Saturday, October 24, 2009
ဘ၀အမောတွေပြေနိုင်ပါစေ
ကြေးနီ Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ "
ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ" တဲ့။
အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။
ဒီတော့ အမေရိကန်တွေက " လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ " ဆိုပြီး ဂုဏ်ဖေါ်ကြတယ်။
မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော ...
ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ် သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။
" မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း " ဆိုပဲ။
မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။
Friday, August 14, 2009
ဒါဖတ်ြ့ပီး စဉ်စားကူပေးပါအုံး.....
အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါ ကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ် ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။
“အိုကွာ ဒါဆိုရင် သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန် လုပ်မယ်ကွာ”၊
“ဟကောင်ရ အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊
“ဟာ ဒါဆိုရင်တော့ ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊
“သြော် မင်းက ဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။
“ကျွန်တော်ချစ်တာကို သူမသိနိုင်ရင် နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ
ငေးတော့မယ်ကွာ၊ ကိုယ်ချစ်နေရရင် ပြီးတာပါပဲလေ”၊
“ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ ငြိနေဦးမယ်နော်၊ ကြည့်လုပ်ကြည့်လုပ်”၊
“ဟ မင်းဟာက အမှုတွေ များလှချည်လား၊ တော်ပြီကွာ မချစ်တော့ဘူး”၊
“ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့ အဲဒါမှ ထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။
ဘယ်လိုလုပ်ရတော့မလဲဗျာ၊ ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။
သူကလည်းဘယ်လိုဖြေပေးရမှန်းမသိလိ
သားသားကိုသနားကြပါဦးဂျာ......
Monday, July 20, 2009
Joke of the joke
I love this story very much. :D By the way, I'm an engineer!
A man is flying in a hot air balloon and realises he is lost. He reduces height and spots a man down below. He lowers the balloon further and shouts, "Excuse me, can you help me? I promised my friend I would meet him half an hour ago, but I don't know where I am."
The man below says, "Yes. You are in a hot air balloon, hovering approximately 30 feet above this field. You are between 40 and 42 degrees N. latitude, and between 58 and 60 degrees W. longitude."
"You must be an engineer," says the balloonist.
"I am" replies the man. "How did you know?"
"Well," says the balloonist, "Everything you have told me is technically correct, but I have no idea what to make of your information, and the fact is I am still lost."
The man below says, "You must be a manager".
"I am," replies the balloonist, "But how did you know?"
"Well," says the man, "You don't know where you are, or where you are going. You have made a promise, which you have no idea how to keep, and you expect me to solve your problem. The fact is you are in the exact same position you were in before we met, but now it is somehow my fault."
Sunday, July 12, 2009
Joke of the Joke
>
> အနောက်မြောက်တိုင်းကို စစ်တိုင်းမှုး အသစ် အဖြစ် ဗိုလ်ချူပ် သာအေး ပြောင်းရွှေ့ လာခဲ့သည်။
> တညနေ ဂေါက်ကွင်းမှ အပြန် လမ်းနဘေး ကွင်းပြင်တွင် လူနှစ်ဦး မြက်စားနေသည်ကို တွေ့မြင်လိုက်၏။
> အခြေအနေကို စုံစမ်းရန် ကားမောင်းသမားကို ချက်ချင်း ကားရပ်ဖို့ အမိန့် ပေးလိုက်သည်။
> “ဟေ့ လူတွေ ခင်ဗျာတို့ ဘာလို့ မြက်တွေ စားနေရ တာလဲ။”
>
> အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် နှင့် ဆင်းရဲသား တယောက်က “ဟုတ်ကဲ့ ဗိုလ်ချူပ် ကျနောတို့မှာ ဘာမှ စားစရာ မရှိတော့လို့ပါခင်ဗျာ” ဟု သနားဖွယ် ပြန်ပြောသည်။
> တိုင်းမှူးက စုတ်တချက်သတ်လိုက်သည်။
> “ဒါဆို ကျူပ်နဲ့လိုက်ခဲ့ ကားပေါ်တက်။”
> ဆင်းရဲသား တယောက်က “ဗိုလ်ချုပ် ကျနော့မှာ မိန်းမနဲ့ ကလေး နှစ်ယောက်လည်း ရှိသေးတယ်။”
> “အေး ခေါ်ခဲ့ကွာ။ နောက် ဟို တယောက်လည်း ခေါ်ခဲ့ကွာ။”
> မြက်စားနေရသူ ဒုတိယ ဆင်းရဲသားက
> “ဗိုလ်ချူပ် ကျနော့မှာ မိန်းမနဲ့ ကလေးခြောက် ယောက်တောင် ရှိပါတယ်။”
> “အေးအေး အကုန်ခေါ်ခဲ့ကွာ။”
> ကြင်နာ သနားတတ်သော တိုင်းမှုးက ဆင်းရဲသား နှစ်ယောက်ကို သူ့ကားပေါ် တက်စေသည်။ ကျန် မိသားစု ၀င်များကို လုံခြုံရေး အဖြစ် လိုက်ပါ လာသော ကားများပေါ် သို့ တက်စေသည်။
> “လမ်းခရီးတွင် လူဆင်းရဲတဦးက ကျနော်တို့ မိသားစု ဒီလို မြက်စားနေရတာ ကြာပါပြီ။ အခုလို ဗိုလ်ချူပ်က ကရုဏာ ထားပြီး ခေါ်လာတဲ့ အတွက် သိပ် ကျေးဇူးတင်ပါတယ် ဗိုလ်ချူပ်” ဟု ပြောသည်။
> ထိုအခါ တိုင်းမှုးက ဘာမှ အရေးမကြီးပါဘူးကွာ ဟူသော မျက်နှာပေးနှင့်
> “အေးပါ။ အေးပါ။ မင်းတို့ အိမ်ရောက်ရင် ငါ့ကို ပိုကျေးဇူး တင်အုံးမယ်။ ငါ့အိမ်က စိုက်ထားတဲ့ မြက်တွေက နိုင်ငံခြား မြက်တွေကွ။ အခု မင်းတို့ စားနေ တဲ့ မြက်တွေထက်လည်း ပိုနူတယ်။ သိလား။ အခုမြက်တွေက တော်တော် ရှည်နေပြီ” ဟုပြောလိုက်သည်။
>
> ပြည်သူ့ သဘောထား
>
> စက်တင်ဘာလ ၈ ရက်၊၂၀၀၆ခုနှစ်။
>
> ရန်ကုန် က ဆောက် လက်စ အဆောက် အဦ တစ်ခု ပေါ်မှ အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့် ကျသည်၊
> ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်၊
> လူအုပ်ကြီး ၀ိုင်းလာ ကာ တစ်ယောက် တစ်ပေါက် မကျေမနပ်ပြောကြသည်၊
> “လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ”
> “တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။”
> “ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊”
> ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က “သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လူတစ်ယောက်ဘဲ။”
>
> လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်၊
> “အဲဒီကြံဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတိုချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”
>
>
>
> ဦးနှောက်ဟင်း
>
> သတင်း ထောက် တယောက် ဆောင်းပါး ရေးရန် လမ်းပြ နှင့် အတူ လူ သားစား လူရိုင်း များ နေထိုင် ရာ ဒေသ ကို ရောက်လာ သည်၊၊
> လမ်းပြ က ပြောလိုက် သည်။ “ရှေ့မှာ ထမင်း ဆိုင် ရှိတယ်။ ထူးထူး ဆန်းဆန်း ဟင်း တွေ ရ တတ်တယ်၊”
>
> သတင်းထောက်ဆိုင်ထဲဝင်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ညာသင်ပုန်းတချပ် ထောင်ထားသည်။
> ယနေ့အထူးဟင်းလျာ
> ဦးနှောက်ဟင်းများ
> ဆရာဝန်ဦးနှောက် ၅၀ သား -------------------၅၀၀၀ ကျပ်
> ရှေ့နေဦးနှောက် ၅၀ သား ---------------------၆၀၀၀ ကျပ်
> ကျောင်းဆရာဦးနှောက် ၅၀ သား --------------၇၀၀၀ ကျပ်
> ကြံ့ဖွံ့ဦးနှောက် ၅၀ သား-----------------------၄၀၀၀၀ ကျပ်
> သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့ဖွံ့ဦးနှောက်က တော်တော်စားကောင်းသလား။”
> မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။
> “မဟုတ်ပါဘူး၊ ၅၀ သားပြည့်ဖို့ ကြံ့ဖွံ့တွေ အများကြီး သတ်ရလို့ပါ၊”
Friday, June 12, 2009
ဆရာကောင်း
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။
ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
့…။
အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။
“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”
ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …
“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”
ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။
“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”
ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …
“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”
မယုံမရှိကြပါနဲ့ ။
‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။
လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။
ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။
အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။
“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”
“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”
“တိန်…”
Monday, May 11, 2009
??????????????????????????????
မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့်ဆရာဝန်က “ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ”ဟု မေးသည်။ ထိုအခါ လူနာ မိန်းမက“ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိယောင်ချာချာဖြစ်နေသည်။ နောက်တော့“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ်ထင်တယ် ဆရာ ” ဟု မဝင့်တဝင့် ပြောသည်။ ထိုအခါ ဆရာဝန်က...“ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့ အကြံပေးချက်တွေနဲ့ ကျွန်တော့ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80 ကျပါမယ် ” ဟု ပြောသည်။ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........“ ရပါတယ် ဆရာ၊ ငွေကအရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက် ယူပါသလဲရှင်”...။........ ........ တစ်ညလုံးကြီးများတောင်
လက်ထပ်ပြီးစီးခြင်း
ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ်(တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။( နှစ်ဖက်သော မိဘများနှင့်မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ကြွယ်)........
......အခ်စ္ညဝတ္အက်ီၤ
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီးအဘွားအိုက အလန့်တကြား မေးတယ်။ > > " ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကိုစောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" > "ဒါကို ည၀တ်အိပ်အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"> "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > >ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီးဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ"လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီကမီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်"လို့ ပြန်ပြောလိုက်သတဲ့။...... ....( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )လင်ကွန်းမိန်းမ နာမည်ကအတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်းမေးနေသည်။ ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင်စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ".......
..... လွယ်လွယ်လေး နှော....
သူ့ထက်သူလူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာအိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါမိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့်သူ၏သားဖြစ်သူအားခေါ်၍.....မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီးဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်းသားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ်ဘယ်လောက်လဲ မေးလိုက်ပေါ့။မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား...........ဖုန်းနံပါတ်မသိပါဘူးဆိုမှ ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲဆရာဝန် ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီးပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်.........
.
.....ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်းဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်ရည်ရွယ်ချက်ဖြင့်.......“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကိုပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကိုကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကိုကျသွားတယ်တဲ့ကွာ..... ”အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီအတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”.......
.
......ဖြစ်ချင်တာက......... .
...ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှမဆွဲတာလည်း ကွယ် ”“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”...............
အရင်းခံ အတိုင်းပါရှင်တရားသူကြီး
“ မင်း ယောင်္ကျားကို ထီးနဲ့ ရိုက်လိုက်တာထီးကျိုးသွားတယ်လို့ ဆိုတယ်..။ ကဲ..အဲဒါ မင်းဘာပြောချင်သလဲ ....။တရားခံ အမျိုးသမီး ။ ။ “ မတော်တဆ ဖြစ်သွားတာပါ တရားသူကြီးရှင့် ”တရားသူကြီး ။ ။ “ ဒါ ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ ”တရားခံ အမျိုးသမီး ။ ။ “ ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး ”...... .......ယူမိသည့် တာဝန်..“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျားငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟုအသိတစ်ယောက်က မေးသည်..။ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော်ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့်တာဝန်များနော်............ ................... .................သွက်လက် ချက်ချာသူလေးအိမ်ရှင် ။ ။ “ ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ “အက်စတာ ” လို့ခေါ်မယ် မှတ်ထား ”အိမ်ဖော် ။ ။ “ ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင်ကျွန်မကရော မေမေကြီးကိုဘယ်လိုခေါ်ရမှာလဲ ”အိမ်ရှင် အမျိုးသမီးကြီး ။ ။ “ ဟယ်...ခွေးမ ”အိမ်ဖော် ။ ။ “ ကောင်းပါပြီ............မေမေကြီး ”.......... သိပ်တော်..ကြောက်တယ်နော်....း)
တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ဆေးရုံရောက်တော့ ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါဒုတိယကောင်လေးက “ မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်ကအပ်နဲ့ဖောက်လိမ့်မယ်” လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးကဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး ပြန်ဖြေပုံက “ငါ ကဆီးစစ်ဖို့လာတာကွ“ တဲ့။.............. ............
အဟိလှေခါးလာမလှုပ်နဲ့
ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကိုလေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာနံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကိုမြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့ကလေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီးဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင်အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ”ဟုဖြေလိုက်တယ်။ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမကပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေလှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။.......................... အဟိ
Monday, March 23, 2009
forward mail ထဲ ကပါ ခေါင်းစဉ်တော့ မပါလာဘူး...
လမ်းထိပ်အရောက်တွင် သားသားနားနား ၀တ်ဆင်ထားသည့် ကောင်မလေးတစ်ယောက်က ကိုဒဿ၏ ရုပ်ရည်ရူပကာကို တပ်မက်ပြီး( မဲသောအသား၊ ခေါသောသွားနှင့် ပြောင်သော ထိပ်ကြောင့် အရပ်ကိုလဲ ပုသည်မထင်ဘဲ ) အိမ်သို့ လိုက်အိပ်ရန် တောင်းဆိုခံခဲ့ရမှုကြောင့် လှပသော ထိုအမျိုးသမီးလေး နှင့် ကိုဒဿလည်း လိုက်ပါသွားခဲ့ရာ တညလုံး ထိုအမျိုးသမီးလေး နှင့် ချစ်ရည်လူးနေမိပြီး အိမ်သူသက်ထားကို မေ့ထားမိလေသည်။
နံနက်မိုးသောက် အလင်းရောက်သဖြင့် အိမ်သူသက်ထားလေးကို သတိရလာသဖြင့် ပြန်ရန် ပြင်ဆင်နေစဉ် ဇနီးသည် မေးလာပါက အမှန်အတိုင်း ပြောကြားရန် စဉ်းစားမိသဖြင့် သူနဲ့ အတူချစ်ရည်လူးခဲ့မိသော အမျိုးသမီးလေး ထံမှ သက်သေပြရန် အလို့ငှါ ပေါင်ဒါဘူးအား တောင်းပြီး လက်တွင်ဖွေးဖွေးဆွတ်နေအောင် သုတ်လိမ်းကာ အိမ်သို့ ပြန်လေတော့သည်။
အိမ်အရောက်တွင် စိတ်ပူ၊ ဒေါသထွက်နေသော ဇနီးသည်က ကိုဒဿအား ဘယ်ကပြန်လည်သလဲ ဟုမေးရာ ကိုဒဿက အဖြစ်မှန်အတိုင်း ဟုတ်တိုင်းမှန်ရာ ပြန်ပြောပြပြီး လက်တွင် လူးလာသော ကောင်မလေး၏ ပေါင်ဒါမှုန့်အား သက်သေအဖြစ် ပြလေသည်။ ထိုသို့ ပြောပြသည်ကို ဇနီးသည်က မျက်လုံး အ၀ိုင်းလေးဖြင့် နားထောင်နေပြီးနောက် မသင်္ကာသည့် မျက်လုံးများဖြင့် ကြည့်နေလေသည် ထို့နောက် ကိုဒဿကို ပြန်မေးလိုက်သည်မှာကား…..
“ကိုဒဿ ကျွန်မကိုမလိမ်နဲ့ ရှင်အမှန်အတိုင်းပြော ညက ရှင် ဘိလိယက်ခုံကိုတညလုံး သွားနေတာ မဟုတ်လား.” ဟူ၏
..............................
Tuesday, March 17, 2009
နိုင်ငံရေးဆိုတာ...
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ
နိုင်ငံရေးပဲ "
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
အိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှ
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင်
ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြော
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "
ဘာသဘောမှမဟုတ်ပါဘူး............
တော်လိုက်ပုံများ
ယောက်ျားကြီးတစ်ယောက် လမ်းလျှောက်လာသည်။ လမ်းကိုဖြတ်ကူးသည်။လမ်းလယ်ခေါင်
တွင် ‘ချယ်ကိုရီဂျစ်ကားတစ်စီး တံခါးများ ပွင့်လျှက်ရပ်ထားသည်ကို တွေ့ရသည်။ ကားအနားတွင် အတိုက်ခံရသော လမ်းဖြတ်ကူးသူ၏ အလောင်းရှိနေသည်။ မနီးမဝေးတွင်ရဲကားနှင့် ရဲတစ်ဦးရပ်နေသည်။ ဗိုလ်မှူးအဆင့်ရှိသူက ယောက်ျားကြီးကို လက်ယက်လှမ်းခေါ်လိုက်ပြီး ပြောသည်။
“ကျွန်တော့်နာမည် ဗိုလ်မှူးဒိုကိုနားယက်ပါ။ မိတ်ဆွေရဲ့မှတ်ပုံတင်ကတ်ပြားကို
ယောက်ျားကြီး အိတ်ထဲက မှတ်ပုံတင်ကတ်ပြားကိုထုတ်ပြသည်။
“ဟုတ်ပြီး မစ္စတာအီဗန်နော့၊ စစ်ချက်ယူဖို့ အတွက်မေးတာကိုဖြေပါ။ ရဲကြပ်ပီထရော့ကရေးပါလိမ့်မယ်၊ လမ်းဖြတ်ကူးသူကို ခင်ဗျား ဘာဖြစ်လို့  ကားနဲ့တိုက်ရတာလဲ”
“ကျွန်တော်ဘယ်သူ့ကိုမှမတိုက်ဘူး
“ပီထရော့ ရေးစမ်း၊ အပြစ်ကိုဝန်မခံ၊ ကားကခိုးလာတဲ့ကားလို့ ”
“မဟုတ်တာပဲ ကျွန်တော်ကားမမောင်းတတ်ဘူး၊ ကားလိုင်စင်လဲမရှိဘူး”
” ပီထရော့ဆက်ရေး၊ ကားမမောင်းတတ်ဘဲ၊ ကားမောင်းလိုင်စင်မရှိဘဲ၊ မောင်းလာတယ်လို့ ရေး၊ ဒါနဲ့ ခင်ဗျားပါးစပ်က အရက်နံ့ရသလိုဘဲ”
“မဖြစ်နိုင်တာ မပြောစမ်းပါနဲ့ဗျာ၊ ကျုပ်ဘီယာပဲသောက်လာတာ”
“ပီထရော့ဆက်ရေး၊ အရက်မူးပြီး ကားမောင်းလာတယ်လို့”
“ဘာလဲ ခင်ဗျားတို့နှစ်ယောက် ခေါင်းမှကောင်းကြရဲ့လား၊ ကျွန်တော့မှာ အလီဘိုင်ရှိတယ်ဗျ၊ အခင်းဖြစ်ပွားတဲ့အချိန်မှာ ကျွန်တော်မယားငယ်ဆီ ရောက်နေတယ်ဗျ”
“ပီထရော့ဆက်ရေး၊လင်ရှိမိန်းမကို မတရားကျင့်ခဲ့ကြောင်း ၀န်ခံတယ်လို့ ။”
“ဟေ့လူတွေ၊ခင်ဗျားတို့လိုအရူးေ
ယောက်ျားကြီး လှည့်ထွက်ချိန်မရလိုက်ချေ။ နံပါတ်တုတ်နှင့်အရိုက်ခံလိုက်
ရဲမှူးက ဌင်းကို လက်ထိတ်ခပ်လိုက်ပြီးရဲကြပ်ကိြုေ
“ဆုံးအောင်ဆက်ရေးစမ်း ပီထရော့။ အသာတကြည်အဖမ်းမခံပဲ ပြန်လည်ရန်မူသဖြင့် အင်အားသုံးဖမ်းဆီးခဲ့ရသည်လို့။
အေး. . . . ဒါနဲ့ဒီနေ့ ပဲ မင်းရဲချုပ်ကိုသွားပြီး ရုံးအဖွဲ့ဆီမှာ နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းမိကြောင်း မှတ်တမ်းတင်စာရင်း သွင်းလိုက်၊ ကြားလား၊ အခု ရာဇ၀တ်မှုကြီးတွေကို တစ်ခုမှ ရဲကမဖေါ်ထုတ်နိုင်ဘူးလို့ ပြောရဲတဲ့ အကောင်ပြောကြည့်စမ်းပစေ၊ ဟင်း”
မြန်မာပြည်မှ ရဲဝန်ထမ်းများမပါပါ။
သူ့အကြောင်းတွေကိုပြောပြနေတယ်တဲ
့....
ငါ ကျောင်းဆရာမကို.. လက်ထပ်ခဲ့မိတာ... မှားသွားပြီကွာ.. တဲ့..
ဘာလို့လဲ တဲ့.. သူ့သူငယ်ချင်းက.. မေးတယ်... တဲ့..
အေးကွာ... ဟိုနေ့က ငါအိမ်ပြန်နောက်ကျတော့..
အိမ်ထဲကိုအ၀င်မခံဘဲ.. ဗလာစာအုပ်တစ်အုပ်ချပေးတယ်ကွာ..
နောက်တစ်ခါ.. အိမ်ကို အချိန်မှန် ပြန်လာပါ့မယ်... နောက်မကျစေရပါဘူး.. လို့..
အကြောင်း တစ်ရာ ရေးခိုင်းတယ်ကွာ...
( ၂ )
အိမ်ရှင်၏သမီးသည် စန္ဒရားကို တီနေသည်။
၎င်းအနားသို့ ဧည့်သည်ဖြစ်သူ နာမည်ကြီးစန္ဒရားဆရာ ကပ်လာပြီး မေးသည်။
"ဘာဖြစ်လို့ ခြေနင်းကို အသုံးမပြုတာလဲ"
"ဘရိတ်အုပ်ရလောက်အောင်အထိ ကျမ မြန်မြန် မတီးတတ်သေးလို့ပါ"
( ၃ )
အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိ
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း ၃၈၇
ယောက်ရှိပါသည်။ ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင်
ပြင်းပြလျက်ရှိပါသည်"
ချစ်တဲ့သား.. တွမ်"
( ၄ )
နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို ရက်စက်သော
လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး တစ်ဖက်အခန်းမှာ
ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ
ပြန်ထွက်လာတယ်
အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
*ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်*
( ၅ )
*ဆိတ်ငြိမ်ရပ်ကွက်*
အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"
"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."
( ၆ )
*
အတွေးကိုယ်စီ*
အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင်
အပြုံးရိပ်ပေါ်လာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ.. မနက်ကျရင်
ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။
ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို
လွတ်ပြီ။"
( ၇ )
မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းခနဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့ လို့ မိန်းမလုပ်သူက
ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။
နောက်တနေ့
မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
*ညက ရှင့် မြင်းမ ဖုန်းဆက်လို့*
( ၈ )
ဂျော်ဂျီယာပြည်နယ်မြို့တော် တဘီစီမြို့တွင်းသို့ ရုရားတစ်ယောက် ကားမောင်းပြီး
ဝင်လာသည်။
ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
"ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုပြီး မောင်းလားတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက် ရေးပါ။"
"ကျွန်တော် ဂျော်ဂျီယာစာမှ နားမလည်ဘဲ။။ ဘယ်လိုလုပ် ရေးရမှာလဲ"
"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေး.. ဒါပဲ"
ကားဆရာရုရား စိတ်ညစ်သွားသည်။
မည်သို့မှ ရှင်းပြလို့လည်းမရ.. ဂျော်ဂျီယာ ယာဉ်ထိန်းရဲသည် အင်မတန်မှ
ခေါင်းမာလှသည်။
နောက်ဆုံးတွေင် ရုရှားသည် စာရွက်တစ်ရွက်ကို ထုတ်ပြီး ဒေါ်လာ ငါးဆယ်တန်တစ်ရွက်ကို
ညှပ်ထည့်လိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးသည်။
ယာဉ်ထိန်းရဲသည် စာရွက်ကိုဖြန့်လိုက်သည်။
ငွေစက္ကူကို တွေ့သောအခါ ကားဆရာကို ပြောသည်။
*"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာဖြစ်လို့ ပြောလဲ.. အခု
တစ်ဝက်တောင်ရေးပြီးပြီပဲ... ဆက်ရေး... "*
( ၁၀ )
*ကောက်ချက်*
"မှုခင်းသတင်း"
အပိုင်းပိုင်း ခုတ်ဖြတ်ထားသော သေသူ၏အလောင်းကို ဂုန်နီအိတ်ထဲတွင်
ထည့်ချုပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိကိုယ်မိမိ သတ်သေသည့်
အမှုမဟုတ်ဟု ယူဆသည်။
( ၁၁ )
စိတ်ကောင်းရှိသူ
နေရာတကာ စွာကျယ်ကျယ် ၀င်လုပ်နေသည့် ယောက္ခမကို ကိုဘမောင် သည်းမခံနိုင်တော့သဖြင့်
တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ တိုက်ခန်းပြတင်းပေါက်၏
အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင် အကြားစကားပြောနေခန်းမှာ
ဤသို့ဖြစ်သည်။
တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..
ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့ စိတ်ကောင်းရှိတဲ့သူ..
ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..
( ၁၂ )
တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ"
"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့
ဖုန်းဆက်လိုက်သည်။
"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"
"အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို ဖုန်းခေါ်လိုက်..
ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"
( ၁၄ )
၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြစ်သည်
ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။
ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။
*
"I am Robin Hood"*
ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။ သားရေဂျာကင်၊
သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး မြားကိုလွှတ်လိုက်သည်။
ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြသည်။
လူငယ်ကပြောသည်။
"I am Willghelm Telle"
ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွား
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော ကုတ်အင်္ကျီနှင့်
ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို ယူလိုက်ပြီး ချွန်ထက်သည့်
စို့ချောင်းဖြစ်ပစ်စည်။ စို့ချောင်းသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို
ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။
ထိုဗလကြီးကပြောသည်။
"I am SORRY"
( ၁၅ )
တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။
ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်..
သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။
သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....
"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး
ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး
ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့
တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? "အားလုံး မင်းကို စောင့်နေတာ မင်းက
ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့
ကင်းခြေ ပြန်ဖြေလိုက်တာက
*"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ
Thursday, March 12, 2009
အပျိုကြီး ၊ လူပျိုကြီးဖြစ်ချင်ရင် ဖတ်ဖို့ပါ...
အိုဘယ့် မိန်းမ
> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
> ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
> နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
>ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
> မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
>ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
> ခေတ်မှီတာကျတော့ စိတ်မချရ၊
> စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
>.............................
> အိုဘယ့် ယောက်ျား
> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
> ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
> ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
> အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
> အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
> အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
> အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။
>.............................
ဒါကြောင့်.....................
> ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။
> ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။
> ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
> ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့၊
> ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။
> ------------------------------
ပြီးတော့....
> မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
> ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
> အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
> အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။
>-----------------------------
( လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်)
> ROMANCE MATHEMATICS
> Smart man + smart woman = romance
> Smart man + dumb woman = affair
> Dumb man + smart woman = marriage
> Dumb man + dumb woman = pregnancy
> GENERAL EQUATIONS & STATISTICS
> A woman worries about the future until she gets a husband.
> A man never worries about the future until he gets a wife.
> A successful man is one who makes more money than his wife can spend.
> A successful woman is one who can find such a man.
>.............................
> ကွာခြားချက်...
> ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။
> ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊
> ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။
>ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။
>ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။
>ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
> ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။
>ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။
> ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။
> { ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}
။................ဘယ်လို့ဖြစ်ြ
(All actions you do on everything is your morality.)
(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စ
ကိုယ်ကျင့်တရားပင် ဖြစ်သည်။)
Friday, March 6, 2009
အားလုံးကိုရီစေချင်လို့ပါ..။
ဖိုးရှုပ်တယောက် မြန်မာ သတင်းသမဂ္ဂ စည်းဝေးအပြီး ပွဲကိုက်လို့မှ မဝသေးခင်မှာ ဒေဝါလီမဂ္ဂဇင်းက သတင်း တပုဒ်ကို အိပ်ချင်မူးတူး အယောင်ယောင် အမှားမှားနှင့် ဖတ်မိလိုက်
သောကြောင့် အိပ်ချင်စိတ်များ ပျောက်၊ မူးထားသမျှတို့ ပြေသွားကာ ဦးရုက္ခစိုးတို့နှင့် ဆုံရပ်ဖြစ်သည့် ချင်းမိုင်က ဝါဝီကော်ဖီဆိုင်ကို အသော့ နှင်ခဲ့တော့ သည်။ ကော်ဖီဆိုင်ရောက်တော့ ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့က လက်ပ်တော့ကွန်ပျူတာတလုံး ရှေ့ချလျှက် စိတ်ဝင် တစား ကြည့်နေကြသည်။
ဦးရုက္ခစိုး။ ။ ဟာ ဆင်းရဲသားကား မရိုက်ရ ဆိုပါလား။ ဘာကိုပြောတာလဲကွ။
ကြွက်စုတ်။ ။ သြော် ဦးရုက္ခစိုးကလည်း ဆင်းရဲသားကားဆိုတာ ဟိုဒင်းလေဗျာ အင်္ကျီမဝတ်နိုင်တဲ့ သူတွေ ရိုက်တဲ့ ကားမျိုးကိုပြောတာ။ အဲဒါက ခုမှမဟုတ်ဘူး အရင်ကတည်းကလည်း ပေးမရိုက်ပါဘူးဗျာ။
ထုံးစံအတိုင်း ကြွက်စုတ်က ဆရာကြီးလေသံဖမ်း၍ သူအားလုံးသိသည်ဆိုသည့် စတိုင်ဖြင့် ပြောလိုက်သည်။
ရုက္ခစိုး။ ။ ထွီ ရှက်စရာကြီးကွာ။ ဒါပေမယ့် ဗဟုသုတရအောင် ကြည့်တော့ကြည့်ချင်သား။
ကြွက်စုတ်။ ။ (လေသံကိုနှိမ့်၍) ခုနောက်ပိုင်းတော့ လိုးရှင်းလူးတာတို့၊ မော်ဒယ်လျှောက်ပြတာတို့ ခိုးရိုက်ပြီး အင်တာနက်မှာ တင်နေပြီတဲ့ဗျ (ရှလွတ်)
ကြွက်စုတ်က ပြောရင်း သွားရည်များပင်ကျလိုက်သေးသည်။ နောက်မှာရောက်နေသည့် ဖိုးရှုပ်ကို မမြင်ဘဲ ရုပ်တည်နှင့် ရွှီးကောင်းတိုင်း ရွှီးနေသည့် ကြွက်စုတ်ကို ကြည့်ကာ ဖိုးရှုပ် ရယ်ချင်သွားသည်။ ရယ်သံအနည်းငယ် ထွက်သွားသောကြောင့် သူတို့ ၂ ယောက် လှည့်ကြည့် လိုက်သည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် .. ထင်ရာလျှောက်ပြောမနေနဲ့။ မင်းဟာလေ မှားချင်တိုင်းမှား သတင်းဌာနက သတင်းထောက် ကျနေတာပဲ။ နားစွန်နားဖျားကြားတာနဲ့ ပြောမယ်၊ ရေးမယ် ဆိုတာချည်းပဲ။ မင်းပြောတဲ့ ဆင်းရဲသားကား ဆိုတာ အပြာကားကွ။ ခု မရိုက်ရတဲ့ ဆင်းရဲသားကား ဆိုတာ တကယ့်ကို ဆင်းရဲစုတ်ပြတ် နွမ်းပါးတဲ့ ဇာတ်လမ်း တွေကိုပြောတာ။
ထိုစဉ် ဝါဝီ ကော်ဖီဆိုင်၏ ထောင့်တနေရာမှ တဟားဟား အော်ရယ်လိုက်သော အသံနက်ကြီးတသံ ထွက်ပေါ်လာသဖြင့် သူတို့အားလုံး လန့်သွားကြသည်။ ကော်ဖီဆိုင်ထောင့်တွင် ထိုင်နေသူမှာ ပြန်ကြားရေး ဝန်ကြီး ဖြစ်နေသည်။
ဦးရုက္ခစိုး။ ။ ဟာ ဗိုလ်ချုပ်ဆော်ကြမ်းပါလား။
ဖိုးရှုပ်။ ။ (လေသံဖြင့်) ဦးရုက္ခစိုးမှားနေပြီ။ ဝန်ကြီးက နာမည်ပြောင်းထားတယ်။ ခု သူ့နာမည် ကြောင်ဆန်း ဖြစ်သွားပြီတဲ့၊ ဒေဝါလီမှာ စာဖတ်သူတယောက်က ကွန်မန့်တခုမှာ ရေးထားတာ ဖတ်လိုက်ရတယ်။ (ဝန်ကြီး ဘက်ကိုလှည့်၍) ဒါနဲ့ ဝန်ကြီး ချင်းမိုင်ကို ဘယ်လိုလုပ်ရောက်နေတာလဲ။
ဝန်ကြီး။ ။ ဟဲဟဲဟဲဟဲ။ ကျုပ်လည်း ခင်ဗျားတို့ ဘီအမ်အေကို လာလေ့လာတာပေါ့ဗျ။ ခင်ဗျားတို့ အတိုက်အခံ သတင်းသမားတွေ မဆိုးဘူးဘဲ။ အတော်သောက်နိုင်တယ်နော်။
ဖိုးရှုပ်။ ။ ဒါကတော့ သောက်နိုင်ဆို သက်တမ်းရင့်အသောက်သမားတွေကိုးဗျ
ဝန်ကြီး။ ။ ဟုတ်တယ်ဗျ။ ကျုပ်တို့ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်မှာ လူတွေ ဆင်းရဲတာ မမြင်ချင်ဘူး။ အားလုံး ချမ်းသာအောင်လုပ် ဆိုလို့ ကျုပ်လည်း ကျုပ်တတ်နိုင်တဲ့ အပိုင်းက တတပ်တအား ဆောင်ရွက်တာပဲလေ။ ဒီလောက် လုပ်တာတောင် ခင်ဗျားတို့ ပြည်ပမီဒီယာတွေက ပြောချင်ဆိုချင်ကြသေးတယ်။
ရုက္ခစိုး။ ။ ဟောလိဝုဒ်မှာတော့ ဆင်းရဲသားကား Slumdog a millionaire က အော်စကာရသွားတယ်နော်။ တကယ်ဆို ကျုပ်တို့ဆီမှာလည်း ခွေးသန်းတို့၊ ကြောင်သန်း တို့ လူသန်းတို့ မျောက်သန်းတို့ …. (မီလျံ ဆိုသော စကားကို ဦးရုက္ခစိုးက သန်း ဟုတိုက်ရိုက်မြန်မာမှု ပြုနေရာ ဗိုလ်ချုပ်မှူးကြီး နာမည်ပါနေသောကြောင့် ဗိုလ်ချုပ်ကြောင်ဆန်းက အမြန်စကားဖြတ်လိုက်သည်)
ဝန်ကြီး။ ။ ဒါက ဒီလူတွေ နားမလည် ပါးမလည်နဲ့ ပေးတာပဲဗျ။ ကျုပ်တို့ မြန်မာနိုင်ငံက သရုပ်မှန် သူဌေး ကားတွေ ရိုက်လိုက်ရင် ဟောလိဝုဒ်လောက်မှာ အော်စကာမယူဘူး တာဝတိံသာမှာ သွားယူလို့ရတယ်။ ငှဲငှဲ။
အရပ်ပုပြတ်ပြတ်၊ အသားမည်းမည်းနှင့် ကြည့်ရဆိုးရသည့်အထဲ ဝန်ကြီးက သူ့သွားမည်းမည်းများကို ဖြဲပြ နေသေးသည်။ ဖိုးရှုပ်က သတင်းထောက်ပီပီ သဌေးသရုပ်မှန် ဆိုသော စကားကို စိတ်ဝင်စားသွားသဖြင့် အသင့်ပါလာသော ကက်ဆက်ကိုထုတ်ကာ ဗျူးဖို့ပြင်လိုက်သည်။
ဖိုးရှုပ်။ ။ သူဌေး သရုပ်မှန်ဆိုတာလေး ရှင်းပါဦးခင်ဗျ။ ဒီစကားလုံး တခါမှ မကြားဘူးလို့ပါ။
ဝန်ကြီးက ဖိုးရှုပ်ကို အထင်သေးသည့်အကြည့်ဖြင့် တချက်ကြည့်ပြီး အကယ်ဒမီကျော်ရဲအောင်စတိုင် ပြုံးလိုက်ရာ အပြုံးမတတ်သဖြင့် ဗေလုဝနှင့် ခပ်ဆင်ဆင် ဖြစ်သွားသည်။
ဝန်ကြီး။ ။ ခင်ဗျားတို့ ပြောပြောနေတဲ့ စိန်စီသော ည ဆိုတာ သူဌေး သရုပ်မှန်ပေါ့။ ဒီထက် သရုပ်မှန်တာတောင် ဒီလောက်သရုပ်မမှန်ဘူး။ အဲဒါမျိုး ကားတွေ များများ ရိုက်ဖို့ ပြောနေတာကွ။
ကြွက်စုတ်။ ။ စိန်စီသောညကတော့ ဟုတ်ပါပြီဝန်ကြီးရယ်။ ဇာတ်လမ်းတွေက ဘယ်သူရေးမှာလဲဗျ။ မြန်မာပြည်က စာရေးဆရာတွေက အဲလောက်ချမ်းသာတာတွေ ရေးတတ်ပုံမရဘူးထင်တယ်နော်။ အဲဒီစာရေး ဆရာတွေက ဆင်းရဲသားခန်းပဲ ပိုင်တယ် ကြားဖူးတယ်။
ဝန်ကြီး။ ။ သူတို့က မချမ်းသာဘူးတော့ ဘယ်ရေးတတ်ပါ့မလဲ။ ကျုပ်ကိုယ်တိုင် ရေးမှာပေါ့ဗျ။ မင်းသားက သိန်းပေါင်း တသောင်းပဲ ချမ်းသာတယ်။ မင်းသမီးက သိန်းတသန်းချမ်းသာလို့ မိဘတွေက သဘောမတူတော့ မင်းသားပိုင်တဲ့ ဖယ်ယာရီ မော်ဒယ်အနိမ့်ကားလေးနဲ့ မင်းသမီးကို ခိုးပြေးရတဲ့ ဇာတ်လမ်းမျိုး ရိုက်စမ်းပါလေ့။ မျက်ရည်တွေ ဘူးသီးလုံးလောက် ကျသွားမယ်။ ဒါမှ သရုပ်မှန်စစ်စစ်။
ဝန်ကြီး၏ စကားကြောင့် ဦးရုက္ခစိုးကြီး မျက်လုံးပြူးသွားသည်။
ရုက္ခစိုး။ ။ ဒီလိုတော့လည်း ဟုတ်သားဗျ။ မြန်မာပြည်မှာက သူဌေးတွေ အတော်ပေါတာပဲနော်။
ဝန်ကြီး။ ။ ပေါတာပေါ့ဗျာ။ ဘယ်လောက်ပေါသလဲဆိုရင် ကမ္ဘာပေါ်မှာအပေါဆုံးလို့တောင် ပြောလို့ ရတယ်။ နေဦးဗျ ဆက်ပြောဦးမယ်။ (တက်တက်ကြွကြွ အားကျိုးမာန်တက်နှင့် အလွန်ပြောချင်နေပုံရသော ဝန်ကြီးပါးစပ်မှ တံတွေးစဉ်သွားသဖြင့် ဦးရုက္ခစိုး အမြန်ရှောင်လိုက်ရသည်) စီးပွားရေး လုပ်ငန်းရှင်ကြီး ကိုတေဆေးရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို သူဌေးဖြစ်နည်း ဖြတ်လမ်း ဆိုပြီး အကယ်ဒမီ မိုးဒီကြီးနဲ့ ရိုက်လိုက်ရင် ပညာပေးကော၊ ဟာသကော၊ ဘဝသရုပ်ဖော်ကောပါနေလို့ မရိုက်ခင်ကတောင် အကယ်ဒမီကြိုပေးလို့ရတယ်။ ဟား ပြောရင်းနဲ့မှ သတိရတယ်။ ဒီကားကို ဒါရိုက်တာ ပင်ဂွင်းမှောင်မှောင်ကို ရိုက်ခိုင်းဦးမှ။
ပြောရင်းဖြင့် ဝန်ကြီးက သူ့မှတ်စုစာအုပ်တွင် ရေးမှတ်နေပြန်သည်။
ရုက္ခစိုး။ ။ ဒါနဲ့ ဝန်ကြီး .. ဟိုးတလောက မင်းသမီးတွေကို ဦးစားပေးတဲ့ဇာတ် မရိုက်ရဘူးကြားတယ်။ အဲဒါကော ဘယ်လိုဖြစ်သွားပြီလဲ။
ဝန်ကြီးက သူပြောလို့မှ မဝခင် အတင်းဖြတ်မေးသည့် ဦးရုက္ခစိုးကို သိပ်မကျေနပ်သော်လည်း မေးခွန်းအားလုံးက သူ့ကိုဦးတည် မေးနေခြင်း ဖြစ်သောကြောင့် သတင်းစာရှင်းလင်းပွဲတွင် ခပ်တည်တည်ရွှီးသည့် စတိုင်ဖြင့် ပြန် ဖြေသည်။
ဝန်ကြီး။ ။ ဟုတ်ပါတယ်ခင်ဗျ။ အခု အသစ်တခု စမ်းသပ်ဖို့စီစဉ်နေပါတယ်။ မြန်မာ့ရုပ်ရှင် ကမ္ဘာကိုလွှမ်းဖို့ ကြိုးစားရတာလည်း တယ်မလွယ်ပါဘူးဗျာ။ မင်းသမီးဦးစားမပေးဘဲ မာမီတွေကို ဦးစားပေး ရိုက်ခိုင်းမလားလို့။
ကြွက်စုတ်။ ။ ဟာ ဖြစ်ပါ့မလားဝန်ကြီးရဲ့။
ဝန်ကြီး။ ။ ဘာလို့မဖြစ်ရမှာလဲ။ ဟိုတနေ့က ချင်းမိုင်မှာ မာမီတို့အဖွဲ့ လမ်းလျှောက်ပွဲ ပျက်သွားတုန်းကလေ၊ များတို့ မြန်မာပြည်က မာမီ တယောက်ကို များက အသာလေး မေးကြည့်တယ်သိလား။ ထိုင်းနိုင်ငံက တောင်ပြုံးလောက်တောင် မလွတ်လပ်လို့ တဲ့ ကဲ လူဆိုးတွေ သိပြီလား။ များတို့ကတော့ ဒီအချက်ကို အမိအရ အသုံးချရမယ် ထင်တာပဲ။ မာမီဦးစားပေးဇာတ်တွေနဲ့ ကမ္ဘာ ကျော်အောင် လုပ်ရမယ်လေ။
“ဝန်ကြီးတော့ …. သွားရှာပြီထင်တယ်” ဟု ဖိုးရှုပ်တွေးရင် ခပ်လန့်လန့် အထစ်ထစ် အငေါ့ငေါ့နှင့် ဆက်မေးလိုက်သည်။
ဖိုးရှုပ်။ ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဒီလို အမိန့်တွေထုတ်တာလဲ ဝန် … ဝန် .. ကြီး။
ဝန်ကြီး။ ။ ဒါကတော့ မိန်းမတွေ ရှေ့မထွက်စေချင်တဲ့သဘော၊ ဆင်းရဲသားဆိုတာ အပြင်မှာပဲရှိရမယ်၊ ရုပ်ရှင်ထဲမှာ မရှိစေရဘူးဆိုတဲ့ သဘောပေါ့။ မိုးကုတ်က ပတ္တမြားတွေ၊ ဖားကန့်ကကျောက်စိမ်းတွေ၊ မရောင်းရတော့တဲ့တူတူ ရုပ်ရှင်ထဲမှာ ထည့်ရိုက်ခိုင်းမယ်၊ ထမင်းပန်းကန်မှာ စိန်တွေစီရမယ်။ ကျုပ်တို့ နိုင်ငံသားတွေအားလုံး ဘယ်လိုပင်ဆင်းရဲ မွဲပြာကျနေသော်ငြားလည်း ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ငါဟာ လူချမ်းသာတယောက်ပါလား ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်စေရမယ်။ တောက် တယ်တော်တဲ့ ငါပါလား။
အံကြိတ်ကာ ပြောနေရင်း ဝန်ကြီးက အားမရတော့၍ထင်သည် လက်သီးလက်မောင်းအားရပါးရ တန်းလိုက်ရာ ကြွက်စုတ် မျက်နှာကို သီသီလေး ကပ်လွဲသွားရသည်။
ဝန်ကြီး။ ။ ပြောရင်းနဲ့ သတိရသွားပြီ ကျေးဇူးဗျို့။ မြန်မာ့ရုပ်ရှင် အထက်ဗြဟ္မာ၊ အောက်အဝီစိအထိ ကျော်ကြားစေဖို့ မိန်းမ မပါရ၊ ဆင်းရဲသားမပါရ၊ နိဗာန်ယာဉ် မပါရ၊ လူသေခန်း မရိုက်ရ၊ ခွေးဝဲစား မပါရ၊ ဖယောင်းတိုင် မပါရ၊ ရေစည်လှည်း မပါရ၊ ရိုဟင်ဂျာ မပါရ … မပါရ … မပါရ .. မပါရ။
ပြောရင်း ဝန်ကြီးက တဟားဟားရယ်လိုက်ရာ အနားက နိုင်ငံခြားသားများပါ တအံ့တသြ ဝိုင်းကြည့်ကြသည်။ ဦးရုက္ခစိုးက လှမ်းတားဖို့ ပြင်တုန်းမှာပင် ထိုင်ရာကထ၍ အသံကြောင်ကြီးဖြင့် သီချင်းတပုဒ် အော်ဆိုပြီး တင်ကလေးလှုပ်ကာ လှုပ်ကာ ကရင်း ဝါဝီဆိုင်ထဲမှ ထွက်သွားလေတော့သည်။
ဝန်ကြီး။ ။ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြကြောင်ပါမည် .. ရတနာ ခုနစ်သွယ် တကယ်ပင် စုံညီ ကားတိုင်းပါရမည် … တယ်နယ်ဗျောင် .. တူနယ် တူနယ် ဗျောင် .. တူနယ်ဗျောင် … ။ ။
Tuesday, March 3, 2009

|
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော
ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလို ထင်ရတယ်...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော
ိချစ်တဲ့သူမျက်လုံးထဲ ကြည့်လိုက်တဲ့အခါ ရှက်သွေးဖြန်းသွားတယ်..
ီဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံ
ချစ်တဲ့သူရှေ့မှာ စိတ်ထဲရှိတာ ဘာမှမပြောနိုင်ဘူး...
ဒါပေမဲ့..ကြိုက်တဲ့သူရှေ့ကျတော့ ပြောပြနိုင်တယ်။
ချစ်တဲ့သူရှေ့မှာ..ရှိုးတိုးရှ
ဒါပေမယ့်...ကြိုက်တဲ့သူရှေ့ကျေ
ချစ်တဲ့သူမျက်လုံးကို တည့်တည့်စိုက်မကြည့်နိုင်ဘူး..
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံး
ချစ်တဲ့သူငိုတဲ့အခါ သူနဲ့ အတူလိုက်ငိုတယ်...
ဒါပေမယ့်...ကြိုက်တဲ့သူငိုတဲ့
ချစ်တဲ့ခံစားမှုဟာ မျက်လုံး အမြင် ကစတယ်...
ဒါပေမယ့်...ကြိုက်တဲ့ခံစားမှုကျေ
ဒါကြောင့်...ကြိုက်တဲ့သူကို ဆက်မကြိုက်ချင်တော့ရင် သင့်နားတွေကို ပိတ်ထားလိုက်ပါ။
ဒါပေမယ့်...သင့်မျက်လုံးကို ပိတ်ဖို့ ကြိုးစားခဲ့ရင် အချစ်က မျက်ရည်စက်အဖြစ်ပြောင်းသွားပြီး
နှလုံးသားထဲ ထာဝရတည်နေတော့မှာ..............
တစ်ရက် ၅၀၀စား
တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့......
ဝက်ဝံကသေသွားတော့ အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ ၀က်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတေ့
သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတေ့
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်ြး
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာေ
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွား
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "
မှတ်ကရောဟ..
ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။
`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့
အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီးကြော်စား
အရူး
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကေ
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။
ဆရာဝန်က......
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာ
"ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိ
"ဟေ..."
သိပြီလား
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။
"37............37............
"ဘာလို့  37 လို့ အော်နေရတာလဲ"
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
"37............37............
"ဘာလိုအဲဒီလိုအော်နေကြတာလဲ"
လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
"ငါကိုပြောကြစမ်းပါအုံး....ဘာလိ
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။
အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
"38.............38............
သိသားနဲ့ ...
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ)
မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရြ
ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။
နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ.....
ခေါ်လိုက်စမ်းပါ...
တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"
"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။
"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"
"အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"
(ရယ်ရင်စိတ်ဆိုးမှာ နော်....အဟီး :P)
Sunday, March 1, 2009
စကိတ်အဟောင်းလေး
သေဆုံးသွားလေရာ ကောင်းကင်ဘုံ၌ ဘုရားသခင် ရဲ့ စစ်ဆေးမှု့ ကိုဖြေကြားနေရပါတယ်........
ဘုရားသခင် ။ ။ မင်းတို့ လူ့ ဘ၀တုံးက အိမ်ထောင်ရေး ဘယ်နှစ်ကြိမ် ဖောက်ပြန်ခဲ့သလဲ..?
ပထမလူ ။ ။ တခါ မှ မကျူးလွန်ခဲ့ပါဘူး....အဖ ဘုရားသခင်။
ဒုတိယလူ ။ ။ ၃ ကြိမ် ကျူးလွန်ဘူးပါတယ် ...ခင်ဗျား။
တတိယလူ ။ ။ ၅ ကြိမ် ပါ....။
ဘုရားသခင် ။ ။အင်း...ဒါဆို အမိန့်ချမယ်..
- တခါမှ မကျူးလွန်ဘူးတဲ့ သူက ကောင်းကင်ဘုံမှာ စီးဖို့ မာစီဒီး တခါး ၆
ပေါက်ပါ ကားတစီး ပိုင်ဆိုင်စေ......
- ၃ကြိမ် ကျူးလွန်ထားသူကတော့... Mark II ၁စိးပိုင်စေ....
- ၅ကြိမ်သမားကတော့ ဆလွန်း တပတ်နွမ်း ပိုင်စေ....လို့အမိန့်ချမှတ်
လိုက်သတဲ့။သူငယ်ချင်း ၃ယောက် လဲ ပျော်ရွှင်စွာနဲ့ပဲ ပထမလူကိုချီးမွှန်းစကားပြောပြီ
ကိုယ်ရထားတဲ့ ကားအသီးသီးကို ယူပြီ နှုတ်ဆက်ထွက်ခွာသွားလေရဲ့။
တနေ့တော့ သူငယ်ချင်း ၃ ယောက် ကောင်းကင်ဘုံက မီးပွိုင့် မှာပြန်ဆုံ
ကြတော့....ပထမလူကို...သူငယ်ချင်
ကွာလို့ ၀ိုင်းပြောနေကြတယ်...ပထမလူက ..သူငယ်ချင်းတို့ရာ မင်းတို့ကမသိလို့ ငါ့
ကိုပြောနေတာပါ....မနေ့က ငါ့မိန်းမကို ကောင်းကင်ဘုံမှာတွေ့လိုက်တယ်ကွ.
"စကိတ်အဟောင်းလေးကို စီးလို့ကွာ"တဲ့....
Friday, February 27, 2009
အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံေ
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီး
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ "
မေးမှသိတယ်
" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "
" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ "
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "
" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "
" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "
" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "
" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူ
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ "
" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား "

