ကိုယ့်ရဲ့ တကယ့် ပန်းတိုင်က ဘာလဲဆိုတဲ့ နဂိုစိတ်ရင်း ကို မမေ့ပစ်ဖို့ပါပဲ။
မောင်းသံ
တခါက မြို့တက် အလုပ်လုပ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ အနှစ်နှစ်အလလ အလုပ်တွေကိုကြိုးစားပမ်းစားလုပ် ချွေတာစုဆောင်းပြီး ရွာကိုပြန်ခဲ့ကြတယ်။ ငွေတစ်ထုတ်နှင့် ရွာမှာရွှေနန်းစံတော့မည် ဆိုပြီး ပျော်ရွှင်စွာ ပြန်လာခဲ့ကြတယ်။
ရွာအ၀င်လမ်းမှာ အဘိုကြီးတစ်ဦးတာ မောင်းကိုကိုင်ပြီး စောင့်နေတာကိုတွေ့တော့ "အဘိုး ဒီနေရာမှာ ဘာလုပ်နေတာလဲ" လို့မေးတော့ "မင်းတို့နှစ်ယောက်ကိုစောင့်ေ
ဒီလိုနဲ့ ရွာရောက်တော့ တစ်ယောက်က "ငါဒီလောက် ပင်ပန်းစွာရှာထားတဲ့ ငွေတွေ ငါ ဒီလိုသေလို့မဖြစ်ဘူး" ဆိုပြီး မစားနိုင် မသောက်နိုင် လောဘစိတ် သောကစိတ်တွေနဲ့ နောက် ၃ ရက်ကို စောင့်နေခဲ့တယ။ ၃ ရက်ပြည့်တဲ့ နေ့မှာ အဘိုးအိုက သူ့အိမ်ရှေ့မှာ မောင်းလာတီး တယ် မောင်းသံလည်း ကြားရော သူ့ရဲ့ အသက်ပါ မောင်းသံနဲ့ အတူပျောက်သွားခဲ့တယ်။
နောက်တစ်ယောက်ကတော့ အိမ်ကို ရောက်တာနဲ့ ပင်ပန်းစွာရှာထားတဲ့ ငွေတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားတယ်။ ပြီးတော့ ရွာမှာရှိတဲ့ လမ်း၊တံတား၊ကျောင်း တွေကို လှုတယ်။ ဒီအကြောင်းတွေနဲ့ အရမ်းကို အလုပ်ရှုပ်သွားရှာတယ်။ ရပ်ရွာအတွက် ကောင်းကျိုးတွေဆောင်ရွက်ပေးတော့ ရွာသူရွာသားတွေက အိုးစည်၊ ဗုံ သံ တွေနဲ့ ဂုဏ်ပြုခဲ့တယ်။ အဲဒီနေ့ဟာ ၃ ရက် မြောက်တဲ့ နေ့ပါ။ အဘိုးကြီး မောင်းလာတီးချိန်မှာ အိုးစည်၊ ဗုံ သံ တွေနဲ့ စည်ကားနေတာကြောင့် သူ မောင်းသံကို မကြားလိုက်ဘူး။ ၅ ရက်မြောက်တဲ့ နေ့ မှ အဘိုးအို မောင်းလာမတီးပါလား ဆိုပြီးသတိရလိုက်တယ်။ ဒီလိုနဲ့ သူရွာမှာ ပျော်ရွှင်စွာ ဆက်လက်နေထိုင်သွားတယ်။
ပုံပြင်၏ဆိုလိုရင်း
လူ့လောကမှာ အတိုက်အခံ၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြတဲ့ အခါမှာ အဲဒီအတိုက်အခံ၊ အခက်အခတွေဲ ကို ကြောက်ရွှံ့မနေပဲ ကိုယ့်ဘ၀အတွက် အလှည့်အပြောင်းလေးတစ်ခု လုပ်ပေးတတ်ဖို့ပါပဲ။
ဘ၀ဆိုတာသေတဲ့ရက်ကိုစောင့်နေရတာ
ပျော်ရွှင်စွာနေထိုင်သွားဖို့ပါ
ပျော်ရွှင်နိုင်ကြပါစေလို့ novemberpearl မှ ဆုတောင်းပေးလိုက်ပါတယ်။
သော့တံ
သော့ခလောက်အကြီးတစ်ခုဖြင့် ခတ်ထားသော တံခါးကြီးကို သံချောင်းက အားကြိုးမာန်တက် ဖွင့်နေရှာတယ်……….. ဒါပေမဲ့ သံချောင်းကြိုးစားတာ အလကားပါ…. တံခါးမပွင့်ပါဘူး………….
သော့တံလေးလာတယ်….. သူရဲ့သေးငယ်တဲ့သော့တံလေးဟာ တစ်ချက်လှည့်လိုက်တာနဲ့ သော့ခလောက်ကြီး ပွင့်သွားတယ်….
သံချောင်းကထူးဆန်းစွာနဲ့ "ငါဒီလောက်အားကောင်းတာ ဘာလို့မပွင့်ပဲ သေးငယ်တဲ့ သော့တံကခဏတာအတွင်းမှာ့ …"
သော့တံ က "ငါကသူ့ရဲ့အတွင်းစိတ်ကို နားအလည်ဆုံးဖြစ်လို့ပါ"
လူတိုင်းဟာ သော့ခလောက်တစ်ခုလိုပါပဲ ကြီးမားတဲ့သံချောင်းကို အသုံးပြုပြီးဖွင့်မဲ့အစား နားလည်မှုနဲ့ သေးငယ်တဲ့ သော့တံလေးလို ဖွင့်ကြရအောင်လား…………….
Friday, January 30, 2009
ဖန်ခွက်ကိုပြန်ချထားလိုက်ပါ
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..
Wednesday, January 14, 2009
ပျောက်ဆုံးသွားတဲ့ အရိပ်
ဘယ်ရောက်ခဲ့တယ်ဆိုတာကို သူအမြဲ သိချင်နေတယ်။ သူ့အမေးအမြန်းတွေနဲ့
ပတ်သက်ပြီး ကျွန်တော် မကြာခဏ စိတ်ညစ်ရပေမယ့် သူက ပျော်နေပုံရတယ်။
ဒါပေမယ့် အဲဒီအရိပ်က မိုးညည်းည တစ်ညမှာ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်.....
မင်္ဂလာဆောင်တဲ့နေ့က လက်စွပ်ဝယ်မယ့် ပိုက်ဆံနဲ့ ကျွန်တော့်ကို
ဟမ်းဖုန်းတစ်လုံး သူဝယ်ပေးခဲ့တယ်။ အဲဒီညမှာ နှစ်ယောက်သား စောင်ထဲကွေးရင်း
ဖုန်းသံစဉ်မျိုးစုံကို ကျွန်တော်တို့ စမ်းခဲ့ကြတယ်။ ဘဝဟာလည်း
ဖုန်းသံတွေလိုပဲ မြူးကြွပြီး နားဝင်ချိုမယ်၊ ပျော်စရာတွေနဲ့
ပြည့်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။
အဲဒီနေ့ကစပြီး သူ့ဖုန်းကို ကျွန်တော် မကြာခဏ လက်ခံရရှိခဲ့တယ်။
"မောင်... ရုံးဆင်းရင် ဈေးဝယ်ခဲ့နော်"
"မောင်... မောင့်ကို သတိရနေတယ်"
"မောင်... အမေတို့အိမ်မှာ ညနေစာ အတူသွားစားကြမယ်နော်"
သူ့အသံ၊ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်ရင်တွေ နွေးထွေးခဲ့ရတယ်။
တစ်ခါက ဖုံးကို ဓာတ်အားသွင်းဖို့ ကျွန်တော်မေ့သွားခဲ့တယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကခါတိုင်း ပြန်နေကျအချိန်ထက် နောက်ကျပြီးမှ
ကျွန်တော်အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်တံခါးဖွင့်လိုက်တာနဲ့ ဖုယောင်ပြီး
မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျွန်တော်တွေ့လိုက်တယ်။
နောက်မှ ရုံးဆင်းချိန်ကတည်းက ကျွန်တော့်ဆီ သူ ဖုန်းမပြတ်ဆက်ခဲ့တယ်လို့
သိရတယ်။ ဖုန်းကလည်း ဆက်လို့မရ ကျွန်တော်များ မတော်တဆတစ်ခုခု
ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော့်ဆီ ၁ဝမိနစ်တစ်ခါ
သူကြိုးစားပြီး ဖုန်းတွေဆက်ခဲ့တာ ကျွန်တော် အိမ်တံခါးတွန်းဖွင့်
ဝင်သွားချိန်ထိပါပဲ။
ကိစ္စအသေးအမွှားကို ရေးကြီးခွင်ကျယ်လုပ်တဲ့ သူ့အပြုအမှုကို ကျွန်တော်ဂရုမစိုက်ခဲ့ဘူး။
"မောင်က ကလေးမှ မဟုတ်တာ ဘာများ ဖြစ်နိုင်မှာမို့လဲ?"
"မောင် ဖုန်းမကိုင်ရင် မောင်မပြန်လာတော့ဘူးလို့ပဲ ထင်နေခဲ့တယ်"
"ဟား... ဟား... ငတုံးလေး" သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း
ကျွန်တော်ရီလိုက်မိတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ဖုန်းကို
ဓာတ်အားသွင်းဖို့ ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့ဘူး။
အဲဒီနောက် အလုပ်က ကျွန်တော် ရာထူးတိုးခဲ့တယ်။ ငွေပိုငွေလျံတွေ ရှိခဲ့တယ်။
ဖုန်းအသစ်တွေ တစ်လုံးပြီးတစ်လုံး ကျွန်တော်ပြောင်းသုံးနိုင်ခဲ့
တစ်နေ့မှာ သူ့ကိုပေးဖို့ လက်စွပ်တစ်ကွင်း လိုသေးကြောင်း ကျွန်တော်
သတိရလိုက်မိတယ်။ သူ့ကိုခေါ်ပြီး လက်စွပ်ဝယ်ဖို့ သွားတော့ "စိန်လက်စွပ်ကို
လက်မှာ စွပ်ထားတော့ ဘာအသုံးဝင်မှာမို့လဲ.. မောင်နဲ့အမြဲ အဆက်အသွယ်
ရနေအောင် ဖုန်းတစ်လုံးဝယ်ပေးရင် ရပြီ မောင်" လို့ သူက တောင်းဆိုတယ်။
အဲဒီညနေက တစ်ယောက်က ဧည့်ခန်း ကျန်တစ်ယောက်က အိပ်ခန်းထဲနေပြီး အပြန်အလှန်
မက်ဆေ့တွေ ပို့ပြီး ကျွန်တော်တို့ ပျော်နေခဲ့ကြတယ်။
အပျော်တွေရဲ့ နောက်မှာ အဆိုးတွေ ကပ်လိုက်လာတတ်မှန်း ကျွန်တော်မသိခဲ့ဘူး။
တစ်ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ မတွေ့တာကြာပြီးဖြစ်တဲ့
သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ ဖဲအတူ ရိုက်ခဲ့ကြတယ်။
အရှိန်ကောင်းနေတုန်းမှာ ရုတ်တရက် ကျွန်တော်ဖုန်းက ထမြည်တယ်။
" မောင် အခုဘယ်မှာလဲ? မပြန်ခဲ့သေးဘူးလား?"
"သူငယ်ချင်းအိမ်မှာ ဖဲရိုက်နေကြတယ်"
"ဘယ်တော့ ပြန်လာမလဲ?"
"ခဏလောက်ဆို ပြန်ခဲ့မယ်"
ဖဲက နိုင်လိုက် ရှုံးလိုက်၊ ရှုံးလိုက် နိုင်လိုက် .... သူ့ရဲ့ဖုန်းလည်း
ဆက်လိုက် ချလိုက်၊ ချလိုက် ဆက်လိုက်.... အပြင်မှာ မိုးတွေရွာစပြုလာပြီ။
ဖုန်းက ထပ်မြည်လာပြန်တယ်။
"မောင်... ဘာလုပ်နေတာလဲ? ပြန်ခဲ့တော့လေ မိုးတွေရွာနေပြီ.. မြန်မြန်ပြန်ခဲ့တော့"
"သူငယ်ချင်း အိမ်မှာ ဖဲရိုက်နေပါတယ်လို့ဆို.. မိုးတွေ ဒီလောက်ရွာနေတာ
ဘယ်လိုပြန်ခဲ့ရမလဲ?"
"ဒါဆို မောင် ဘယ်မှာလဲ? ခုလာကြိုမယ်"
"မလာခဲ့နဲ့.. ရတယ်"
အတူဖဲရိုက်တဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို မယားကြောက်လို့
နောက်ပြောင်ကြတယ်။ စိတ်တိုတိုနဲ့ ဖုန်းကို ကျွန်တော် ပိတ်ပစ်လိုက်တယ်။
အဲဒီညက ဖဲရိုက်ရင်း ကျွန်တော်တို့ မိုးလင်းသွားခဲ့တယ်။
သူငယ်ချင်းတစ်ယောက် ကျွန်တော်ကို ကားနဲ့လိုက်ပို့ခဲ့တယ်။ အိမ်ရောက်တော့
သော့တန်းလန်းက ဆီးကြိုနေတယ်။ သော့ဖွင့်ပြီး အိမ်ထဲမှာ သူ့ကို
ကျွန်တော်လိုက်ရှာကြည့်တယ်။ သူ .. ဘယ်သွားပါလိမ့်?
အဲဒီအချိန်မှာ ရုတ်တရက် အိမ်ဖုန်းမြည်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ
ငိုသံတွေရောနေတဲ့ ယောက္ခမအသံကို ကျွန်တော်ကြားလိုက်ရတယ်။
"မိုးသည်းထဲမှာ သားကို သွားကြိုမယ်ဆိုပြီး ဆိုင်ကယ်စီးထွက်သွားခဲ့တယ်။
သားသူငယ်ချင်းအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်ရှာရင်း မတော်တဆ
ယာဉ်တိုက်မှုဖြစ်ခဲ့တာ ခုထိ နိုးမလာသေးဘူး"
ပိတ်ထားမိတဲ့ ကျွန်တော်ဖုန်းကို ဖွင့်လိုက်တော့ မက်ဆေ့တစ်စောင် တွေ့လိုက်တယ်။
"မောင်... မေ့နေတာလား? ဒီနေ့ ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ။ မောင့်ကို
ခင်လာကြိုပြီနော်။ စောင့်နေပါ"
ကျွန်တော့်ကို လိုက်ရှာတဲ့ လမ်းမပေါ်မှာ သူထာဝရ ပျောက်သွားခဲ့ရတယ်။
မျက်ရည်တွေ ရွှဲနင့်နေတဲ့ မျက်လုံးနဲ့ အဲဒီမက်ဆေ့တိုလေးကို ကျွန်တော်
အထပ်ထပ်ဖတ်နေမိတယ်။ အဲဒီညက ကမ္ဘာကြီး တစ်ခုလုံးကို
ကျွန်တော်ဆုံးရှုံးလိုက်မှန်း နောက်ကျမှ ကျွန်တော် သိခဲ့ရတယ်။
သူဆုံးတာ ၃ လရှိပြီ။ ဒါပေမယ့် ခုချိန်ထိ မစားနိုင်၊ မသောက်နိုင်နဲ့
အိပ်မက်ဆိုးကနေ ကျွန်တော် မနိုးထနိုင်ခဲ့သေးဘူး။
ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။
ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။ နာကျင် ခံစားမနေပါနဲ့။
ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။
ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။
Tuesday, January 13, 2009
အမှန်တရား (၁၀)ချက်
၂။မြန်မာ့ရုပ်/သံများမှ တရုတ်ကားနှင့် ကိုရီးယားဇတ် လမ်းတွဲများကိုပင်
ဆက်လက်ထုတ်လွှင့်နေဦးမည်။
၃။မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ၂၁ ရာစုတွင်ကမ္ဘာဖလား ချန်ပီယံမဖြစ်နိုင်။
၎။အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်မလာနိုင်။
၅။အစ္စလမ်မစ် နိုင်ငံများတွင် ဝက်သားဈေးကွက် တွင်ကျယ်မလာနိုင်။
၆။ကမ္ဘာ့ ဘဏ်ရဲ့ချေးငွေ များသည် အကျေအလည်ရ ရှိလိမ့်ဦးမည် မဟုတ်။
၇။ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဆံပင်ရှည်ထား လိမ့်မည်မဟုတ်။
၈။ဖွားသီလရှင်များ စကတ်များ ဝတ်ဆင် လိမ့်မည် မဟုတ်။
၉။ဖခင်များသည်ယောက်ျားများဖြစ်၍၊ မိခင်များသည် မိန်းမများပင်
၁၀။လူသားများပေါင်းသင်းခြင်း မှ သာလူသားဖြစ်လိမ့်မည်။
Tuesday, December 30, 2008
ဒီနိုင်ငံက သက်ကြီးရွယ်အို !!! (This is Singapore!!!)
ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား" …စတဲ့ အဆုံးအမတွေနဲ့ 
ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက်
ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊ မြင်တိုင်း၊
ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို့ ဆို့ နင့်နင့် ခံစားရမြဲ။
ဆင်းရဲချမ်းသာမှုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို့ 
မဆုံးနိုင်မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။
မြင်ကွင်း(၁)
လူစည်ကားသော ဘူတာရုံတွေမှာ အဖိုးအိုကိုတွေ့ ရတတ်သည်။ အင်္ကျီဗလာ
ဘောင်းဘီတိုနဲ့ ဘာဂျာကို အဆက်မပြတ်မှုတ် ဘောလုံးလေးကစားပြရင်း
ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက် ခုနှစ်ဆယ်ကျော်လောက် အရွယ်
ဘယ်လောက်ကျန်းမာသည် ပြောပြော ခုလို ပင်ပင်ပန်းပန်း
ဘယ်ရုန်းကန်ချင်ပါ့မလဲ။ သူကို့ တွေလျှင် လူတွေက သူဖျော်ဖြေတာကို
ပြူံးပြီး ပိုက်ဆံထည့်ကြသည်။ ကျွန်မကတော့ ဘယ်တော့မှ မပြုံးနိုင်ပါ။
ပိုက်ဆံလှူဒါန်းတိုင်း ချွေးတွေပြန်နေအောင် ပင်ပန်းနေသည့် သူ့ ကို
ကြည့်ပြီး မျက်ရည်ဝဲရမြဲ။ ခုတော့ သူ့ ကို မတွေ့ ရတာ ကြာပြီ။
တခုခုများဖြစ်သွားလားလို့  တွေးပြီးစိတ်ပူမိသေးသည်။
*****
မြင်ကွင်း(၂)
ရုံးက သူငယ်ချင်းနဲ့  စကားပြောရင်း အမှတ်တမဲ့ သိလိုက်ရသည်။ သူ့ အမေက
ရုံးတရုံးမှာ သန့် ရှင်းရေး အလုပ်လုပ်သည်တဲ့။ ကျွန်မ အတော်အံသြသွားသည်။
ရုံးမှာ သန့် ရှင်းရေးလုပ်သည်ဆိုသည်မှာ ဖုန်စုပ်၊ ကြမ်းတိုက်၊
အိမ်သာဆေးတဲ့ အထိ။ Brandတွေနောက် ကောက်ကောက်ပါအောင် လိုက်တတ်သော၊
နိုင်ငံပေါင်းစုံမှ အစားအစာပေါင်းစုံကို ရူးသွပ်သော သူက အမေ့ကို
ဒီအလုပ်မျိုးလုပ်တာ လက်ပိုက်ကြည့်နေလောက်အောင်
မချို့ တဲ့တာ သေချာသည်။ အမေက အသက်ဘယ်နှနှစ်လဲဆိုတော့ ၆၅ တဲ့။
အကြောင်းပြချက်ကတော့ အမေအလုပ်မလုပ်ရင် အမေ့အိမ်စရိတ် ဘယ်သူပေးမလဲတဲ့။
ကျွန်မမှာ စကားလုံးတွေ ရှားပါးကုန်သည်။
*****
မြင်ကွင်း(၃)
အဖွားအိုက အဖိုးအိုကို တွဲနေကျ။ တုန်ချိချိခြေလှမ်းများကို လူရှုပ်သော
စားသောက်ဆိုင်က အချိန်ဆင်းရဲသည့် လူငယ်တချို့ က စိတ်မရှည်။
ပြည့်နေသောအမှိုက်ပုံးကို တွေ့ တော့ အဖိုးအို၊အဖွားအိုရဲ့
မွဲခြောက်ခြောက် မျက်လုံးလေးတွေ အရောင်လက်သွားသည်။ အဖိုးက အမှိ
ုက်ပုံးထဲမှ အအေးသံဗူး၊ သတင်းစာအဟောင်းတွေကို ရှာ၊ အဖွားက
အဖိုးကမ်းပေးသော သံဗူးလေးတွေကို ခြေထောက်နဲ့ ဖိပြားပြီး သူတို့ ရဲ့
ညစ်နွမ်းနွမ်းအိတ်ထဲကို ထည့်သည်။ ဒီမြင်ကွင်းကြောင့် စားလက်စ ထမင်းတွေ
မျိုမကျ။ ဒီနိုင်ငံမှာ တွေ့ နေကျမြင်ကွင်းပေမယ့် ကျွန်မရင်ထဲက ဆို
့နင့်မှုက အမြဲအသစ်ဖြစ်တတ်သည်။ ခဏနေတော့ သူတို့ လက်ထဲမှာ ညစာအတွက်
ငွေစလေးတွေ။ တကယ်လို့ များ ညစာအတွက် မလုံလောက်သောညတွေ ဆိုရင်…။
*****
မြင်ကွင်း(၄)
အသက် ၈၀ကျော် ယောက္ခမကြီးကို မကျန်းမာလို့  လူအိုရုံပို့ လိုက်ပြီလို့ 
ကျွန်မ အရာရှိက လာပြောတော့ ဟန်မဆောင်နိုင်စွာ မျက်လုံးပြူးသွားမိသည်။ သူ
့ယောက္ခမကြီး နေမကောင်းနေတာ ကြာလှပြီ။ ခုတော့ လူအိုရုံတဲ့။ လူအိုရုံမှာက
အမြဲ စောင့်ရှောက်မဲ့သူ ရှိတော့ ပိုအဆင်ပြေသည်တဲ့။ အရင်က သူတို
့တအိမ်လုံးကို ယောက္ခမကြီးက ချက်ပြုတ်ကျွေးခဲ့သည်။ လိုတုန်းကတော့ တမျိုး…
မလိုတော့စွန့် ပစ်ပြီ။ ကွန်ဒိုမှာနေပြီး တနှစ်တခါ ကမ္ဘာပတ်နေသူတွေက အမေကို
စောင့်ရှောက်ဖို့  မစွမ်းသာတော့ဘူးလား။
သူ့ ကိုနေ့ တိုင်းတော့ သွားတွေ့ မှာပေါ့နော်လို့  လျှာရှည်မိတော့
အချိန်ဘယ်မှာလဲတဲ့။ အလွန်ဆုံးတလ တခါပေါ့တဲ့။ လူအိုရုံထဲက သားသမီးတွေ၊
မြေးတွေ အလာကို မျှော်နေမယ့် မေတ္တာငတ်တဲ့မျက်ဝန်းတစုံကတော့။
*****
မြင်ကွင်း(၅)
ပိတ်ထားသောတံခါးနောက်ကွယ်မှ…။ တုန်ချိချိအမေအိုကြီးကို အခိုင်းအစေလို
စကားပြောနေသည့် သမီး။ အမေရေချိုးတာ ကြာလို့ ဆိုကာ ရေဖိုးကုန်မှာ ကြောက်၍
အပြင်ကနေ ရေကို ပိတ်ပစ်လိုက်သည်။ ဆပ်ပြာတွေနဲ့ အမေထွက်မေးတော့ အမေကို
သင်ခန်းစာပေးသည့် သမီးမျက်နှာက ရိုက်ချင်စရာ။ အမေကတော့ မရိုက်ရက်။
မျက်ရည်ဝေ့သီနေသော မျက်ဝန်းများနဲ့  ငေးကြည့်လို။ ဒါတကယ့် အဖြစ်အပျက်တဲ့။
ဒီနိုင်ငံက ပိတ်ထားသောတံခါးနောက်ကွယ်မှ တကယ့် အဖြစ်အပျက်တွေ။ ကျွန်မ
TVမျက်နှာပြင်ကို ကြောခိုင်းလိုက်သည်။ အဲဒီလောက် အသဲမမာပါ။ ရင်ထဲမှာတော့
ကြေကြေကွဲကွဲ။
*****
မြင်ကွင်း(၆)
အိမ်ဘေးအိမ်မှာ အ၀တ်လာလျှော်နေကျ အဒေါ်ကြီးကို မုန့် ဟင်းခါးဆိုင်မှာ တွေ
့တော့ အမေက နှုတ်ဆက်သည်။ ထမင်းနပ်မှန်အောင် မနဲစားနေရသည့် သူ့ ကို မုန်
့ဟင်းခါးဆိုင်မှာ တွေ့ တာ အတော်ထူးဆန်းသည်ကို။ အမေအိုကြီးမုန်
့ဟင်းခါးစားချင်တယ်ဆိုလို့  ရှိတဲ့ပိုက်ဆံလေးနဲ့ လာဝယ်တာတဲ့။ မြန်မာပြည်
အလည်ပြန်တုန်း တွေ့ လိုက်ရတဲ့ ဒီအဖြစ်လေးက ရင်မှအနာကို သက်သာစေသည်။ သူ
့စေတနာက သူ့ ကို လက်ငင်း အကျိုးပေးပါသည်။ အမေက တအိမ်လုံးအတွက် မုန်
့ဟင်းခါးကုသိုလ်လုပ်လိုက်တော့ သူ့ မှာ ၀မ်းသာလို့ ။ မုန့် ဟင်းခါးမစားရတာ
နှစ်နဲ့ ချီနေပြီတဲ့။ လူမွဲသော်လည်း စေတနာ၊မေတ္တာချမ်းသာသူ။
*****
ကုန်ဆုံးခါနီး ဘ၀နေ့ ရက်တွေမှာ အသက်ရှင် နေထိုင်ဖို့ အတွက်
ရုန်းကန်နေကြရသည့်… ဒါမှမဟုတ် နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ
့ရက်များဖြင့်သာ ပြီးဆုံးသွားရသည့် သူတို့ ၏ ဘ၀များကို တွေ့ ရတော့ မိခင်၊
ဖခင်ကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို့ နိုင်ငံ၏
မြင့်မြတ်သော ယဉ်ကျေးမှု အတွက် ဂုဏ်ယူမိသည်။
တန်ခူး
+ + + + + + + +
စလုံးမှ
မမ တစ်ယောက်၏ လက်ရာ
what is life...
A long time ago, there was an Emperor Sure enough, the horseman quickly jumped onto his horse and rode as fast as possible to cover as much land area as he could. He kept on riding and riding, whipping the horse The above story is similar with the journey of our Life. We push very hard everyday to make more One day when we look back Life is not about making money, acquiring power or recognition So, take it easy, do what you want to do and appreciate nature. Life is fragile , Life is short. Do not take Life for granted. Live a balanced Watch your thoughts Watch your words Watch your actions Watch your habits; they become character Watch your character; it becomes your destiny | ||
| |
" Laugh as much as u breathe............Love as long as u live........"

