Pages

Sunday, March 1, 2009

ယခုအပတ် သတင်းအစီအစဉ် (၁၂၊ ၁၁၊ ၂၀၀၈)


(၁) လွန်ခဲ့သောရက်ပိုင်းအတွင်း စက်မှု(၁)၀န်ကြီးဌာနမှ ဆိုလာအင်နာဂျီသုံး မီးသီး၊ မီးချောင်းနှင့် ဓာတ်မီးများ စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သည် ။ အဆိုပါ ထုတ်ကုန်များသည် ဆိုလာအင်နာဂျီကို ကြာရှည် သိုလှောင်ထားနိုင်စွမ်း မရှိသော်လည်း နေရောင်ခြည် တိုက်ရိုက်ကျရောက်နိုင်သောနေရာများတွင် ဘက်ထရီမလိုပဲ အလင်းရောင်ထုတ်လုပ်နိုင်သည်ဟု သိရသည်။

(၂) ရူးပေါဂိုဏ်းမှ ငှက္ကထသည် စက်မှု(၂)မှ အသစ်တီထွင်ထုတ်လုပ်သော MWE2345အမျိုးအစား ပိတ်ဖောက်ဇာဖြင့်ပြုလုပ်သည့် ကျည်ကာအက်ျီအား စမ်းသပ်ရန်အလို့ငှာ ကိုယ်တိုင်ဝတ်ဆင်၍ ခြောက်လုံးပြူးဖြင့် ပစ်ခတ်ကြည့်ရာမှ သေလုမျောပါး ဒဏ်ရာရရှိခဲ့သည်။

(၃) ကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်အရ ရေနံဆီ တကိုယ်လုံး သုတ်လိမ်းထားခြင်းဖြင့် ခြင်ကိုက်ခံရမှုကိုကာကွယ်နိုင်ဟု သိရှိရသည်။ ထို့အပြင် ကလေးသူငယ်များ ဗိုက်မ၀မည်ဆိုးသောကြောင့် ယင်နားစာများ မ၀ယ်စားရန်လည်းသတိပေးခဲ့သည်။

(၄) ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးဌာနမှ ၀ယ်ယူခဲ့သော MZA 123454321 အမျိုးအစား နောက်ဆုံးပေါ် တိုက်လေယဉ်သည် လောက်စာလုံးမှန်ပြီး လယ်ကွင်းထဲသို့ပျက်ကျခဲ့ရာ လယ်ကွင်းနှင့် မိုင် ၉၀ အကွာတွင် နွားကျောင်းနေသူအား တရားခံဟု ယူဆကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

(၅) ထောက်လှမ်းရေးချုပ်ကြီးသည် လွန်ခဲ့သော ၄လက ကျင်းပသော လေးလပတ်
အစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်သို့ ယနေ့နံနက်ခင်း ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ အိမ်အတွက်လိုအပ်သည်များကို မှာကြားပြီး နေ့လည် ၁၂နာရီတွင် ရဟတ်ယဉ်ဖြင့် ဂေလမ်းသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။

(၆) မွေးမြူရေးဝန်ကြီး၏စီမံချက်အရ မွေးမြူထားသော ငါးသားပေါက်များအနက် ၉၀% နှုန်းမှာ ရေနစ်သေဆုံးလျှက်ရှိသည်။ ထိုငါးသားပေါက်များ အလဟသမဖြစ်စေရန် မွေးမြူရေးဝန်ကြီးမှ မုန့်ဟင်းခါးချက်စားခဲ့သည်ဟု သိရှိရသည်။

(၇) လွန်ခဲ့သော ကြာသာပတေးနေ့တွင်ကျရောက်သော ရူးပေါဂိုဏ်းသဘာငတိကြီး၏ ဇနီးထံသို့ အမေရိကန်သမ္မတလောင်း အိုဘားမား က အောက်ပါ မွေးနေ့ဆုတောင်းလွှာကိုပေးအပ်ခဲ့၏ ။

စကိတ်အဟောင်းလေး

တခါက သူငယ်ချင်း ၃ ယောက် ပါတီ ပွဲ မှအပြန် ကားမှောက်ပြီး
သေဆုံးသွားလေရာ ကောင်းကင်ဘုံ၌ ဘုရားသခင် ရဲ့ စစ်ဆေးမှု့ ကိုဖြေကြားနေရပါတယ်........

ဘုရားသခင် ။ ။ မင်းတို့ လူ့ ဘ၀တုံးက အိမ်ထောင်ရေး ဘယ်နှစ်ကြိမ် ဖောက်ပြန်ခဲ့သလဲ..?
ပထမလူ ။ ။ တခါ မှ မကျူးလွန်ခဲ့ပါဘူး....အဖ ဘုရားသခင်။
ဒုတိယလူ ။ ။ ၃ ကြိမ် ကျူးလွန်ဘူးပါတယ် ...ခင်ဗျား။
တတိယလူ ။ ။ ၅ ကြိမ် ပါ....။
ဘုရားသခင် ။ ။အင်း...ဒါဆို အမိန့်ချမယ်..
- တခါမှ မကျူးလွန်ဘူးတဲ့ သူက ကောင်းကင်ဘုံမှာ စီးဖို့ မာစီဒီး တခါး ၆



ပေါက်ပါ ကားတစီး ပိုင်ဆိုင်စေ......
- ၃ကြိမ် ကျူးလွန်ထားသူကတော့... Mark II ၁စိးပိုင်စေ....
- ၅ကြိမ်သမားကတော့ ဆလွန်း တပတ်နွမ်း ပိုင်စေ....လို့အမိန့်ချမှတ်
လိုက်သတဲ့။သူငယ်ချင်း ၃ယောက် လဲ ပျော်ရွှင်စွာနဲ့ပဲ ပထမလူကိုချီးမွှန်းစကားပြောပြီ
ကိုယ်ရထားတဲ့ ကားအသီးသီးကို ယူပြီ နှုတ်ဆက်ထွက်ခွာသွားလေရဲ့။
တနေ့တော့ သူငယ်ချင်း ၃ ယောက် ကောင်းကင်ဘုံက မီးပွိုင့် မှာပြန်ဆုံ
ကြတော့....ပထမလူကို...သူငယ်ချင်
း ၂ ယောက်က...မင်းကတော့်...ကောင်းကင်ဘုံမှာ အကောင်းဆုံး ကားကြီးကို စီးနေရတော့ ကံကောင်းလိုက်တာ
ကွာလို့ ၀ိုင်းပြောနေကြတယ်...ပထမလူက ..သူငယ်ချင်းတို့ရာ မင်းတို့ကမသိလို့ ငါ့
ကိုပြောနေတာပါ....မနေ့က ငါ့မိန်းမကို ကောင်းကင်ဘုံမှာတွေ့လိုက်တယ်ကွ....

"စကိတ်အဟောင်းလေးကို စီးလို့ကွာ"တဲ့....