Pages

Friday, February 27, 2009

တစ်ပါတ်အတွင်းသတင်း အစီအစဉ်



(၁) မော်ဒယ်လ်မလေး ၀က်ဝံရွှေရည် ခေတ္တခဏပျောက်ဆုံးသွားမှုနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ချမ်းရဲက အများထင်သလို သူနှင့်ဟိုဒင်းဟိုဟာမဟုတ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။ ၀က်ဝံရွှေရည်သည် လူမမြင်သူမမြင်နေရာတွင် ရူးပေါဂိုဏ်းအတွင်းရေးမှူးတစ်၏ ကုမ္မဏီမှ ထုတ်လုပ်သော ဖိုးလပြည့်ရေခဲချောင်း သွားစားနေခြင်းသာဖြစ်သည်ဟု နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ထွက်ဆိုခဲ့သည်။

(၂) လျှောက်လုပ်ရေးဝန်ကြီး၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် လူသွားလမ်းများ ဖောက်လုပ်လျှက်ရှိသည်။

(၃) လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် "ငါ့ဓါး ငါသွေးပြီး ငါ့ဟာငါဖြတ်မည်" ဟူသောဇာတ်ကားမှ သရုပ်ဆောင်လူမင်း အကယ်ဒမီရရန် ရေပန်းစား (water flower eat)လျှက်ရှိသည်။ ထို့ပြင် "အဖေနှင့် ဇနီးများ" ဇာတ်ကားမှ သရုပ်ဆောင်များလည်း အကယ်ဒမီမျော်မှန်းထားသည်။

(၄) ဆက်သွယ်ရေးဝန်ကြီးမှ အသစ်ထုတ်ဝေလျှက်ရှိသော မိုဘိုင်းဖုန်းဖြင့်အသုံးပြုသည့်ု ဖုန်းကဒ်များ ဈေးကွက်အတွင်း အရောင်းအ၀ယ် မတွင်ကျယ်ဟု သိရ၏။ ပြည်သူများက ဈေးသက်သာပြီး ဖုန်းလိုင်းပိုမိသော နို့ဆီခွက်နှင့်အပ်ချည်ကြိုးများ အစားထိုးသုံးစွဲနေကြ၏။

(၅) ဂိုဏ်းအတွင်း တစ်ကြိမ်တစ်ခါမှ အလုပ်မလုပ်သော ပို့ဆောင်ရေးဝန်ကြီးသည် ၄င်းယောက္ခမ၏ အသုဘအခမ်းအနားသို့ ပထမဆုံးအကြိမ် အားတက်သရော ပို့ဆောင်ခဲ့သည်။

(၆) အသစ်ခန့်အပ်သော နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ညနေက ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ။ ခရီးစဉ်ရည်ရွယ်ချက်မှာ အဂ်လိပ်စကားသင်ရန်ဖြစ်ပြီး မူလတန်းအောင် စကားပြန်၂ယောက်လည်း လိုက်ပါသွားသည်ဟု သတင်းရရှိသည်။

(၇) လယ်ယာပြန်စားရေးဝန်ကြီး၏ တစ်နှစ်စာလျာထားချက်အတိုင်း ယာ၃ယာ ပြည့်မီစေရန် ဒေသခံတောင်သူဦးကြီးများက ပလယာ နှင့် ကွမ်းယာ တစ်ခုစီ ထည့်သွင်းဖော်ပြခဲ့ကြသည်။

ပုံ/

ပျံကျားရေးဝံကြီး ချမ်းရဲ

မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်

မိဘတွေရှိနေကြသေးရင်….

တစ်ရက်….မီးဖိုချောင်ဟာအရင်လိုမသန့်ရှင်းတော့ရင်….

တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော့ရင်….

တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….

တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….

တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….

တစ်ရက်….ဟင်းတွေငန်လာရင်….

တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….

တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….

တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….

တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….

တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….

သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..

တစ်ရက်….သူတို့အပြင်မထွက်တော့ရင်…

သူတို့တကယ်အိုလာပါပြီ။

သားသမီးတွေရဲ့ပြုစုမှုကိုလိုလားတဲ့အချိန်ပါ….

သူတို့ကိုအချိန်ပေးပါ…

စိတ်ရှည်ပါ…သည်းခံပါ…

သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်တော့ဘူး။

သူတို့ရဲ့အိပ်ယာတွေကို လဲပေးပါ…..သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်ပါဘူး….

မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ……

ရေချိုးပေးပါ….ကိုယ်တိုင်သန့်စင်အောင်သူတို့မလုပ်နိုင်တော့ပါဘူး…..

သူတို့တွေစားလို့ရနိုင်တဲ့ အစားတွေချက်ထားပေးဖို့လည်း မမေ့ပါနဲ့…..

ကောင်းကောင်းဝါးနိုင်တဲ့ သွားတွေမရှိတော့ပါဘူး….

မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရာအားလုံးကိုမမေ့ပစ်ပါနဲ့…..

လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာရာ အခြေခံကနေ သင်ပေးခဲ့တယ်….

သူတို့တကယ် ဘာမှအလုပ်မလုပ်နိုင်တော့ဘူးဆိုရင်…ကိုယ်ပြန်လုပ်ပေးရမဲ့အလှည့်ပါ….

အားလုံးမှတ်ထားကြပါ….မိဘတွေဟာကိုယ့်ရဲ့ပုံရိပ်ပါ…

အားလုံးလဲတနေ့အိုလာကြမှာပါ….

အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ခြင်တယ်ဆိုတာ စဉ်းစားထားလား။

အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား။

သင့်မိဘကကော သင့်ကိုဘယ်အချိန်ထိစောင့်နေနိုင်အုန်းမှာလဲ။

ღnovemberpearlღ

တွင် လည်းဖတ်နိုင်ပါသည်.............
.......