Pages

Tuesday, June 2, 2009

ဒလမြို့နယ်၇ှိ ဓနုစေတီတော်ကြီး ရုတ်တရက် မြေပြိုကျ လူ (၅၀) ကျော် ဒဏ်ရာရ ၊ မြေပိသေဆုံးသူ ရှာနေဆဲ ဖြစ်………….

ယခုလ (၇) ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်
ထီးတော်တင်ခဲ့သည့် ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ
ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဓနုတ်စေတီတော်ကြီး ယမန်နေ့က ပြိုကျသွား သဖြင့်
လူပေါင်း (၅၀) ကျော် ဒဏ်ရာပြင်းထန်စွာရရှိပြီး
မြေပိနေသူများစွာရှိနေသေးကြောင်
း မျက်မြင်သက်သေ များက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီ (၁၅) မိနစ်ခန့်တွင် အဆိုပါစေတီတော်ကြီးသည်
လေမတိုက်၊ မိုးမရွာ၊ ငလျင်မလှုပ်ဘဲ ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။

စေတီတော်ကြီအနီး ဓနုတ်ကျေးရွာနေ အဖွားအိုတဦးက “ ဖြစ်ပုံက မနေ့က မွန်းလွဲပိုင်း
(၂) နာရီလောက်မှာ လေလည်းမတိုက်ပါဘဲနဲ့ ထီးတော်က အရင်ကျိုးကျသွားတယ်။
အဲဒီအချိန်မှာ စေတီကြီးအပြီးသတ် မွမ်းမံရေးအတွက် ငြမ်းတွေပေါ်မှာ
အလုပ်လုပ်နေကြသူတွေက ကျိုးကျသွားတဲ့ ထီးတော်ကို ပြန်ပြီးတည့်မတ်ဖို့၊
တခုခုလုပ်ဖို့ ကြိုးစားကြတယ်။ မကြာပါဘူး၊ (၁၀) မိနစ်လောက်ပဲ ရှိတယ်၊
ဝေါကနဲဆိုတဲ့အသံကြီးနဲ့ ဘုရားကိုယ်ထည်ကြီးတခုလုံး ပြိုကျသွားပြီး
ပတ်ဝန်းကျင်တခုလုံး ဖုံမှုန့်တွေနဲ့ မှောင်ကျသွားတယ်။ အဖွားအတွက်ကတော့
ကံကောင်းတယ်၊ အလုပ်သွားတဲ့ သားနှစ်ယောက်စလုံး တယောက်ကတော့ ခေါင်းကွဲတယ်၊
တယောက်ကတော့ ပုခုံးမှာပွန်းပဲ့ပြီး ခါးနာသွားတယ်” ဟုပြောသည်။

ဓနုတ်ကျေးရွာမှ စေတီတော်ဂေါပကအဖွဲ့ဝင်ဟောင်းတဦးကမူ ထီးတော်တင်သည်မှာ (၂၃)
ရက်သာရှိသေးပြီး စေတီတော်ကြီး ပြိုကျပုံမှာ ဆန်းကြောင်း၊ တည်ဆောက်မှု
မကောင်းပါကလည်း တခြမ်းပြိုခြင်း၊ပဲ့ကျခြင်းလောက်သာ ဖြစ်သင့်ကြောင်း၊
ယခုဖြစ်ရပ်သည် အလယ် ပစ္စယံက ပြိုကျခြင်းဖြစ်သည်ဟု ပြောသည်။

စေတီတော်ကြီးပြိုကျပုံကို မြင်တွေ့လိုက်သူတဦး “ပြိုကျတာက နှစ်ဆင့် ပြိုကျတာဗျ၊
ပထမ တုန်းက အပေါ်ကနေ အသံကြီးတခု မြည်တယ်၊ စိတ်ထဲကနေအလိုလို ပြိုကျမယ့်အသံ
မျိုးလို့သူတို့သိကြတယ်ထင်တယ်၊ ဘုရားပေါ်က ဆင်ထားတဲ့ငြမ်းပေါ်မှာ အလုပ်
လုပ်နေသူတွေ ပြေးတာလွှားတာ မြင်နေရတယ် ၊ ဒါပေမယ့် သူတို့ ခမျာမလွတ် လိုက်ဘူး၊
မကြာခင်ပဲ နောက်တဆင့်ပြိုကျတာ၊ အလယ်ပစ္စယံထိပဲ” ဟု ရှင်းပြသည်။

အဆိုပါပြိုကျမှုဖြစ်ရပ်မတိုင်မီ စေတီတော်ကြီးကို အချောကိုင်နေကြသော
အလုပ်သမားများနှင့် စနေ၊ တနင်္ဂနွေနေ့ တိုင်း လုပ်အားပေးသူများအပါအ၀င်
ဘုရားကြီးတွင် အလုပ်လုပ်နေသူပေါင်း (၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဒလအခြေစိုက်
အမှတ် (၃၆) ရေယာဉ်အုပ်စု တပ်မတော်ရေမှ တပ်သားအများအပြား ပါဝင်ပြီး ဒဏ်ရာရသူများ
မှာလည်း အဆိုပါ ရေတပ်သားများပါဝင်သည်ဟု မျက်မြင်များက ပြောသည်။

“စေတီက ရွှေကပ်ဖို့ အချောကိုင်နေတုန်း ကာလဆိုတော့ ဆင်ထားတဲ့ငြမ်းတွေပေါ်မှာ
လူတွေက အများကြီး ၊ ဒီတော့ ခုန်ချပြီး ထွက်ပြေးဖို့ကလည်း မလွယ်ဘူးလေ၊ အခု
ပြိုကျတဲ့အောက်မှာ ပိနေတာတွေ အနည်းဆုံး အယောက် (၅၀) ရှိနိုင်တယ်၊ အခု
ဒဏ်ရာရလို့  အတွင်းလူနာအဖြစ် သယ်သွားတာတွေက လူပေါင်း (၅၀) ကျော်တယ်လေ” ဟု
မျက်မြင်တဦးကပြောသည်။

“အခုထိ သေတဲ့သူ (၅ ) ယောက်ရှိပါပြီ၊ အလောင်းတွေကို သယ်သွားပါပြီ၊
ပိနေတာတွေရှိနေပါတယ်၊ ဖော်ဖို့ လုပ်နေကြပါတယ်” ဟု ကယ်ဆယ်ရေး ကြက်ခြေနီတပ်
သားတဦးက ပြောသည်။

မျက်မြင်များ၏ ပြောပြချက်အရ ယမန်နေ့ ညနေပိုင်းတွင် လူအင်အားဖြင့် မြင်သမျှ
ဒဏ်ရာရသူများကို ဆွဲထုတ်ကာ ဒလဆေးရုံသို့ပို့ပြီး အခြေအနေဆိုးသူများကို
ရန်ကုန်ဘက်ကမ်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆေးဝန်ထမ်းတဦးက ယမန်နေ့ည (၉) နာရီခန့်တွင်
ဒဏ်ရာရသူ (၅၀) နီးပါး ဆေးရုံရောက်လာပြီ ဖြစ်ကြောင်းပြောသည်။

ဘုရားပြိုကျသည်မှာ တောင်ပြိုသည်နှင့် အလားတူဖြစ်နေပြီး
မြေအောက်တွင်ပိနေသူများကို ပြန်ဖော်ရန် ယမန်နေ့ညက စက်ကိရိယာများ မရှိသဖြင့်
လူအားဖြင့်သာ တဖြေးဖြေး ရှာဖွေရကြောင်း၊ အပျက်အစီးပုံကြီး ကြီးလွန်းသဖြင့်
အတွင်းတွင် ပိတ်မိနေသူ အတော်များမည်ဟု ခန့်မှန်းရကြောင်း ရှာဖွေရာတွင်
ပါဝင်သူတဦးက ပြောသည်။

ယနေ့ မေ (၃၁) ရက် မနက်တွင်ဝန်ချီကရိန်းကား (၃) စီးရောက်လာပြီး
အပျက်အစီးပုံပေါ်မှ အဖိုးတန်ပစ္စည်းများကို တဖြေးဖြေး
သယ်ယူပြောင်းရွှေ့မှုလုပ်နေကြောင်း၊ အပျက်အစီးပုံအောက်တွင် ပိတ်မိနေသူများ
ရှိနေသေးပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်တော့ကြောင်း ၎င်းကပြောသည်။

လောလောဆယ် သေဆုံးသူဦးရေ အတိအကျမသိရသေးသော်လည်း ဒဏ်ရာရသူ (၇၀) ကျော်အနက် (၅၀)
နီးပါး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။

၂၀၀၆ ခု၊ ဇွန် (၂၇) ရက်၊ နံနက် (၃) နာရီ (၁၅) မိနစ် ခန့်တွင် အဆိုပါ
သမိုင်းဝင် ဓနုတ်စေတီတော်ကြီးမှာ တနင်္လာထောင့်မှစ၍ ထီးတော်၊
ငှက်ပျောဖူးတော်တို့နှင့်အတူ ထက်ခြမ်းကွဲ မြေခခဲ့သည်ကို နအဖ အစိုးရက
ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဦးဆောင်စေပြီး ပြန်လည်တည်ထားရန် စီစဉ်ခဲ့သည်။

ဘုရားကြီးပြုပြင်ပြီးနောက် ယခုနှစ် မေလ (၇) ရက်တွင်
ဒေါ်ကြိုင်ကြိုင်နှင့်သမီးများ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၏ဇနီး
ဒေါ်ခင်ခင်ဝင်းတို့ကကြီးမှူးပြီး အထက်ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊
ငှက်မြတ်နားတော်တင်ပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယခု ပြန်လည် တည်ထားသောစေတီတော် ဉာဏ်တော် အမြင့်မှာ (၁၈၆) ပေ ၊ ငှက်ပျောဖူး
(၂၃) ပေ ၊ထီးတော် (၉) ပေ (၉) လက္မ ၊ ထီးတော်မြင့် (၃၂) ပေ၊ လုံးပတ်တော် (၁၇၄) ပေ
(၈) လက္မ ၊ ဖိနပ်တော် (၄၉၀) ပေ (၄) လက္မ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ
ကျပ်သိန်းပေါင်း(၁၃၀၀၀) ကျော် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဧ။် မှတ်တမ်းများအရ
သိရသည်။

Monday, May 11, 2009

??????????????????????????????

တစ်ညလုံးဆို ဘယ်လောက်လဲ

မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့်ဆရာဝန်က “ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ”ဟု မေးသည်။ ထိုအခါ လူနာ မိန်းမက“ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိယောင်ချာချာဖြစ်နေသည်။ နောက်တော့“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ်ထင်တယ် ဆရာ ” ဟု မဝင့်တဝင့် ပြောသည်။ ထိုအခါ ဆရာဝန်က...“ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့ အကြံပေးချက်တွေနဲ့ ကျွန်တော့ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80 ကျပါမယ် ” ဟု ပြောသည်။ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........“ ရပါတယ် ဆရာ၊ ငွေကအရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက် ယူပါသလဲရှင်”...။........ ........ တစ်ညလုံးကြီးများတောင်

လက်ထပ်ပြီးစီးခြင်း

ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ်(တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။( နှစ်ဖက်သော မိဘများနှင့်မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ကြွယ်)........

......အခ်စ္ညဝတ္အက်ီၤ

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီးအဘွားအိုက အလန့်တကြား မေးတယ်။ > > " ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကိုစောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" > "ဒါကို ည၀တ်အိပ်အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"> "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > >ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီးဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ"လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီကမီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်"လို့ ပြန်ပြောလိုက်သတဲ့။...... ....( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )လင်ကွန်းမိန်းမ နာမည်ကအတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်းမေးနေသည်။ ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင်စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ".......

..... လွယ်လွယ်လေး နှော....

သူ့ထက်သူလူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာအိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါမိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့်သူ၏သားဖြစ်သူအားခေါ်၍.....မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီးဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်းသားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ်ဘယ်လောက်လဲ မေးလိုက်ပေါ့။မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား...........ဖုန်းနံပါတ်မသိပါဘူးဆိုမှ ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲဆရာဝန် ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီးပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်.........
.
.....ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်းဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်ရည်ရွယ်ချက်ဖြင့်.......“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကိုပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကိုကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကိုကျသွားတယ်တဲ့ကွာ..... ”အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီအတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”.......
.
......ဖြစ်ချင်တာက......... .

...ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှမဆွဲတာလည်း ကွယ် ”“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”...............

အရင်းခံ အတိုင်းပါရှင်တရားသူကြီး

“ မင်း ယောင်္ကျားကို ထီးနဲ့ ရိုက်လိုက်တာထီးကျိုးသွားတယ်လို့ ဆိုတယ်..။ ကဲ..အဲဒါ မင်းဘာပြောချင်သလဲ ....။တရားခံ အမျိုးသမီး ။ ။ “ မတော်တဆ ဖြစ်သွားတာပါ တရားသူကြီးရှင့် ”တရားသူကြီး ။ ။ “ ဒါ ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ ”တရားခံ အမျိုးသမီး ။ ။ “ ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး ”...... .......ယူမိသည့် တာဝန်..“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျားငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟုအသိတစ်ယောက်က မေးသည်..။ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော်ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့်တာဝန်များနော်............ ................... .................သွက်လက် ချက်ချာသူလေးအိမ်ရှင် ။ ။ “ ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ “အက်စတာ ” လို့ခေါ်မယ် မှတ်ထား ”အိမ်ဖော် ။ ။ “ ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင်ကျွန်မကရော မေမေကြီးကိုဘယ်လိုခေါ်ရမှာလဲ ”အိမ်ရှင် အမျိုးသမီးကြီး ။ ။ “ ဟယ်...ခွေးမ ”အိမ်ဖော် ။ ။ “ ကောင်းပါပြီ............မေမေကြီး ”.......... သိပ်တော်..ကြောက်တယ်နော်....း)

တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ဆေးရုံရောက်တော့ ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါဒုတိယကောင်လေးက “ မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်ကအပ်နဲ့ဖောက်လိမ့်မယ်” လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးကဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး ပြန်ဖြေပုံက “ငါ ကဆီးစစ်ဖို့လာတာကွ“ တဲ့။.............. ............

အဟိလှေခါးလာမလှုပ်နဲ့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကိုလေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာနံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကိုမြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့ကလေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီးဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင်အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ”ဟုဖြေလိုက်တယ်။ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမကပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေလှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။.......................... အဟိ