Pages

Showing posts with label ဘာလို့ပါလိမ့်. Show all posts
Showing posts with label ဘာလို့ပါလိမ့်. Show all posts

Thursday, February 19, 2009

ဘာလို့ပါလိမ့်

တစ်ယောက်ယောက်ကိုချစ်ဖို့ကြိုက်ဖို့ရွေးချယ်လို့ရလား။

ကောင်လေးတစ်ယောက်ရှိတယ်သူ့ကိုမချစ်တဲ့ကောင်မလေးတစ်ယောက်အတွက် သူပေးဆပ်လိုက်ရတယ်……..

ဒီလိုကောင်လေးမျိုးမရှိတော့ဘူးထင်တယ် … ရှိရင် သူကို သင့်အနားကမထွက်သွားစေနဲ့……

ကောင်မလေးရဲ့အတိတ်ထဲမှာ ဒီလိုလူတစ်ယောက်ရှိခဲ့ဖူးတယ်….

"ငါအရှေ့မှာရပ်နေတဲ့ကောင်မလေးကို ငါကြိုက်တယ်" ကောင်လေးက ကောင်မလေးကို ထိုးပြပြီးအကျက်ကြီးအော်လိုက်တယ်.

"ရူးနေလား" ကောင်မလေး စိတ်ဆိုးစွာပြန်ပြောတယ်… ကောင်လေးနောက်နေတယ်လို့ပဲ သူထင်ခဲ့တယ်.

တစ်ရက် ကောင်မလေးစာတစ်စောင် ရတယ် …………

"ငါနင့်ကိုတကယ်သဘောကျနေတာပါ… နင့်အတွက်ဘာမဆို လုပ်ပေးနိုင်တယ်.. နင်နှစ်သက်မယ်ဆိုရင် ငါလုပ်ပေးမယ်"

စာတိုတိုလေးပါ နံမည်မရေးထားပေမဲ့ ကောင်လေးရေးတယ်ဆိုတာကို သူသိတယ်….

"လမ်းမအလယ်မှာ နင်သွားရပ်နိုင်လား"ဆိုပြီးကောင်မလေး စာပြန်ရေးလိုက်တယ်…

ကောင်မလေးနဲ့ ကောင်လေးတွေ့ချိန်မှာ ကောင်လေးက ရပ်နိုင်ပါတယ် ဆိုပြီး ထွက်သွားတယ်

အဲဒီအချိန်မှာ ဟွန်းသံတွေပဲကြားရတယ်… တိုက်မိသံအကျက်ကြီးကြားတော့ ကောင်မလေးလှည့်ကြည့်တယ် ကောင်လေးသွေးအိုင်ထဲမှာလဲကျနေတယ်….

"ငါနင့်အတွက်ဘာမဆိုလုပ်ပေးနိုင်တယ်"

မိဘတွေက နင့်သမီးကြောင့်ငါ့သားဒီလိုဖြစ်ရတာ ဆိုပြီး ရန်တွေ့နေကြတယ်….

နင့်သမီးသွားခိုင်းလို့ သူ့သားသွားရတာပါ သူငယ်ချင်းအားလုံးလည်းသိတယ်လို့ပြောတော့

ကောင်မလေးအမေက "ဟုတ်လား" "ဟုတ်"

ကောင်လေးအမေ "ကြည့် သူ basketball မကစားနိုင်တော့ဘူး… ဒါဘယ်လိုလုပ်မလဲ "

ကောင်မလေးမိဘ ဘာမှမပြောနိုင်တော့ဘူး………

"နင်တို့သမီး ငါသားကိုအဖေါ်လုပ်ပေးရမယ် …ဒါနင်တို့ပေးဆပ်ရမယ်"

"ငါ့သမီးမှ နင့်သားကိုမချစ်တာ နင်တို့ ဒီလို တစ်ကိုယ်ကောင်းမဆန်နဲ့"

"ကောင်းပါပြီ ကျွန်မ နေပေးပါ့မယ်" ဆိုပြီးကောင်မလေးပြန်ပြောတယ်။

----------နှစ်နှစ်ကြာပြီးနောက်-----------

တစ်ရက်ပန်းခြံမှာ ကောင်လေးနဲ့ ကောင်မလေး ထိုင်နေစဉ်

"နင်ဘာလို့ငါ့ကိုကြိုက်တာလဲ"

"တစ်ယောက်ယောက်ကို ချစ်ဖို့ကြိုက်ဖို့ ရွေးချယ်လို့ရလား… ချစ်မိရင်ချစ်မိတာပဲလေ…."

"ငါ ကြိုက်တဲ့သူတွေ့ရင် နင်ငါကို လွှတ်ပေးမှာလား"

"ငါနင့်ကိုဘယ်တော့မှ ဖမ်းမချုပ်ခဲ့ပါဘူး နင်ကိုယ့်ကို နင်မလွှတ်ပေးတာပါ"

တိတ်ဆိတ်သွားတယ်…..ကောင်လေးပြောတာမှန်တယ်… သူ့အနားမှာ ကောင်မလေးနေမယ်လို့ပြောတာကို ကောင်လေးငြင်းခဲ့တယ်.. ကောင်မလေးလက်မခံခဲ့တာ… ကောင်မလေးက သူအပြစ်ကို သူသိလို့ပါ… ကောင်လေးရဲ့ အိပ်မက်တွေကို ကောင်မလေးနင်းချေခဲ့တယ် basketball မကစားနိုင်တော့ဘူး….

ဒီလိုနဲ့ ကောင်မလေးသူချစ်တဲ့သူတစ်ယောက်နဲ့ တွေ့တယ်… ကောင်လေးလောက်သူ့ကိုမချစ်ဘူး…

"နင်ဘာလို့ ငါပြောတဲ့အတိုင်းလုပ်ရတာလဲ ဘာလို့ဒီလောက် အ လဲ" ကောင်လေးကိုသူပြောတယ်…

"ငါ……..နင်ကိုချစ်လို့"

"နင့်အချစ်ကိုငါမလိုချင်ဘူး..နင့်အချစ်ကသိပ်ပြင်းထန်တယ်..ငါကြောက်တယ်….ခံနိုင်ရည်မရှိဘူး နင်သိရဲ့လား " ကောင်မလေးငိုသွားတယ်

"ငါ…………."ကောင်လေးဘာမှပြန်မပြောနိုင်ခဲ့ဘူး…

"ဘာလို့ငါဖြစ်နေရတာလဲ ဘာလို့လဲ .. " ဆိုပြီး ကောင်မလေးထွက်ပြေးသွားတယ်…

ကောင်မလေးက သူပြုခဲ့တဲ့အကြောင်းတွေကြောင့် ကောင်လေးနားမှာ သူနေနေရတယ်…သူချစ်တာက ကောင်လေးကိုမဟုတ်ဘူး…. သူမချစ်တဲ့သူနဲ့ သူနေနေရတာကို သူစိတ်ဆင်းရဲနေတယ်……… သူမ မျက်ရည်များကိုသုတ်ရင်း အဝေးကိုပြေးသွားတယ်…

ကုန်ကားတစ်စီးလာနေတယ်……….

"သတိထား" ….လူတစ်ယောက်ကောင်မလေးကိုတွန်းလိုက်တယ်…

တိုက်မိသွားတယ်….လွန်ခဲ့တဲ့နှစ်နှစ်ကလိုမျိုးကောင်လေး သွေးအိုင်ထဲမှာ လဲနေပြန်တယ်….

"ငါနင့်အတွက်ဆို ဘယ်အရာမဆိုပါ…" ကောင်လေးသွေးတွေအန်တယ်…

ကောင်မလေးနောက်တစ်ကြိမ်မခံစားနိုင်တော့ဘူး….

ကောင်လေးကိုကယ်လို့လဲမရတော့ဘူး…………

ကောင်လေးကို သူကြည့်ပါရစေလို့ ကောင်လေးအဖေထံ သူခွင့်တောင်းတယ် …

ကောင်လေးကိုတွေ့တော့ ကောင်မလေးငိုတယ်…

"မငိုနဲ့ " "နင်သိပ်အတာပဲ" "ဟုတ်မှာပါ… ဒါနင့်အတွက်" သွေးတွေစွန်းနေတဲ့စာတစ်စောင်ကို……..

ပေးပြီး "တကယ်ပါ နင့်အတွက်ဆိုရင်………………." ကောင်လေးထွက်သွားတယ်။

စာထဲတွင်=======

"နင်ကိုချစ်ရတာ ငါခံစားရပေမယ့် ငါ့ကိုနင်ပြန်မချစ်နိုင်ဘူးဆိုတာလည်းသိပေမဲ့ နင့်ကိုအရမ်းချစ်တယ်…

ငါရဲ့လုပ်ရပ်တွေကြောင့် နင်မပျံသန်းနိုင်တော့ဘူးဆိုတာသိရင် ငါမလုပ်ပါဘူး… နင့်မှာကြိုက်တဲ့သူရှိပြီ ငါနင့်ကိုလွှတ်ပါတယ်… ပေးဆပ်နေရတယ်ဆိုပြီး ငါ့အနားမှာမနေတော့နဲ့… နင်ပျော်ရွှင်တာကိုပဲ မြင်ချင်တယ်…. ဘာလို့လဲ ဆိုတာလဲ မမေးနဲ့ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ရွေးချယ်လို့ရတာမဟုတ်ဘူး …………. နင့်ဘေးနားမှာငါရှိနေမှာပါ…….နင့်အတွက်ဆိုအမြဲပါ………………"

ဒီလိုနဲ့ ကောင်မလေးစာကိုခေါက်သိမ်းလိုက်တယ်….

ကောင်မလေးရဲ့အသက်ဟာ ကောင်လေးပေးခဲ့တာပါ….

ကောင်မလေးရဲ့အချစ်ကိုတော့ ကောင်လေးမရပါဘူး…….

အချစ်ကို ရွေးပြီးချစ်လို့ရတဲ့အရာလား ချစ်ပြီ ဆိုမှတော့ ချစ်ပြီပေါ့

ပြန်မချစ်နိုင်ဘူးဆိုမှတော့ ဘယ်လိုမှပြန်မချစ်နိုင်လို့ပေါ့

အတင်းအကြပ်လုပ်ယူလို့မှမရတာ

ကောင်လေးလဲ မရွေးချယ်နိုင်သလို ကောင်မလေးလဲ မရွေးချယ်နိုင်သလို ဘယ်သူမှလဲ မရွေးချယ်နိုင်ပါဘူး။

ღnovemberpearlღ