Pages

Monday, March 23, 2009

forward mail ထဲ ကပါ ခေါင်းစဉ်တော့ မပါလာဘူး...

တနေ့သ၌ ကျွန်ုပ်တို့၏ စီဘောက်စ်မှာ ကိုဒဿ သည်။ လွန်ခဲ့သော ၁ နှစ်ခန့်က လက်ထပ်ထားခဲ့သော သူအလွန်ချစ်မြတ်နိုးသည့် ချစ်ဇနီးသည်လေးနှင့် ကြည်နှုးအတွင်း ဇနီးသည်လေးက လမ်းထိပ်မှ အကြော်စားချင်သည်ဟု ပူဆာသဖြင့် အ၀တ်အစား ကျကျနန၀တ်၍ လမ်းထိပ်တွင် အကြော်ဝယ်ရန် ထွက်ခဲ့သည်။

လမ်းထိပ်အရောက်တွင် သားသားနားနား ၀တ်ဆင်ထားသည့် ကောင်မလေးတစ်ယောက်က ကိုဒဿ၏ ရုပ်ရည်ရူပကာကို တပ်မက်ပြီး( မဲသောအသား၊ ခေါသောသွားနှင့် ပြောင်သော ထိပ်ကြောင့် အရပ်ကိုလဲ ပုသည်မထင်ဘဲ ) အိမ်သို့ လိုက်အိပ်ရန် တောင်းဆိုခံခဲ့ရမှုကြောင့် လှပသော ထိုအမျိုးသမီးလေး နှင့် ကိုဒဿလည်း လိုက်ပါသွားခဲ့ရာ တညလုံး ထိုအမျိုးသမီးလေး နှင့် ချစ်ရည်လူးနေမိပြီး အိမ်သူသက်ထားကို မေ့ထားမိလေသည်။

နံနက်မိုးသောက် အလင်းရောက်သဖြင့် အိမ်သူသက်ထားလေးကို သတိရလာသဖြင့် ပြန်ရန် ပြင်ဆင်နေစဉ် ဇနီးသည် မေးလာပါက အမှန်အတိုင်း ပြောကြားရန် စဉ်းစားမိသဖြင့် သူနဲ့ အတူချစ်ရည်လူးခဲ့မိသော အမျိုးသမီးလေး ထံမှ သက်သေပြရန် အလို့ငှါ ပေါင်ဒါဘူးအား တောင်းပြီး လက်တွင်ဖွေးဖွေးဆွတ်နေအောင် သုတ်လိမ်းကာ အိမ်သို့ ပြန်လေတော့သည်။
အိမ်အရောက်တွင် စိတ်ပူ၊ ဒေါသထွက်နေသော ဇနီးသည်က ကိုဒဿအား ဘယ်ကပြန်လည်သလဲ ဟုမေးရာ ကိုဒဿက အဖြစ်မှန်အတိုင်း ဟုတ်တိုင်းမှန်ရာ ပြန်ပြောပြပြီး လက်တွင် လူးလာသော ကောင်မလေး၏ ပေါင်ဒါမှုန့်အား သက်သေအဖြစ် ပြလေသည်။ ထိုသို့ ပြောပြသည်ကို ဇနီးသည်က မျက်လုံး အ၀ိုင်းလေးဖြင့် နားထောင်နေပြီးနောက် မသင်္ကာသည့် မျက်လုံးများဖြင့် ကြည့်နေလေသည် ထို့နောက် ကိုဒဿကို ပြန်မေးလိုက်သည်မှာကား…..

“ကိုဒဿ ကျွန်မကိုမလိမ်နဲ့ ရှင်အမှန်အတိုင်းပြော ညက ရှင် ဘိလိယက်ခုံကိုတညလုံး သွားနေတာ မဟုတ်လား.” ဟူ၏
:D

.............................................................................................................................................................................................................................................

ယခုကိစ္စသည် သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။ သူမသည် ကျောခင်းကာလှဲအိပ်ရင်း ကြွက်သားများကိုတောင့်ထားမိလေသည်။ သူ့ကိုငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။ သို့သော် သူကတော့ လုံးဝလက်လျော့ဟန်မပြပဲ သူမအနားသို့ တိုးကပ်လာလေသည်။ ကြောက်နေသလားဟု မေးသောအခါတွင် သူမကရဲဝံ့စွာခေါင်းခါပြမိသည်။ သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။ သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ အထဲထိနိုက်စမ်းလိုက်သောအခါ သူမ နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး အကြောအခြင်များတောင့်တင်းသွားသည်။ သူသည် ပြောထားသလိုပင် ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။ သူက သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။ သူပြုံးပြသောအခါ သူမ စိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန် တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။ သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။ သို့သော်သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။ သွေးအနည်းငယ်ထွက်လာသည် ကိုလည်း သူမသိရှိလိုက်သည်။ အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။ မျက်ရည်များပြည့်လျှံနေသော်လည်း မနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။ သူက ကျွမ်းကျင်စွာ ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင် သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။ အတန်ကြာသော် သူမမှအရည်အချို့ တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည် အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။ သူမ သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင်နေမိသည်။ သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟု ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။ ထို့နောက် ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။ အထက်ပါအဖြစ်အပျက်မှာ သူမ၏ ပထမဆုံးသွားနှုတ်သည့်နေ့က အတွေ့အကြုံပင်ဖြစ်လေသည်။ဟီးဟီး

Friday, March 20, 2009

တစေ့တဇောင်း

ကိုယ့်ကိုယ်ကို ဘယ်လို ကောင်မျိုးလေးမှန်းမသိတဲ့သူ......
ဟီး .. တစ်ခုတော့ သိပါတယ် ရှမ်းအမျိုးသားကောင်းလေးဆိုတာတော့...
အကောင်း ကတော့ ဘာကြိုက် သလားမမေးနဲ..........ဟီးဟီး
ဟာသတွေကို နှစ်သက်တဲ့ လူ (အမေ ကတော့ ပြောပါတယ် ရူးပေါပေါနဲ့ တဲ့)
အငြိမ့်ကြည့်ရင် တောင် မင်းသမီး က တာကို မကြည့်ဘူး... ဟဲဟဲ
အင်း ရှိသေးတယ် မျက်နှာပြောင် လဲ တိုက်တတ်လေရဲ့..... (အရှက်လဲ ရှိပုံ မရပါဘူး)
စာဖတ်တာလဲ ကြိုက်လေရဲ့.... တစ်ခါက စည်းအပြင်က လူ ဆိုတဲ့ ဘာသာပြန် ဖတ်ဖူးတယ် ဘယ်သူရေးတယ်ဆိုတာတော့ မမှတ်မိတော့ဘူး တော်တော်ကြိုက်တယ်.. ဒါကြောင့်ထင်ပါရဲ့
တစ်ခါ တစ်လေ တွေးအခေါ် တွေက လဲ စောက်ထိုး....... ( ကင်းမြီးကောက်ထောင်နေတာ ဟုတ်ဘူး)
အတန်း ပညာလား... အင်း ကျောင်းပြီးတော့ ပြီးလိုက်တယ် (ကိုယ့်ဟာကို)
ခြေထောက်မှာလဲ ဗွေပါ လားမသိပါဘူး. ခုထိ အိမ် ကပ်ရတယ်ကို မရှိဘူး....
လွင့် နေတာ ရွက်ရွက်...... ခုတော့ မလေးမှာ သောင်တင်နေလေရဲ့
ငယ်ငယ်တုန်းက တည်းက အိမ်မှာ ဇိမ်နဲ့ ကို မနေရသေးဘူး........
မိဘတွေကို တောင် သူငယ်ချင်းလောက် သံယောဇဉ်မရှိသလို လို (ဘုရား ဘုရား .....)

အပေါင်းအသင်း တော့ အရမ်းမက်တယ် ဟဲဟဲ
မက်မှာပေါ့... ကိုယ်တို့ ငယ်ငယ်တုန်း ကတည်းက အိမ်နဲ့ ခွဲပြီး တောင်ကြီးမှာကျောင်းတက်လာတာ
အဖေအမေနဲ့ နေရတယ် ဆိုရင်တောင် ရက်ပိုင်းလေးရယ်....အထက်တန်း..... သက္ကသိုလ်.... ကိုင်းခု ဒီမှာ
အိမ်ပြန်ရင် တောင် မှ အိမ်ရှေ့ မင်းသားလုပ်ရတာ... ဟီး (ဘုရားစင်အောက်မှာအိပ်တာကို ပြောတာ)
ငယ်တုန်းကပြောပါတယ် ... နွေရာသီ ကျောင်းပိတ်ရက်က ၃ လ ကားကလဲ မရှိတော့ ကုန်တင်ကားကြီးတွေနဲ့
လိုက်ပြန်ရတာ ရက်နှစ်ဆယ်လောက်က လမ်းမှာ ကုန်ရော... သွားလိုက် နားလိုက် ဓါးမြ ရှိလို တစ်ခြားမြို့မှာ ၃-၄ ရက် ဒီလိုနဲ့ ရွာလဲ ရောက်ရော ဆယ်ရက်လောက် မိဘတွေနဲ့ နေ... ပြန်လာ.... အဲဂလို.. တောင်ကြီးပြန်ရောက်တော့ လဲ မကြာဘာဘူး ကျောင်းတက် ရပြန်ရော...ဆော့ တောင် ကောင်းကောင်းမဆော့ရသေးဘူး... (လူကြီး တွေကပြောပါတယ် ငယ်ငယ်တုန်းက မျောက်ရှုံးအောင် ဆော့တဲ့ကောင်တဲ့ ဟီး) ကောင်းရော... ငယ်တုန်းက မှ မဟုတ်ပါဘူး.. ခုလဲ ဆော့တုန်း..... ဂိမ်း...
ကွန်ပြူတာဂိမ်း... PS 2 တော့ တော်တော်ကြိုက်.....အလုပ်အား တာနဲ့ ဆော့ရတာ အမော..


အစကတော့ ရေးတော့ ဘူးရယ်လို့ ဒါပေတည့် သူများရေးထားတာမြင်တော့လဲ လက်ကလဲအငြိမ်နေနိုင်လို့
ရေးလိုက်တာ.. အကြည်တော် စာသားအတိုင်းပဲ သိတယ်မလား.......... မလုပ်ရင်လဲ အရှင်း..... လုပ်ရင်လဲ တလွဲ.... ခုလဲ ဖင်ပြန်ခေါင်းပြန်ကိုဖြစ်လို့ ဂလို.... နောက်များလာပါအုံးမယ်.... ကိုးရီးယားဇတ်လမ်းတွဲလို.....




Tuesday, March 17, 2009

နိုင်ငံရေးဆိုတာ...

ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ
နိုင်ငံရေးပဲ "

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ
မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
အိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင်
ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "



ဘာသဘောမှမဟုတ်ပါဘူး............
....ပြုံးစေချင်ရုံသက်သက်ပါ

တော်လိုက်ပုံများ


ယောက်ျားကြီးတစ်ယောက် လမ်းလျှောက်လာသည်။ လမ်းကိုဖြတ်ကူးသည်။လမ်းလယ်ခေါင်
တွင် ‘ချယ်ကိုရီဂျစ်ကားတစ်စီး တံခါးများ ပွင့်လျှက်ရပ်ထားသည်ကို တွေ့ရသည်။ ကားအနားတွင် အတိုက်ခံရသော လမ်းဖြတ်ကူးသူ၏ အလောင်းရှိနေသည်။ မနီးမဝေးတွင်ရဲကားနှင့် ရဲတစ်ဦးရပ်နေသည်။ ဗိုလ်မှူးအဆင့်ရှိသူက ယောက်ျားကြီးကို လက်ယက်လှမ်းခေါ်လိုက်ပြီး ပြောသည်။
“ကျွန်တော့်နာမည် ဗိုလ်မှူးဒိုကိုနားယက်ပါ။ မိတ်ဆွေရဲ့မှတ်ပုံတင်ကတ်ပြားကို
ကြည့်ပါရစေ။”
ယောက်ျားကြီး အိတ်ထဲက မှတ်ပုံတင်ကတ်ပြားကိုထုတ်ပြသည်။
“ဟုတ်ပြီး မစ္စတာအီဗန်နော့၊ စစ်ချက်ယူဖို့ အတွက်မေးတာကိုဖြေပါ။ ရဲကြပ်ပီထရော့ကရေးပါလိမ့်မယ်၊ လမ်းဖြတ်ကူးသူကို ခင်ဗျား ဘာဖြစ်လို့  ကားနဲ့တိုက်ရတာလဲ”
“ကျွန်တော်ဘယ်သူ့ကိုမှမတိုက်ဘူး၊ ဒါကျွန်တော့်ကား မဟုတ်ဘူး။”

“ပီထရော့ ရေးစမ်း၊ အပြစ်ကိုဝန်မခံ၊ ကားကခိုးလာတဲ့ကားလို့ ”
“မဟုတ်တာပဲ ကျွန်တော်ကားမမောင်းတတ်ဘူး၊ ကားလိုင်စင်လဲမရှိဘူး”
” ပီထရော့ဆက်ရေး၊ ကားမမောင်းတတ်ဘဲ၊ ကားမောင်းလိုင်စင်မရှိဘဲ၊ မောင်းလာတယ်လို့ ရေး၊ ဒါနဲ့ ခင်ဗျားပါးစပ်က အရက်နံ့ရသလိုဘဲ”
“မဖြစ်နိုင်တာ မပြောစမ်းပါနဲ့ဗျာ၊ ကျုပ်ဘီယာပဲသောက်လာတာ”
“ပီထရော့ဆက်ရေး၊ အရက်မူးပြီး ကားမောင်းလာတယ်လို့”
“ဘာလဲ ခင်ဗျားတို့နှစ်ယောက် ခေါင်းမှကောင်းကြရဲ့လား၊ ကျွန်တော့မှာ အလီဘိုင်ရှိတယ်ဗျ၊ အခင်းဖြစ်ပွားတဲ့အချိန်မှာ ကျွန်တော်မယားငယ်ဆီ ရောက်နေတယ်ဗျ”
“ပီထရော့ဆက်ရေး၊လင်ရှိမိန်းမကို မတရားကျင့်ခဲ့ကြောင်း ၀န်ခံတယ်လို့ ။”
“ဟေ့လူတွေ၊ခင်ဗျားတို့လိုအရူးတွေနဲ့ ကျုပ်ဘာမှစကားဆက်ပြောစရာမရှိဘူး။ ဒါပဲ၊ သွားမယ်။”
ယောက်ျားကြီး လှည့်ထွက်ချိန်မရလိုက်ချေ။ နံပါတ်တုတ်နှင့်အရိုက်ခံလိုက်ရသဖြင့် နေရာတွင်ပင် ခွေခွေလေးလဲကျသွားသည်။
ရဲမှူးက ဌင်းကို လက်ထိတ်ခပ်လိုက်ပြီးရဲကြပ်ကိုပြောသည်။

“ဆုံးအောင်ဆက်ရေးစမ်း ပီထရော့။ အသာတကြည်အဖမ်းမခံပဲ ပြန်လည်ရန်မူသဖြင့် အင်အားသုံးဖမ်းဆီးခဲ့ရသည်လို့။
အေး. . . . ဒါနဲ့ဒီနေ့ ပဲ မင်းရဲချုပ်ကိုသွားပြီး ရုံးအဖွဲ့ဆီမှာ နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းမိကြောင်း မှတ်တမ်းတင်စာရင်း သွင်းလိုက်၊ ကြားလား၊ အခု ရာဇ၀တ်မှုကြီးတွေကို တစ်ခုမှ ရဲကမဖေါ်ထုတ်နိုင်ဘူးလို့ ပြောရဲတဲ့ အကောင်ပြောကြည့်စမ်းပစေ၊ ဟင်း”

မြန်မာပြည်မှ ရဲဝန်ထမ်းများမပါပါ။ hehehe
hehehen
တစ်နေ့မှာ... လူတစ်ယောက်ဟာ. သူ့သူငယ်ချင်းကို စိတ်ပျက်လက်ပျက်နဲ့..
သူ့အကြောင်းတွေကိုပြောပြနေတယ်တဲ

့....
ငါ ကျောင်းဆရာမကို.. လက်ထပ်ခဲ့မိတာ... မှားသွားပြီကွာ.. တဲ့..
ဘာလို့လဲ တဲ့.. သူ့သူငယ်ချင်းက.. မေးတယ်... တဲ့..
အေးကွာ... ဟိုနေ့က ငါအိမ်ပြန်နောက်ကျတော့..
အိမ်ထဲကိုအ၀င်မခံဘဲ.. ဗလာစာအုပ်တစ်အုပ်ချပေးတယ်ကွာ..
နောက်တစ်ခါ.. အိမ်ကို အချိန်မှန် ပြန်လာပါ့မယ်... နောက်မကျစေရပါဘူး.. လို့..
အကြောင်း တစ်ရာ ရေးခိုင်းတယ်ကွာ...

( ၂ )

အိမ်ရှင်၏သမီးသည် စန္ဒရားကို တီနေသည်။
၎င်းအနားသို့ ဧည့်သည်ဖြစ်သူ နာမည်ကြီးစန္ဒရားဆရာ ကပ်လာပြီး မေးသည်။
"ဘာဖြစ်လို့ ခြေနင်းကို အသုံးမပြုတာလဲ"
"ဘရိတ်အုပ်ရလောက်အောင်အထိ ကျမ မြန်မြန် မတီးတတ်သေးလို့ပါ"

( ၃ )

အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိ
လာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း ၃၈၇
ယောက်ရှိပါသည်။ ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင်
ပြင်းပြလျက်ရှိပါသည်"

ချစ်တဲ့သား.. တွမ်"

( ၄ )


နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို ရက်စက်သော
လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး တစ်ဖက်အခန်းမှာ
ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ
ပြန်ထွက်လာတယ်
အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်

*ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်*

( ၅ )

*ဆိတ်ငြိမ်ရပ်ကွက်*

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"

"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."

( ၆ )
*
အတွေးကိုယ်စီ*

အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင်
အပြုံးရိပ်ပေါ်လာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ.. မနက်ကျရင်
ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။
ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို
လွတ်ပြီ။"

( ၇ )

မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းခနဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့ လို့ မိန်းမလုပ်သူက
ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။

နောက်တနေ့
မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
*ညက ရှင့် မြင်းမ ဖုန်းဆက်လို့*

( ၈ )

ဂျော်ဂျီယာပြည်နယ်မြို့တော် တဘီစီမြို့တွင်းသို့ ရုရားတစ်ယောက် ကားမောင်းပြီး
ဝင်လာသည်။
ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။

"ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုပြီး မောင်းလားတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက် ရေးပါ။"

"ကျွန်တော် ဂျော်ဂျီယာစာမှ နားမလည်ဘဲ။။ ဘယ်လိုလုပ် ရေးရမှာလဲ"

"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေး.. ဒါပဲ"

ကားဆရာရုရား စိတ်ညစ်သွားသည်။
မည်သို့မှ ရှင်းပြလို့လည်းမရ.. ဂျော်ဂျီယာ ယာဉ်ထိန်းရဲသည် အင်မတန်မှ
ခေါင်းမာလှသည်။
နောက်ဆုံးတွေင် ရုရှားသည် စာရွက်တစ်ရွက်ကို ထုတ်ပြီး ဒေါ်လာ ငါးဆယ်တန်တစ်ရွက်ကို
ညှပ်ထည့်လိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးသည်။
ယာဉ်ထိန်းရဲသည် စာရွက်ကိုဖြန့်လိုက်သည်။
ငွေစက္ကူကို တွေ့သောအခါ ကားဆရာကို ပြောသည်။

*"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာဖြစ်လို့ ပြောလဲ.. အခု
တစ်ဝက်တောင်ရေးပြီးပြီပဲ... ဆက်ရေး... "*


( ၁၀ )

*ကောက်ချက်*

"မှုခင်းသတင်း"

အပိုင်းပိုင်း ခုတ်ဖြတ်ထားသော သေသူ၏အလောင်းကို ဂုန်နီအိတ်ထဲတွင်
ထည့်ချုပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိကိုယ်မိမိ သတ်သေသည့်
အမှုမဟုတ်ဟု ယူဆသည်။

( ၁၁ )

စိတ်ကောင်းရှိသူ

နေရာတကာ စွာကျယ်ကျယ် ၀င်လုပ်နေသည့် ယောက္ခမကို ကိုဘမောင် သည်းမခံနိုင်တော့သဖြင့်
တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ တိုက်ခန်းပြတင်းပေါက်၏
အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင် အကြားစကားပြောနေခန်းမှာ
ဤသို့ဖြစ်သည်။

တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..

ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့ စိတ်ကောင်းရှိတဲ့သူ..
ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..

( ၁၂ )

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့
ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို ဖုန်းခေါ်လိုက်..
ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"


( ၁၄ )


၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြစ်သည်
ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။
ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။
*
"I am Robin Hood"*

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။ သားရေဂျာကင်၊
သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး မြားကိုလွှတ်လိုက်သည်။
ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြသည်။
လူငယ်ကပြောသည်။

"I am Willghelm Telle"

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားသည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော ကုတ်အင်္ကျီနှင့်
ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို ယူလိုက်ပြီး ချွန်ထက်သည့်
စို့ချောင်းဖြစ်ပစ်စည်။ စို့ချောင်းသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို
ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။
ထိုဗလကြီးကပြောသည်။

"I am SORRY"

( ၁၅ )

တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။
ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်..
သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။
သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး
ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး
ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့
တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? "အားလုံး မင်းကို စောင့်နေတာ မင်းက
ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့

ကင်းခြေ ပြန်ဖြေလိုက်တာက

*"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ

Sunday, March 15, 2009

စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်




ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။

ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့
ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို
ထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့
"သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့
ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆိတ်လိုက်လေ" လို့ ပြောလိုက်တယ်။

ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ
မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို
လက်ပြနှုတ်ဆက်နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ်
ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ်
ထိုးဝင်ခံစားစေခဲ့ပါတယ်။

မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက်
မသိမသာ ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲ
အရောက်ပို့ပေးခဲ့တယ်။

တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲကိစ္စတွေလည်း
ဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို
ကြီးထွားစေနိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က " မငိုနဲ့ သား.. မငိုနဲ့
မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ်
အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊
အလျှော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။
ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။

အကယ်၍ မိခင်က " အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?
ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင်
ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ ဒါလေးတောင်
ငါမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က "ဟင်း.... ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို မေမေ
နောက်တစ်လုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူခဲ့ရင်
နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်း
စိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ်ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေးငယ်ရဲ့
ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင်
ဆွဲဆောင်နိုင်ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို
တံခါးဖွင့်ပေးလိုက်နိုင်ခဲ့ပါတယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့
မိခင်စကားကို နားထောင်တဲ့ ကလေးတစ်ဦးအဖြင့် ကလေးငယ်ကို
လှပတဲ့အတွေးဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာ
အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။
အမြဲတမ်း ရှိနေပါတယ်


လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန်
ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က
ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ
လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။

တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့
မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား...!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ

ဒီလိုစာပုံစံမျိုးတွေ အင်တာနက်ပေါ်မှာ ဖတ်ဖူးကြမှာပါ။ ဘာပဲဖြစ်ဖြစ်
တစ်ချို့က ဖတ်ဖို့မျှော်လင့်နေလို့ ရေးလိုက်ပါတယ

Thursday, March 12, 2009

အပျိုကြီး ၊ လူပျိုကြီးဖြစ်ချင်ရင် ဖတ်ဖို့ပါ...

အပျိုကြီး ၊ လူပျိုကြီးဖြစ်ချင်ရင် ဖတ်ဖို့ပါ...




--------


အိုဘယ့် မိန်းမ

> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
> ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
> နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
>ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
> မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
>ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
> ခေတ်မှီတာကျတော့ စိတ်မချရ၊
> စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
>.................................................................................။

> အိုဘယ့် ယောက်ျား

> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
> ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
> ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
> အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
> အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
> အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
> အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။
>.............................................................................

ဒါကြောင့်................................

> ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။
> ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။
> ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
> ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့၊
> ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။

> -----------------------------------------------------------------------
ပြီးတော့....
> မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
> ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
> အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
> အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။

>--------------------------------------------------------------------------

( လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်)

> ROMANCE MATHEMATICS
> Smart man + smart woman = romance
> Smart man + dumb woman = affair
> Dumb man + smart woman = marriage
> Dumb man + dumb woman = pregnancy
> GENERAL EQUATIONS & STATISTICS
> A woman worries about the future until she gets a husband.
> A man never worries about the future until he gets a wife.
> A successful man is one who makes more money than his wife can spend.
> A successful woman is one who can find such a man.

>......................................................................

> ကွာခြားချက်...

> ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။
> ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။
> ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။
>ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။
>ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။
>ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
> ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။
>ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။
> ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

> { ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}
။................ဘယ်လို့ဖြစ်ဖြစ် ပျော်ရွှင်ပါစေ ..............။



(All actions you do on everything is your morality.)
(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်ဧ။်
ကိုယ်ကျင့်တရားပင် ဖြစ်သည်။)


Monday, March 9, 2009

စိတ်၏ အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို "လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့
အချိန်မှာ အော်ပြီး ပြောကြတာလဲ" ဟု မေးလေသည်။ ကျောင်းသားများက
အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က "စိတ်တည်ငြိမ်မှုတွေ
ပျောက်ကုန်လို့ အော်တာပါ ဆရာ" ဟု ဖြေသည်။

ဆရာက "ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး
ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ" ဟု ပြန်မေးသည်။
ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို
ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

"လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ
အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ
ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ
စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ" ဆရာက
ဆက်ပြီး....

"လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား...
အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့
ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။
စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ
နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။
အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး
စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို
ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ
လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ"

"လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။
စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု
မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့" ဟု ဆရာက နောက်ဆုံး
ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံမှာဘာလို့..ဒုက္ခေ တွရောက် ဆိုတဲ့ အမေးကို ...




Why MYANMAR is in trouble............................
Population: 56 MILLIONS ၅၆ သန်းကျော်ရှိပါတယ်...။
9 Millions retired........ ၉ သန်းကျော်က လူအိုတွေ(အငြိမ်းစားတွေ......)

30 millions in States & Townships Employee
သန်း ၃၀ ကျော်ကတိုင်းနဲ့မြို့နယ်ကအလုပ်သမားတွေ...
17 millions in Central Govt. in NPT
၁၇ သန်းက အစိုးရလက်အောက်ခံ....
(Both categories don't work) နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့လူတွေ....

1 million IT professional (don't work for Myanmar ) ၁ သန်းက IT
ပညာရှင်တွေ...(ဒါပေမဲ့....နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး...)

25 millions in school ....၂၅ သန်းက ကျောင်းသား၊ကျောင်းသူတွေ.....

1 million are under 5 years..... ၁ သန်းက ၅ နှစ်အောက်တွေလေ...

15 millions unemployed ...၁၅ သန်းကျော်က အလုပ်လက်မဲ့....

1.5 millions, u can find anytime in hospitals....၁ သန်းခွဲကျော်က
ဆေးရုံမှာအချိန်နဲ့အမျှ...

Statistics says u find 79,99,998 people anytime in jail....၇၉,၉၉,၉၉၈ က
အချိန်မရွေးထောင်ထဲမှာလေ.....

The Balance two are U & Me.
လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ လေ....
ဒါပေမဲ့.....

U are busy ' checking Mails /sending fwds.. '..!!
မင်းကလည်း မအားဘူးလေ....မေးလ်တွေဖတ်ရ...၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့လေ...


HOW CAN I HANDLE MYANMAR alone? ကဲ...ပြော..ငါတစ်ယောက်တည်းနဲ့
ဘယ်လိုလုပ် မြန်မာနိုင်ငံကြီးကို ထိန်းမလဲ...

ဒါကဒီလိုရှိပါတယ်တဲ့ဗျာ

thank for that mail who send this to me..

Saturday, March 7, 2009

တွေ့ဆုံချိန်မှာ တန်ဖိုးထား

တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။

မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို
တစ်ခါမှ မတွေးခဲ့မိဘူး။ လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ
ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက်
တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ
ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?

ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း
အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား
လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။
တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ
နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။

တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ....
တွေ့ဆုံခြင်းပါတဲ့။

ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ
ရှိခဲ့ကြတယ်ဆိုတာကို အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့
တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။
တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ လမ်းဖြတ်ကူးသလိုပဲ
ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့
သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။

တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက်
ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။

ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊
အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်။

Friday, March 6, 2009

အားလုံးကိုရီစေချင်လို့ပါ..။


ဖိုးရှုပ်တယောက် မြန်မာ သတင်းသမဂ္ဂ စည်းဝေးအပြီး ပွဲကိုက်လို့မှ မဝသေးခင်မှာ ဒေဝါလီမဂ္ဂဇင်းက သတင်း တပုဒ်ကို အိပ်ချင်မူးတူး အယောင်ယောင် အမှားမှားနှင့် ဖတ်မိလိုက်

သောကြောင့် အိပ်ချင်စိတ်များ ပျောက်၊ မူးထားသမျှတို့ ပြေသွားကာ ဦးရုက္ခစိုးတို့နှင့် ဆုံရပ်ဖြစ်သည့် ချင်းမိုင်က ဝါဝီကော်ဖီဆိုင်ကို အသော့ နှင်ခဲ့တော့ သည်။ ကော်ဖီဆိုင်ရောက်တော့ ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့က လက်ပ်တော့ကွန်ပျူတာတလုံး ရှေ့ချလျှက် စိတ်ဝင် တစား ကြည့်နေကြသည်။

ဦးရုက္ခစိုး။ ။ ဟာ ဆင်းရဲသားကား မရိုက်ရ ဆိုပါလား။ ဘာကိုပြောတာလဲကွ။

ကြွက်စုတ်။ ။ သြော် ဦးရုက္ခစိုးကလည်း ဆင်းရဲသားကားဆိုတာ ဟိုဒင်းလေဗျာ အင်္ကျီမဝတ်နိုင်တဲ့ သူတွေ ရိုက်တဲ့ ကားမျိုးကိုပြောတာ။ အဲဒါက ခုမှမဟုတ်ဘူး အရင်ကတည်းကလည်း ပေးမရိုက်ပါဘူးဗျာ။

ထုံးစံအတိုင်း ကြွက်စုတ်က ဆရာကြီးလေသံဖမ်း၍ သူအားလုံးသိသည်ဆိုသည့် စတိုင်ဖြင့် ပြောလိုက်သည်။

ရုက္ခစိုး။ ။ ထွီ ရှက်စရာကြီးကွာ။ ဒါပေမယ့် ဗဟုသုတရအောင် ကြည့်တော့ကြည့်ချင်သား။

ကြွက်စုတ်။ ။ (လေသံကိုနှိမ့်၍) ခုနောက်ပိုင်းတော့ လိုးရှင်းလူးတာတို့၊ မော်ဒယ်လျှောက်ပြတာတို့ ခိုးရိုက်ပြီး အင်တာနက်မှာ တင်နေပြီတဲ့ဗျ (ရှလွတ်)

ကြွက်စုတ်က ပြောရင်း သွားရည်များပင်ကျလိုက်သေးသည်။ နောက်မှာရောက်နေသည့် ဖိုးရှုပ်ကို မမြင်ဘဲ ရုပ်တည်နှင့် ရွှီးကောင်းတိုင်း ရွှီးနေသည့် ကြွက်စုတ်ကို ကြည့်ကာ ဖိုးရှုပ် ရယ်ချင်သွားသည်။ ရယ်သံအနည်းငယ် ထွက်သွားသောကြောင့် သူတို့ ၂ ယောက် လှည့်ကြည့် လိုက်သည်။

ဖိုးရှုပ်။ ။ ဟေ့ကောင် .. ထင်ရာလျှောက်ပြောမနေနဲ့။ မင်းဟာလေ မှားချင်တိုင်းမှား သတင်းဌာနက သတင်းထောက် ကျနေတာပဲ။ နားစွန်နားဖျားကြားတာနဲ့ ပြောမယ်၊ ရေးမယ် ဆိုတာချည်းပဲ။ မင်းပြောတဲ့ ဆင်းရဲသားကား ဆိုတာ အပြာကားကွ။ ခု မရိုက်ရတဲ့ ဆင်းရဲသားကား ဆိုတာ တကယ့်ကို ဆင်းရဲစုတ်ပြတ် နွမ်းပါးတဲ့ ဇာတ်လမ်း တွေကိုပြောတာ။

ထိုစဉ် ဝါဝီ ကော်ဖီဆိုင်၏ ထောင့်တနေရာမှ တဟားဟား အော်ရယ်လိုက်သော အသံနက်ကြီးတသံ ထွက်ပေါ်လာသဖြင့် သူတို့အားလုံး လန့်သွားကြသည်။ ကော်ဖီဆိုင်ထောင့်တွင် ထိုင်နေသူမှာ ပြန်ကြားရေး ဝန်ကြီး ဖြစ်နေသည်။

ဦးရုက္ခစိုး။ ။ ဟာ ဗိုလ်ချုပ်ဆော်ကြမ်းပါလား။

ဖိုးရှုပ်။ ။ (လေသံဖြင့်) ဦးရုက္ခစိုးမှားနေပြီ။ ဝန်ကြီးက နာမည်ပြောင်းထားတယ်။ ခု သူ့နာမည် ကြောင်ဆန်း ဖြစ်သွားပြီတဲ့၊ ဒေဝါလီမှာ စာဖတ်သူတယောက်က ကွန်မန့်တခုမှာ ရေးထားတာ ဖတ်လိုက်ရတယ်။ (ဝန်ကြီး ဘက်ကိုလှည့်၍) ဒါနဲ့ ဝန်ကြီး ချင်းမိုင်ကို ဘယ်လိုလုပ်ရောက်နေတာလဲ။

ဝန်ကြီး။ ။ ဟဲဟဲဟဲဟဲ။ ကျုပ်လည်း ခင်ဗျားတို့ ဘီအမ်အေကို လာလေ့လာတာပေါ့ဗျ။ ခင်ဗျားတို့ အတိုက်အခံ သတင်းသမားတွေ မဆိုးဘူးဘဲ။ အတော်သောက်နိုင်တယ်နော်။

ဖိုးရှုပ်။ ။ ဒါကတော့ သောက်နိုင်ဆို သက်တမ်းရင့်အသောက်သမားတွေကိုးဗျ။ သောက်သက်က တော်လှန်ရေးကာလနဲ့တူတူပဲလေ၊ အနှစ် ၂၀ ကျော်ပြီ။ ဒါနဲ့ ဝန်ကြီးနဲ့တွေ့တာနဲ့ အတော်ပဲ။ မေးရဦးမယ်။ ခု မြန်မာ့ ရုပ်ရှင်မှာ ဆင်းရဲသားဇာတ်လမ်း မရိုက်ရ တော့ဘူးဆို (ဖိုးရှုပ်က ကိုယ်ခံရမည့်အကွက်ဖြစ်သောကြောင့် အမြန်ဆုံး စကားလွှဲလိုက်ခြင်းဖြစ်သည်)

ဝန်ကြီး။ ။ ဟုတ်တယ်ဗျ။ ကျုပ်တို့ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်မှာ လူတွေ ဆင်းရဲတာ မမြင်ချင်ဘူး။ အားလုံး ချမ်းသာအောင်လုပ် ဆိုလို့ ကျုပ်လည်း ကျုပ်တတ်နိုင်တဲ့ အပိုင်းက တတပ်တအား ဆောင်ရွက်တာပဲလေ။ ဒီလောက် လုပ်တာတောင် ခင်ဗျားတို့ ပြည်ပမီဒီယာတွေက ပြောချင်ဆိုချင်ကြသေးတယ်။

ရုက္ခစိုး။ ။ ဟောလိဝုဒ်မှာတော့ ဆင်းရဲသားကား Slumdog a millionaire က အော်စကာရသွားတယ်နော်။ တကယ်ဆို ကျုပ်တို့ဆီမှာလည်း ခွေးသန်းတို့၊ ကြောင်သန်း တို့ လူသန်းတို့ မျောက်သန်းတို့ …. (မီလျံ ဆိုသော စကားကို ဦးရုက္ခစိုးက သန်း ဟုတိုက်ရိုက်မြန်မာမှု ပြုနေရာ ဗိုလ်ချုပ်မှူးကြီး နာမည်ပါနေသောကြောင့် ဗိုလ်ချုပ်ကြောင်ဆန်းက အမြန်စကားဖြတ်လိုက်သည်)

ဝန်ကြီး။ ။ ဒါက ဒီလူတွေ နားမလည် ပါးမလည်နဲ့ ပေးတာပဲဗျ။ ကျုပ်တို့ မြန်မာနိုင်ငံက သရုပ်မှန် သူဌေး ကားတွေ ရိုက်လိုက်ရင် ဟောလိဝုဒ်လောက်မှာ အော်စကာမယူဘူး တာဝတိံသာမှာ သွားယူလို့ရတယ်။ ငှဲငှဲ။

အရပ်ပုပြတ်ပြတ်၊ အသားမည်းမည်းနှင့် ကြည့်ရဆိုးရသည့်အထဲ ဝန်ကြီးက သူ့သွားမည်းမည်းများကို ဖြဲပြ နေသေးသည်။ ဖိုးရှုပ်က သတင်းထောက်ပီပီ သဌေးသရုပ်မှန် ဆိုသော စကားကို စိတ်ဝင်စားသွားသဖြင့် အသင့်ပါလာသော ကက်ဆက်ကိုထုတ်ကာ ဗျူးဖို့ပြင်လိုက်သည်။

ဖိုးရှုပ်။ ။ သူဌေး သရုပ်မှန်ဆိုတာလေး ရှင်းပါဦးခင်ဗျ။ ဒီစကားလုံး တခါမှ မကြားဘူးလို့ပါ။

ဝန်ကြီးက ဖိုးရှုပ်ကို အထင်သေးသည့်အကြည့်ဖြင့် တချက်ကြည့်ပြီး အကယ်ဒမီကျော်ရဲအောင်စတိုင် ပြုံးလိုက်ရာ အပြုံးမတတ်သဖြင့် ဗေလုဝနှင့် ခပ်ဆင်ဆင် ဖြစ်သွားသည်။

ဝန်ကြီး။ ။ ခင်ဗျားတို့ ပြောပြောနေတဲ့ စိန်စီသော ည ဆိုတာ သူဌေး သရုပ်မှန်ပေါ့။ ဒီထက် သရုပ်မှန်တာတောင် ဒီလောက်သရုပ်မမှန်ဘူး။ အဲဒါမျိုး ကားတွေ များများ ရိုက်ဖို့ ပြောနေတာကွ။

ကြွက်စုတ်။ ။ စိန်စီသောညကတော့ ဟုတ်ပါပြီဝန်ကြီးရယ်။ ဇာတ်လမ်းတွေက ဘယ်သူရေးမှာလဲဗျ။ မြန်မာပြည်က စာရေးဆရာတွေက အဲလောက်ချမ်းသာတာတွေ ရေးတတ်ပုံမရဘူးထင်တယ်နော်။ အဲဒီစာရေး ဆရာတွေက ဆင်းရဲသားခန်းပဲ ပိုင်တယ် ကြားဖူးတယ်။

ဝန်ကြီး။ ။ သူတို့က မချမ်းသာဘူးတော့ ဘယ်ရေးတတ်ပါ့မလဲ။ ကျုပ်ကိုယ်တိုင် ရေးမှာပေါ့ဗျ။ မင်းသားက သိန်းပေါင်း တသောင်းပဲ ချမ်းသာတယ်။ မင်းသမီးက သိန်းတသန်းချမ်းသာလို့ မိဘတွေက သဘောမတူတော့ မင်းသားပိုင်တဲ့ ဖယ်ယာရီ မော်ဒယ်အနိမ့်ကားလေးနဲ့ မင်းသမီးကို ခိုးပြေးရတဲ့ ဇာတ်လမ်းမျိုး ရိုက်စမ်းပါလေ့။ မျက်ရည်တွေ ဘူးသီးလုံးလောက် ကျသွားမယ်။ ဒါမှ သရုပ်မှန်စစ်စစ်။

ဝန်ကြီး၏ စကားကြောင့် ဦးရုက္ခစိုးကြီး မျက်လုံးပြူးသွားသည်။

ရုက္ခစိုး။ ။ ဒီလိုတော့လည်း ဟုတ်သားဗျ။ မြန်မာပြည်မှာက သူဌေးတွေ အတော်ပေါတာပဲနော်။

ဝန်ကြီး။ ။ ပေါတာပေါ့ဗျာ။ ဘယ်လောက်ပေါသလဲဆိုရင် ကမ္ဘာပေါ်မှာအပေါဆုံးလို့တောင် ပြောလို့ ရတယ်။ နေဦးဗျ ဆက်ပြောဦးမယ်။ (တက်တက်ကြွကြွ အားကျိုးမာန်တက်နှင့် အလွန်ပြောချင်နေပုံရသော ဝန်ကြီးပါးစပ်မှ တံတွေးစဉ်သွားသဖြင့် ဦးရုက္ခစိုး အမြန်ရှောင်လိုက်ရသည်) စီးပွားရေး လုပ်ငန်းရှင်ကြီး ကိုတေဆေးရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို သူဌေးဖြစ်နည်း ဖြတ်လမ်း ဆိုပြီး အကယ်ဒမီ မိုးဒီကြီးနဲ့ ရိုက်လိုက်ရင် ပညာပေးကော၊ ဟာသကော၊ ဘဝသရုပ်ဖော်ကောပါနေလို့ မရိုက်ခင်ကတောင် အကယ်ဒမီကြိုပေးလို့ရတယ်။ ဟား ပြောရင်းနဲ့မှ သတိရတယ်။ ဒီကားကို ဒါရိုက်တာ ပင်ဂွင်းမှောင်မှောင်ကို ရိုက်ခိုင်းဦးမှ။

ပြောရင်းဖြင့် ဝန်ကြီးက သူ့မှတ်စုစာအုပ်တွင် ရေးမှတ်နေပြန်သည်။

ရုက္ခစိုး။ ။ ဒါနဲ့ ဝန်ကြီး .. ဟိုးတလောက မင်းသမီးတွေကို ဦးစားပေးတဲ့ဇာတ် မရိုက်ရဘူးကြားတယ်။ အဲဒါကော ဘယ်လိုဖြစ်သွားပြီလဲ။

ဝန်ကြီးက သူပြောလို့မှ မဝခင် အတင်းဖြတ်မေးသည့် ဦးရုက္ခစိုးကို သိပ်မကျေနပ်သော်လည်း မေးခွန်းအားလုံးက သူ့ကိုဦးတည် မေးနေခြင်း ဖြစ်သောကြောင့် သတင်းစာရှင်းလင်းပွဲတွင် ခပ်တည်တည်ရွှီးသည့် စတိုင်ဖြင့် ပြန် ဖြေသည်။

ဝန်ကြီး။ ။ ဟုတ်ပါတယ်ခင်ဗျ။ အခု အသစ်တခု စမ်းသပ်ဖို့စီစဉ်နေပါတယ်။ မြန်မာ့ရုပ်ရှင် ကမ္ဘာကိုလွှမ်းဖို့ ကြိုးစားရတာလည်း တယ်မလွယ်ပါဘူးဗျာ။ မင်းသမီးဦးစားမပေးဘဲ မာမီတွေကို ဦးစားပေး ရိုက်ခိုင်းမလားလို့။

ကြွက်စုတ်။ ။ ဟာ ဖြစ်ပါ့မလားဝန်ကြီးရဲ့။

ဝန်ကြီး။ ။ ဘာလို့မဖြစ်ရမှာလဲ။ ဟိုတနေ့က ချင်းမိုင်မှာ မာမီတို့အဖွဲ့ လမ်းလျှောက်ပွဲ ပျက်သွားတုန်းကလေ၊ များတို့ မြန်မာပြည်က မာမီ တယောက်ကို များက အသာလေး မေးကြည့်တယ်သိလား။ ထိုင်းနိုင်ငံက တောင်ပြုံးလောက်တောင် မလွတ်လပ်လို့ တဲ့ ကဲ လူဆိုးတွေ သိပြီလား။ များတို့ကတော့ ဒီအချက်ကို အမိအရ အသုံးချရမယ် ထင်တာပဲ။ မာမီဦးစားပေးဇာတ်တွေနဲ့ ကမ္ဘာ ကျော်အောင် လုပ်ရမယ်လေ။

“ဝန်ကြီးတော့ …. သွားရှာပြီထင်တယ်” ဟု ဖိုးရှုပ်တွေးရင် ခပ်လန့်လန့် အထစ်ထစ် အငေါ့ငေါ့နှင့် ဆက်မေးလိုက်သည်။

ဖိုးရှုပ်။ ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဒီလို အမိန့်တွေထုတ်တာလဲ ဝန် … ဝန် .. ကြီး။

ဝန်ကြီး။ ။ ဒါကတော့ မိန်းမတွေ ရှေ့မထွက်စေချင်တဲ့သဘော၊ ဆင်းရဲသားဆိုတာ အပြင်မှာပဲရှိရမယ်၊ ရုပ်ရှင်ထဲမှာ မရှိစေရဘူးဆိုတဲ့ သဘောပေါ့။ မိုးကုတ်က ပတ္တမြားတွေ၊ ဖားကန့်ကကျောက်စိမ်းတွေ၊ မရောင်းရတော့တဲ့တူတူ ရုပ်ရှင်ထဲမှာ ထည့်ရိုက်ခိုင်းမယ်၊ ထမင်းပန်းကန်မှာ စိန်တွေစီရမယ်။ ကျုပ်တို့ နိုင်ငံသားတွေအားလုံး ဘယ်လိုပင်ဆင်းရဲ မွဲပြာကျနေသော်ငြားလည်း ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ငါဟာ လူချမ်းသာတယောက်ပါလား ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်စေရမယ်။ တောက် တယ်တော်တဲ့ ငါပါလား။

အံကြိတ်ကာ ပြောနေရင်း ဝန်ကြီးက အားမရတော့၍ထင်သည် လက်သီးလက်မောင်းအားရပါးရ တန်းလိုက်ရာ ကြွက်စုတ် မျက်နှာကို သီသီလေး ကပ်လွဲသွားရသည်။

ဝန်ကြီး။ ။ ပြောရင်းနဲ့ သတိရသွားပြီ ကျေးဇူးဗျို့။ မြန်မာ့ရုပ်ရှင် အထက်ဗြဟ္မာ၊ အောက်အဝီစိအထိ ကျော်ကြားစေဖို့ မိန်းမ မပါရ၊ ဆင်းရဲသားမပါရ၊ နိဗာန်ယာဉ် မပါရ၊ လူသေခန်း မရိုက်ရ၊ ခွေးဝဲစား မပါရ၊ ဖယောင်းတိုင် မပါရ၊ ရေစည်လှည်း မပါရ၊ ရိုဟင်ဂျာ မပါရ … မပါရ … မပါရ .. မပါရ။

ပြောရင်း ဝန်ကြီးက တဟားဟားရယ်လိုက်ရာ အနားက နိုင်ငံခြားသားများပါ တအံ့တသြ ဝိုင်းကြည့်ကြသည်။ ဦးရုက္ခစိုးက လှမ်းတားဖို့ ပြင်တုန်းမှာပင် ထိုင်ရာကထ၍ အသံကြောင်ကြီးဖြင့် သီချင်းတပုဒ် အော်ဆိုပြီး တင်ကလေးလှုပ်ကာ လှုပ်ကာ ကရင်း ဝါဝီဆိုင်ထဲမှ ထွက်သွားလေတော့သည်။

ဝန်ကြီး။ ။ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြကြောင်ပါမည် .. ရတနာ ခုနစ်သွယ် တကယ်ပင် စုံညီ ကားတိုင်းပါရမည် … တယ်နယ်ဗျောင် .. တူနယ် တူနယ် ဗျောင် .. တူနယ်ဗျောင် … ။ ။


ရီနိုင်ကြပါစေ..။

Tuesday, March 3, 2009

ဘဝ




မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် သူပျော်ရွှင်တဲ့အကြောင်း ကျွန်တော့်ကို ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။

သားလက်ကို ဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး... တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။

အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။

ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။

ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။

"ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်" လို့ သူရေရွတ်ခဲ့မိတယ်။

မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ "ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?

ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။

"ကျေနပ်တယ်၊ ပြည့်စုံတယ်" ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

မူရင်း.... ထိုင်ဝမ် စာရေးဆရာ Hong Wen Yong (候文詠) ၏ "ဘဝ" အား ဘာသာပြန်ခံစားသည်။



(You do all performance on everything is your morally.)
(အရာရာတိုင်းအပေါ် သင် ပြုမူဆောင်ရွက်သမျှ ကိစ္စတိုင်းသည် သင့်ဧ။် ကိုယ်ကျင့်တရားပင် ဖြစ်သည်။)

အားတက်စေသည့်... စကားလုံးများ....


၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား

ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင် အချိန်ရွှေ့ ကြည့် လိုက်ပါ။ အခုကိစ္စတွေက နောင်တစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လိုဖြစ်လာမလဲ ဆိုတာမျိုး စဉ်းစားလိုက်တာကို အချိန်ရွှေ့တယ်လို့ခေါ်တာပါ။ အဲလိုရွှေ့ကြည့်လိုက်ရင် အရေးကြီးတယ်ဆိုတဲ့ ထင်နေတဲ့ ကိစ္စတွေဟာ အရေးမကြီးတော့တာကိုတွေ့ရပါမယ်။ ကားပျက်သွားတာ၊ မီးမလာတာ၊ ခြေထောက်ကျိုးသွားတာ၊ လူကြီးအဆူခံရတာ…စတဲ့အသေးအဖွဲတွေကို ကိုယ့်ရဲ့စိတ်ထဲ ထည့်မိလို့  စိတ်ရှုပ်ရတာ လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒါတွေကြောင့်စိတ်ပင်ပန်းမခံပါနဲ့။ ကိုယ့်စိတ်ဓာတ်အင်အားကျဆင်းပါတယ်။ အရင်နှစ်တွေက ဖြစ်ရပ်တွေပြန်စဉ်းစားကြည့်ပါ။ အခုတော့ ဘာဖြစ်သေးလဲ။ ကြုံသမျှကို ပေါ့ပေါ့တန်တန် ဖြတ်ကျော်ဖို့ အဖြစ်ကလေးလုပ်ပြီး အချိန်ကုန်အောင်စောင့်နေဖို့ပြောတာမဟုတ်ပါဘူး။ အဲလိုလုပ်နေရင် အလုပ်ပြုတ်မှာပါပဲ။ လျှောမွှေးကို ဗာရာဏသီမချဲ့ဖို့ပြောတာပါ။ ဘ၀ကိုအရှိအတိုင်း လက်ခံဖို့ပြောတာပါ။ ပြသနာရှိရင်လဲ ရှိနေတယ်လို့ အသိအမှတ်ပြုလိုက်ပါ။ အသေးအမွှားကို အကြီးမချဲ့ဖို့ အရေးကြီးကြောင်း ပြောတာပါ။ စိတ်မကောင်းစရာ တွေကြုံလာရင်လက်ခံလိုက်ပါ။ ပြီးရင် ပိုကောင်းမယ့်နည်းလမ်းကို စဉ်းစားဖို့သာဖြစ်ပါတယ်။ ပြသနာကို ဒီလိုချဉ်းကပ်လိုက်တော့ စိတ်ဆင်းရဲတာလည်းနည်းပါးသွားမယ်။ အောင်မြင်ရေးလမ်းစတွေလဲ တွေ့ လာလိမ့်မယ်။

လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီးပဲလို့ တွေးလိုက်ပါ။ သူတို့အပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီဖို့ နည်းလမ်းတွေရှာကြည့်ထားရမယ်၊ဒါမှကြုံရင်ကူညီနိုင်မှာဆိုတာမျိုးတွေးပါ။

၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။

လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို ချီးမွမ်းချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဖိစီးမှုဆိုတာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် တာမို့  ကြာတော့ မနိုင်ဝန်ထမ်းမိတာဖြစ်လာတာပေါ့။ အဲဒီအခါမျိုးကျတော့လည်း ခံနိုင်ရည်အား တိုးမြှင့်ပေးသနားပါဆိုတာမျိုးတွေဖြစ်လာရော။ ဖိစီးမှုဆိုတဲ့ သဘောက ၀န်နဲ့အား၊ လေးနဲ့မြှား သဘောမျိုးမို့ များများခံနိုင်လေ များများထမ်းရလေပါပဲ။ ဒဏ်ခံနိုင်အားကို တိုးမြှုင့်ပေးတာဟာ ကုထုံးမဟုတ်ပါဘူး။ ၀န်ထုပ် ၀န်ပိုးတွေ များလာပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အရှိန် ကိုယ်လျှော့နိုင်ဖို့ပါပဲ။ လုပ်ရမယ့် စာရင်းတွေ ကြည့်လိုက်ပါ။ သိပ်များလွန်းနေရင် ဘယ်အချက်မှာလျှော့ပြီး လမ်းခိုးလျှောက် အသက်၀၀ရှုရမလဲဆိုတာ ကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ snow-ball effect ရှိပါတယ်။ နှင်းဖြူဖြူအခဲလေးကို လုံးပြီး ဆင်ခြေလျှောအတိုင်း ပစ်ချရင် လိမ့်ဆင်းရင်းဆင်းရင်းနဲ့ နှင်းခဲတွေထပ်ထပ်ကပ်ပြီး ကြာလေ အလုံးကြီးဖြစ်လာတတ်ပါတယ်။ အရွယ် ငယ်တုန်းမှာ ဖမ်းပြီး ရပ်တန့်လို့ရပေမယ့် အလုံးကြီးပြီး အရှိန်သိပ်ရလာတဲ့အခါမျိုးကြရင် သူ့ သဘော သူဆောင်တာကို ထိန်းဖို့ခက်ပါလိမ့်မယ်။ ဖိစီးမှုနဲ့ အလုပ်လုပ်ရတာ ထင်သလောက်ခရီးမရောက်ပါဘူး။ တွန်းအားတွေရှိမှ ပိုအလုပ်လုပ်ဖြစ်တယ်ဆိုတာမှာ အဲဒီတွန်းအားဟာmotivation ဖြစ်ပါတယ်။ Stress ရှိနေရင် အလုပ်ကောင်းကောင်း မထွက်ပါဘူး။ ခဏလောက် စိတ်လွတ်ကိုယ်လွတ် နားပြီး အပန်းဖြေလိုက်။ ဖိစီးမှုတွေ လျှော့ပြီး လုပ်ရကိုင်ရတာ ပိုပြီးတွင်ကျယ်လာတာတွေ့ လိမ့်မယ်။

၃။ သူမှန်တယ်လို့ သာ များများတွေး

"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား"လို့  ကိုယ့်ကိုကိုယ် ပြန်မေးနေ သင့်တဲ့ မေးခွန်းပါ။ "အမှန်တရားဟာ ကိုယ့်အတွက် စိတ်ချမ်းသာစရာ ဖြစ်ချင်မှ ဖြစ်မယ်၊ ကိုယ်ကျေနပ်နေတဲ့ အဖြေဟာ အမှန်တရား ဖြစ်ချင်မှဖြစ်မယ်။"

မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလိုက်ရတဲ့အခါမျိုးမှာ အဲဒီလိုကျေးဇူးတင်ဖူးလို့လား။ လူဆိုတာကိုယ်ကပဲ ဆရာကြီးလုပ်ချင်တာ၊ ကိုယ့်လာဆရာလုပ်ရင် မုန်းတတ်ကြတာ။ အမှန်တရားဆိုတာ ကိုယ်လက်ခံပြီး ရပ်တည်ပေးရမယ်ဆိုတာ မှန်ပါတယ်။ Yes, But ဆိုတာမျိုးနဲ့ ချဉ်းကပ်သင့်ပါတယ်။ ကိုယ့်ခံယူုချက်မပြောင်းဘဲ မေတ္တာထားပြီး အလျှော့ပေးကြည့်ပါ။ သူ့ ဘက်ကကြည့်ရင် မှန်ကောင်းမှန်နေလိမ့်မယ်လို့ တွေးကြည့်ပါ။

နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။ ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံတန်ရုံ သည်းခံနိုင်စွမ်းရှိလာရင်ပဲ အောင်မြင်မှု တွေရလာပါမယ်။ သေရေးရှုင်ရေးမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ သည်းခံနိုင်ဖို့က နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ ဘယ်လိုလဲဆိုတော့" ဒါဟာ အသေးအဖွဲပဲ၊ သည်းခံလိုက်ရင်ရတယ်"လို့  နှလုံးသွင်းတတ်ဖို့ပါ။

၎။ ကိုယ့်ဘက်ကစလျှော့

တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လိုက်ရင် ကိုယ့်စိတ်ငြိမ်းချမ်းမယ်။ သူ့အပူ သူဆက်မွေးမမွေးဆိုတာ သူ့ တာဝန်၊ သူ့ အလုပ်ပါ။ အသေးအမွှားကိုမေ့တတ်ပြီး စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်ယူနို်င်တာ ကိုယ့်အရည် အချင်း၊ ကိုယ့်အမြတ်ပါ။

၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့

ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ

ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ပြီး "ငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့" အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။ အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပရစေ။ "ကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ်ကိုစိတ်ဝင်စားမှုအပြည့်နဲ့ တတ်မြောက်ချင်တယ်ဆိုတဲ့ထက်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင် ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ "။ ဒီစကားဟာကျွန်တော်လက်တွေ့ ကျင့်သုံးလို့အကျိုးရှိလို့ မိတ်ဆွေတို့ကိုပြောတဲ့ တန်ဖိုးရှိတဲ့စကားပါ။

နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ် ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။

၆။ အရှုပ်ထဲမှာရှင်းအောင်နေ

မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။

၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး

စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှိပါတယ်။ လောဘနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့လုပ်ချင်တာ၊ လိုချင်တာ၊ ဖြစ်ချင်တာတွေများပြီး ကြာတော့လောကကြီးကို အပျက်မြင်လာတဲ့ မပျော်ရွှင်သူကြီးဖြစ်လာပါတယ်။ ကိုယ့်မှာတကယ်ရှိတာကို အာရုံစိုက်လိုက်ရင်ဒီပြသနာရှင်းသွားပါတယ်။ ကိုယ့်ချစ်သူကိုမကျေနပ်ဖြစ်လာရင် သူ့ ကောင်းကွက်ကလေးကိုတွေးကြည့်ပါ။ နိုင်ငံခြားကကျောင်း မတက်နိုင် သေးရင် တက်နိုင်တဲ့သင်တန်းအရင်တက်ပါ။ ၀င်ငွေနည်းတယ်လို့ ထင်ရင် အလုပ်ရှိတာတော်သေးတယ်လို့ တွေးပါ။ အလုပ်က စိတ်ပျက်စရာကောင်းတယ်၊အောက်တန်းကျတယ်လို့ ထင်ရင် အဲဒီအလုပ်ကိုပဲ စိတ်ဝင်တစားနဲ့ ကောင်းကောင်းလုပ်ကြည့်ပါ။

ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။

၈။ ရောက်ရာအရပ်မှာပျော်အောင်နေ

ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်း လုပ်ရပ်တစ်ခုမှတစ်ခု ကူးပြောင်းသွားတာလို့ ဆိုတယ်။ There will be a better tomorrow. ဆိုတဲ့စကားမျိုးဟာ မျှော်လင့်ချက်နဲ့ ရှင်သန်လိုစိတ်ကို တွန်းအားပေးပါတယ်။ လူဆိုတာ တစ်နေ့တော့ ကောင်းလာမှာပါ။ Someday something will turn up. ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုထားကြစမြဲပါ။တစ်ချို့ ကအဲဒီလိုကောင်းလာဖို့ ပြင်ဆင်မှုတွေလုပ်ကြတယ်။ တစ်ချို့ကြတော့ ကံကောင်းလာဖို့ ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့မရဘူး။ လက်ငင်းအခြေအနေမှာ ပျော်အောင်တတ်မှ ရှေ့ ဆက်ဖို့ အားအင်တွေရှိလာမယ်။ကိုယ်တကယ်နေထိုင်ရတာ ပစ္စုပန်ဘ၀အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ မပျော်ဘဲ နောက်အဆင့်ကျမှ ပျော်မယ်လို့ ဆုံးဖြတ်ထားတဲ့လူဟာ မပျော်ရဖို့ များပါတယ်။ လက်ရှိကိုယ့်ဘ၀ အဆင့်ကို မွေ့ လျော်စိတ်နဲ့ ဖြတ်သန်းရင်း ရှေ့ ဆက်တက်ဖို့ ကြိုးစားတာပဲကောင်းပါတယ်။

၉။ လုပ်တတ်ဖို့ လိုသည်

Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။
ဘာအရေးကြီးဆုံးလဲ စဉ်းစား၊
ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊
အချိန်ဇယားဆွဲ၊
လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊
အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊

အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်းကိုသုံး။
အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။

၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်

လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ့ပဲ လုံးထွေးရစ်ပတ်ပြီး မိသားစု ကိုမေ့ထားတတ်ကြတယ်။ဘ၀မျှော်မှန်းချက်တွေကိုနေ့စဉ်လုပ်ငန်းနဲ့ဖုံးဖိတတ်တယ်။လုပ်စရာတွေပေါ်လာတိုင်း လိုက်ဖြေရှုင်းရင်းနဲ့  စိတ်ငြိမ်ဆေးတွေ သောက်ပြီး ရပ်တည်ရတဲ့ဘ၀ကိုရောက်ရတယ်။ ကျွန်တော် အပါအ၀င် ဘယ်သူမဆို အသေးအဖွဲကို ပုံကြီးချဲ့ ဖူးကြတာပါပဲ။ အနီးကပ်အသေးအဖွဲကိုပဲမြင်တတ်ရင် အရှည်အဝေးကို မေ့တတ်ပါတယ်။ သစ်ပင်ကိုပဲဂရုစိုက်နေရင် သစ်တောကိုမေ့သွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်း နေတတ်ဖို့ ကြိုးစားသင့်ပါတယ်။ အားလုံးအရေးကြီးတယ်ဆိုတဲ့  အဖြစ်မျိုးကို ပြန်စစ်ဆေးသင့်ပါတယ်။ တချို့ အသေးအဖွဲတွေကို အသေးအဖွဲလို့ပဲ မြင်တတ်အောင်ကြိုးစားပါ။ လမ်းတွေ့ သမျှကို လိုက်ကြည့်ပြီး စိတ်ဝင်တစား လုပ်နေရင် လိုရာခရီးမရောက်ဘူးဆိုတာ သတိရပါ။

၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ

ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက်ကို ကလေးပေါက်စ တစ်ယောက် အဖြစ် စိတ်ကူးထဲမြင်အောင်ကြည့်လိုက်ပါ။ ဘာမှမသိသေးတဲ့ လူမမယ်လေးပေါ့။ ပြီးရင်အဲဒီလူကိုပဲ နောက်ထပ် နှစ်ရှစ်ဆယ်လောက် ထည့်ပေါင်းပြီး လူအိုကြီးတစ်ယောက်အသွင် မြင်ကြည့်လိုက်ပါ။ ကလေးဆိုတာ ဘာမှမသိ လို့မှားကြတာ၊ လူအိုကြီးတွေကျတော့ အတိတ်ကမှားခဲ့တာကိုတွေးပြီး ၀မ်းနည်းကြေကွဲနေတာ။ အဲဒီလို တွေးကြည့်ရင်မေတ္တာစိတ်တွေ စီးဝင်လာပါလိမ့်မယ်။ခွင့်လွှတ်နိုင်လာပြီး စိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်။ အပျက်စိတ်တွေ၊ ဒေါသတွေပေါ်လာရင် ဒီလို ကုစားကြည့်ကြပါ။




ချစ်တဲ့သူရှေ့မှာ နှလုံးခုန်တာ ပိုမြန်နေတယ်
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော
့ ပျော်နေတယ်လို့  ခံစားရတယ်။

ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလို ထင်ရတယ်...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့ ဆောင်းရာသီဟာ လှပတဲ့ဆောင်းရာသီပါပဲ။


ိချစ်တဲ့သူမျက်လုံးထဲ ကြည့်လိုက်တဲ့အခါ ရှက်သွေးဖြန်းသွားတယ်..
ီဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးထဲကြည့်လိုက်တော့ ပြုံးပြဖြစ်တယ်။


ချစ်တဲ့သူရှေ့မှာ စိတ်ထဲရှိတာ ဘာမှမပြောနိုင်ဘူး...
ဒါပေမဲ့..ကြိုက်တဲ့သူရှေ့ကျတော့ ပြောပြနိုင်တယ်။


ချစ်တဲ့သူရှေ့မှာ..ရှိုးတိုးရှန်းတန့်  ဖြစ်လေ့ရှိတယ်..
ဒါပေမယ့်...ကြိုက်တဲ့သူရှေ့ကျတော့ ကိုယ့်ပင်ကိုအတိုင်း နေပြတတ်တယ်။


ချစ်တဲ့သူမျက်လုံးကို တည့်တည့်စိုက်မကြည့်နိုင်ဘူး..
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးကိုကျတော့ အမြဲတမ်းပြုံးပြနိုင်တယ်။


ချစ်တဲ့သူငိုတဲ့အခါ သူနဲ့ အတူလိုက်ငိုတယ်...
ဒါပေမယ့်...ကြိုက်တဲ့သူငိုတဲ့အခါကျတော့ သူ့ ကိုနှစ်သိမ့်အငိုတိတ်စေတယ်။


ချစ်တဲ့ခံစားမှုဟာ မျက်လုံး အမြင် ကစတယ်...
ဒါပေမယ့်...ကြိုက်တဲ့ခံစားမှုကျတော့ နားအကြားကစတယ်။


ဒါကြောင့်...ကြိုက်တဲ့သူကို ဆက်မကြိုက်ချင်တော့ရင် သင့်နားတွေကို ပိတ်ထားလိုက်ပါ။
ဒါပေမယ့်...သင့်မျက်လုံးကို ပိတ်ဖို့ ကြိုးစားခဲ့ရင် အချစ်က မျက်ရည်စက်အဖြစ်ပြောင်းသွားပြီး
နှလုံးသားထဲ ထာဝရတည်နေတော့မှာ......................



တစ်ရက် ၅၀၀စား


တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........

ဝက်ဝံကသေသွားတော့ အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ ၀က်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့ ၀က်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော
သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့ ကြောက်တာပေါ့ တုန်နေတာပဲ...
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "



မှတ်ကရောဟ..
ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။
`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။
အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီးကြော်စားလိုက်သည်။ အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ် သည်။


အရူး
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။
ဆရာဝန်က......
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."
"ဟေ..."



သိပြီလား


စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။
"37............37............37"
"ဘာလို့  37 လို့ အော်နေရတာလဲ"
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
"37............37............37"
"ဘာလိုအဲဒီလိုအော်နေကြတာလဲ"
လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
"ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.."
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။
အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
"38.............38.............38"


သိသားနဲ့ ...

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ.....



ခေါ်လိုက်စမ်းပါ...

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည

"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"





(ရယ်ရင်စိတ်ဆိုးမှာ နော်....အဟီး :P)

Monday, March 2, 2009

နေရာ


တခါက တက္ကသိုလ် တခု၏ ဟောပြောပွဲ တခုတွင် ဖြစ်သည်။ ဟောပြောမည့် ဆရာမှာ နာမည်ကြီး ဆရာတဦးဖြစ်သောကြောင့် ခန်းမတခုလုံး ပြည့်လုနီးပါး ရှိနေပြီ။ ကျွန်တော်ရောက်သွားချိန်တွင် လူအများက လမ်းဘေးဝဲယာ စင်္ကြ့တလျောက်တွင် နေရာဦးထားပြီးဖြစ်သည်။ အ၀င် အထွက်ခက်သော အလယ်ခုံနှင့် နောက်ဆုံးခုံများတွင် နေရာလွတ် အနည်းငယ် ကျန်နေသေးသဖြင့် နေရာလွတ်တခုတွင် ကျွန်တော် ထိုင်လိုက်ပြီး စင်ပေါ်သို့လှမ်းကြည့်မိလိုက်သည်။ ဆရာမှာ ရောက်နှင့်နေပြီဖြစ်သည်။

ဟောပြောပွဲသို့ ကျောင်းသားများ တဖွဲဖွဲ ထပ်ရောက်လာပြီး တခဏချင်း ခန်းမတခုလုံး ပြည့်သွားသည်။ ဟောပြောပွဲစသောအခါ ဆရာက စင်ပေါ်မှ ဆင်းပြီးခန်းမ၏ နောက်ဆုံးခုံတန်းထိ လျောက်သွားသည်။ ထိုနောက် အလယ်ခုံတွင် ထိုင်နေသော ကျောင်းသူတဦးအား ထိုးပြကာ ကျောင်းသားများဖက် လှည့်ပြီး " တပည့်တို့ ဟောပြောပွဲ မစခင် ဒီကျောင်းသူကို ဆရာအရင်ဆုံး ဂါရ၀ပြုပါရစေ" ပြောရင်းဆိုရင်း ဆရာက ထိုကျောင်းသူအား ဦးညွှတ် အလေးပြုလိုက်သည်။

ခန်းမမှာ ခဏမျှ အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ဘာကြောင့် ထိုကျောင်းသူအား ဆရာက အလေးပြုရသလဲ... လူအများက သိချင်နေကြသည်။ ဆရာက အလေးပြုရာမှ ဦးမတ်လိုက်ပြီး ညင်သာသော အသံဖြင့် " ဆရာသူ့ကို အလေးပြုရတဲ့ အကြောင်းက သူဟာ အထဲဆုံးခုံကို ရွေးခဲ့လို့ပဲ" ဆရာ၏ စကားကို ကြားသော် ကျောင်းသားများက လှုပ်လှုပ်ရွရွဖြစ်လာကြပြီး တယောက်တပေါက် တီးတိုး ထင်မြင်ချက်တွေပေးကြသည်။

ဆရာက ဆက်၍.... "ဆရာဟာ ဒီခန်းမကို အရင်ဦးဆုံး ရောက်လာခဲ့သူပါ။ ကျောင်းသူကျောင်းသားတွေ ခန်းမထဲ စ၀င်လာတာကို ဆရာထိုင်ပြီး သတိထား ကြည့်နေခဲ့တယ်။ အရင်လာတဲ့ ကျောင်းသားတွေဟာ ၀င်လာတာနဲ့ နေရာကောင်းတွေကို ဦးထားကြတယ်။ စင်နဲ့နီးတဲ့ လမ်းဘေး ၀ဲယာတလျောက်ဟာ သူတို့အတွက် အကောင်းဆုံး နေရာပေါ့။ ၀င်လို့ ထွက်လို့ကောင်းမယ်။ စင်နဲ့လည်း နီးတော့ ကောင်းကောင်း ကြားရတာပေါ့။ ဒီကျောင်းသူဝင်လာတော့ ဆရာသတိထားမိတယ်။ သူဝင်လာတုန်းက စင်နဲ့ နီးတဲ့ နေရာတွေမှာ နေရာလွတ်တွေ ရှိနေသေးတယ်။ ဒါပေမဲ့ သူဟာနောက်ဆုံးတန်းထိလျောက်ပြီး အထဲဆုံးမှာ သွားထိုင်နေတယ်။ အဲဒီနေရာက ၀င်လို့ထွက်လို့လဲ မလွယ်ဘူး။ သူဟာ နေရာကောင်းကို တခြားလူအတွက် ချန်ပေးပြီး ကိုယ့်အတွက် ကျတော့  မကောင်းတဲ့ နေရာကို ယူတယ်။သူ့ရဲ့ ဒီလိုစိတ်ဓာတ်ကို လေးစားပြီး အလေးပြုဖို့ မသင့်ပေဘူးလား"

ဆရာက ဆက်၍ "နောက်ပိုင်း ဆရာ သတိထားမိတယ်။ နေရာကောင်းလို့ ထင်ပြီး ရွေးလိုက်တဲ့ ကျောင်းသားတွေဟာ ပိုဒုက္ခရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ခုံနဲ့နောက်ခုံရဲ့ အကွာအဝေးဟာ ကျဉ်းတယ်။ နောက်ရောက်လာတဲ့ ကျောင်းသားတွေက အထဲကို ၀င်ချင်ရင် အပြင် နေရာကောင်းမှာ ထိုင်နေတဲ့ လူတွေက ထထပေးရတယ်။ ဆရာ ခန့်မှန်းကြည့်တော့ နာရီဝက်အတွင်းမှာ အဲလို "နေရာကောင်း" ကိုယူထားတဲ့ ကျောင်းသားတွေ ထထပြီး လမ်းဖယ်ပေးရတာ ဆယ်ခါမကာဘူး။ အဲ.... ဟိုနောက်ဆုံး အထဲဆုံးမှာ ထိုင်နေတဲ့ ကျောင်းသူကတော့ ထပေးစရာမလိုဘဲ ငြိမ်ငြိမ်သက်သက်နဲ့ အနှောင့်အယှက်ကင်းကင်း သူ့စာအုပ်ကို သူဖတ်နေခဲ့တယ်။"

ဆရာက ခဏနားပြီး ခန်းမ တခုလုံးကို အကဲခတ် ကြည့်လိုက်သည်။ ထို့နောက် အားပါသော လေသံဖြင့်.....
" တပည့်တို့ မှတ်ထားကြပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ့်အတွက်ပဲလို့ ထင်လိုက်တဲ့ အချိန်မှာ ဒုက္ခဟာလဲ ကိုယ့်အတွက်ဖြစ်သွားတယ်။ ကိုယ့်စိတ်ထဲမှာ သူ့တပါးအတွက်လို့ ထင်လိုက်တဲ့ အချိန်မှာ သူတပါးက ကိုယ့်အတွက် အဆင်ပြေမူတွေကို မသိမသာနဲ့ ပေးနေခဲ့တယ်"

ဆရာ့စကားသံ အဆုံး ခန်းမတခုလုံး သြဘာသံများဖြင့် ဟိန်းသွားခဲ့သည်။ လက်ရှိဖြစ်ပျက်နေသော အဖြစ်တခုဖြင့် ဥပမာပေးပြီး ဆရာက လူ့ဘ၀တွင် ဆင်ခြင်သုံးသပ် သင့်သည့်အရာကို ရှင်းပြသွားခဲ့သည်။

တရုတ် နေရာ
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, March 1, 2009

ယခုအပတ် သတင်းအစီအစဉ် (၁၂၊ ၁၁၊ ၂၀၀၈)


(၁) လွန်ခဲ့သောရက်ပိုင်းအတွင်း စက်မှု(၁)၀န်ကြီးဌာနမှ ဆိုလာအင်နာဂျီသုံး မီးသီး၊ မီးချောင်းနှင့် ဓာတ်မီးများ စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သည် ။ အဆိုပါ ထုတ်ကုန်များသည် ဆိုလာအင်နာဂျီကို ကြာရှည် သိုလှောင်ထားနိုင်စွမ်း မရှိသော်လည်း နေရောင်ခြည် တိုက်ရိုက်ကျရောက်နိုင်သောနေရာများတွင် ဘက်ထရီမလိုပဲ အလင်းရောင်ထုတ်လုပ်နိုင်သည်ဟု သိရသည်။

(၂) ရူးပေါဂိုဏ်းမှ ငှက္ကထသည် စက်မှု(၂)မှ အသစ်တီထွင်ထုတ်လုပ်သော MWE2345အမျိုးအစား ပိတ်ဖောက်ဇာဖြင့်ပြုလုပ်သည့် ကျည်ကာအက်ျီအား စမ်းသပ်ရန်အလို့ငှာ ကိုယ်တိုင်ဝတ်ဆင်၍ ခြောက်လုံးပြူးဖြင့် ပစ်ခတ်ကြည့်ရာမှ သေလုမျောပါး ဒဏ်ရာရရှိခဲ့သည်။

(၃) ကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်အရ ရေနံဆီ တကိုယ်လုံး သုတ်လိမ်းထားခြင်းဖြင့် ခြင်ကိုက်ခံရမှုကိုကာကွယ်နိုင်ဟု သိရှိရသည်။ ထို့အပြင် ကလေးသူငယ်များ ဗိုက်မ၀မည်ဆိုးသောကြောင့် ယင်နားစာများ မ၀ယ်စားရန်လည်းသတိပေးခဲ့သည်။

(၄) ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးဌာနမှ ၀ယ်ယူခဲ့သော MZA 123454321 အမျိုးအစား နောက်ဆုံးပေါ် တိုက်လေယဉ်သည် လောက်စာလုံးမှန်ပြီး လယ်ကွင်းထဲသို့ပျက်ကျခဲ့ရာ လယ်ကွင်းနှင့် မိုင် ၉၀ အကွာတွင် နွားကျောင်းနေသူအား တရားခံဟု ယူဆကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

(၅) ထောက်လှမ်းရေးချုပ်ကြီးသည် လွန်ခဲ့သော ၄လက ကျင်းပသော လေးလပတ်
အစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်သို့ ယနေ့နံနက်ခင်း ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ အိမ်အတွက်လိုအပ်သည်များကို မှာကြားပြီး နေ့လည် ၁၂နာရီတွင် ရဟတ်ယဉ်ဖြင့် ဂေလမ်းသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။

(၆) မွေးမြူရေးဝန်ကြီး၏စီမံချက်အရ မွေးမြူထားသော ငါးသားပေါက်များအနက် ၉၀% နှုန်းမှာ ရေနစ်သေဆုံးလျှက်ရှိသည်။ ထိုငါးသားပေါက်များ အလဟသမဖြစ်စေရန် မွေးမြူရေးဝန်ကြီးမှ မုန့်ဟင်းခါးချက်စားခဲ့သည်ဟု သိရှိရသည်။

(၇) လွန်ခဲ့သော ကြာသာပတေးနေ့တွင်ကျရောက်သော ရူးပေါဂိုဏ်းသဘာငတိကြီး၏ ဇနီးထံသို့ အမေရိကန်သမ္မတလောင်း အိုဘားမား က အောက်ပါ မွေးနေ့ဆုတောင်းလွှာကိုပေးအပ်ခဲ့၏ ။

စကိတ်အဟောင်းလေး

တခါက သူငယ်ချင်း ၃ ယောက် ပါတီ ပွဲ မှအပြန် ကားမှောက်ပြီး
သေဆုံးသွားလေရာ ကောင်းကင်ဘုံ၌ ဘုရားသခင် ရဲ့ စစ်ဆေးမှု့ ကိုဖြေကြားနေရပါတယ်........

ဘုရားသခင် ။ ။ မင်းတို့ လူ့ ဘ၀တုံးက အိမ်ထောင်ရေး ဘယ်နှစ်ကြိမ် ဖောက်ပြန်ခဲ့သလဲ..?
ပထမလူ ။ ။ တခါ မှ မကျူးလွန်ခဲ့ပါဘူး....အဖ ဘုရားသခင်။
ဒုတိယလူ ။ ။ ၃ ကြိမ် ကျူးလွန်ဘူးပါတယ် ...ခင်ဗျား။
တတိယလူ ။ ။ ၅ ကြိမ် ပါ....။
ဘုရားသခင် ။ ။အင်း...ဒါဆို အမိန့်ချမယ်..
- တခါမှ မကျူးလွန်ဘူးတဲ့ သူက ကောင်းကင်ဘုံမှာ စီးဖို့ မာစီဒီး တခါး ၆



ပေါက်ပါ ကားတစီး ပိုင်ဆိုင်စေ......
- ၃ကြိမ် ကျူးလွန်ထားသူကတော့... Mark II ၁စိးပိုင်စေ....
- ၅ကြိမ်သမားကတော့ ဆလွန်း တပတ်နွမ်း ပိုင်စေ....လို့အမိန့်ချမှတ်
လိုက်သတဲ့။သူငယ်ချင်း ၃ယောက် လဲ ပျော်ရွှင်စွာနဲ့ပဲ ပထမလူကိုချီးမွှန်းစကားပြောပြီ
ကိုယ်ရထားတဲ့ ကားအသီးသီးကို ယူပြီ နှုတ်ဆက်ထွက်ခွာသွားလေရဲ့။
တနေ့တော့ သူငယ်ချင်း ၃ ယောက် ကောင်းကင်ဘုံက မီးပွိုင့် မှာပြန်ဆုံ
ကြတော့....ပထမလူကို...သူငယ်ချင်
း ၂ ယောက်က...မင်းကတော့်...ကောင်းကင်ဘုံမှာ အကောင်းဆုံး ကားကြီးကို စီးနေရတော့ ကံကောင်းလိုက်တာ
ကွာလို့ ၀ိုင်းပြောနေကြတယ်...ပထမလူက ..သူငယ်ချင်းတို့ရာ မင်းတို့ကမသိလို့ ငါ့
ကိုပြောနေတာပါ....မနေ့က ငါ့မိန်းမကို ကောင်းကင်ဘုံမှာတွေ့လိုက်တယ်ကွ....

"စကိတ်အဟောင်းလေးကို စီးလို့ကွာ"တဲ့....